Singapore ကို လေ့လာခြင်း

Image Posted on Updated on

ယနေ့ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံသည် ထိပ်ဆုံးမှာ ရှိနေသည်ဆိုသည်မှာ မည်သူမှ မငြင်းဆိုနိုင်သော အမှန်တရား ဖြစ်သည်။ သေးငယ်သော၊ သဘာဝ အရင်းအမြစ် မရှိသော၊ သီးခြား ရပ်တည် နိုင်စွမ်း မရှိသော စင်္ကာပူ နိုင်ငံ ဘာကြောင့် တိုးတက်အောင်မြင်ရသလဲ… လေ့လာကြည့်ကြပါစို့။

၁) စင်္ကာပူ၏ မြစ်ဖျားခံရာ
စင်္ကာပူ နိုင်ငံလို့ ဖြစ်ပေါ်လာမဲ့ ဒီကျွန်းစုလေးတွေမှာ လူတွေစတင်နေထိုင်တယ်လို့ ယူဆရတာကတော့ ဒုတိယ ရာစုနှစ် အစမှာ ဖြစ်ပါတယ်။ စုမာထြားကျွန်းစုတွေ(ယခု အင်ဒိုနီးရှား)တို့ရဲ့ ဘုရင့် မင်းနေပြည်တော် အတွက် ဆိပ်ကမ်းမြို့ငယ်လေးအဖြစ် တည်ရှိခဲ့ပြီး ထိုစဉ်က တီမားဆက်(Temasak)၊ ပင်လယ်မြို့လို့ ခေါ်တွင်ခဲ့ကြပါတယ်။
၁၄ရာစု နှောင်းပိုင်းကာလမှာတော့ မာလကာနိုင်ငံ (Sultanate of Malacca) အင်အားကြီးမားလာပြီး အနီးပတ်ဝန်းကျင်မှာ ကျွန်းစုတော်တော်များကို နယ်ချဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အင်ပါယာရဲ့ မင်းနေပြည်တော်ကို မာလာကာမြို့လို့ အခြေံခံထားပြီး မြောက််ဖက်မှာတော့ အယုဒ္ဗယ မြို့တော် (ယခု ထိုင်းနိုင်ငံ) နဲ့ အနောက်တောင်မှာတော့ ဆုမာထြာအထိ နယ်မြေချဲ့ထွင်နိုင် ခဲ့ပါတယ်။ ၁၅၁၁ ခုနှစ်မှာတော့ ပေါ်တူဂီတွေဟာ အမွှေးအကြိုင် ကုန်သွယ်မှု လုပ်ငန်းတွေ ကို လက်ဝါးကြီး အုပ်နိုင်ဖို့ မာလကာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ပေါ်တူဂီတွေကို စစ်ရှုံးသွားခဲ့တဲ့ မာလကာ ဘုရင်ဟာ မာလကာ မြို့တော်ကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မာလကာ ဘုရင်ဟာ ဘင်တန်ကို ခြေကုပ်ယူကာ မြို့တော် အဖြစ်သတ်မှတ်ပြီး ပေါ်တူဂီတွေကို ပြန်တိုက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၅၂၆ မှာတော့ ပေါ်တူဂီတွေဟာ ဘင်တန်ကို သိမ်းပိုက်ပြီး မာလကာ ဘုရင်ကို အပြီးသတ် ချေမှုန်းလိုက်နိုင်ပါတယ်။ ၁၅၂၈ မှာတော့ မာလကာ ဘုရင်ရဲ့ သားတော် ၂ ပါးအနက် အငယ် မင်းသား Alauddin Riayat Shah II က ဂျိုဟောနဲ့ အနီးအနားမှာ ရှိတဲ့ ကျွန်းစုတွေ (စင်္ကာပူဖြစ်လာမည့် ကျွန်းစုများ အပါအဝင်) ကို အခြေစိုက်ပြီး ဂျိုဟော အင်ပါယာကို တည်ထောင်ခဲ့ပါတယ်။ ဂျိုဟောဟာ ပေါ်တူဂီတွေရဲ့ တိုက်ခိုက်မှု၊ စုမာထြားတွေရဲ့ တိုက်ခိုက်မှုကြားမှာပဲ တဖြေးဖြေး အင်အားကြီးမားလာခဲ့ပါတယ်။ ဂျိုဟော ဘုရင်ဟာ ပေါ်တူဂီတွေကို တိုက်ထုတ်နိုင်ဖို့ တချိန်လုံး ကြိုးစားနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ စုမာထြားမြောက်ပိုင်းမှာ ရှိတဲ့ Ache လူမျိုး (မူဆလင်) တွေက မာလကာ ရေလက်ကြားကို လွှမ်းမိုးလာကြပါတယ်။ မူဆလင် ကုန်သယ်တွေဟာ ပေါ်တူဂီ (ခရစ်ယန်)တွေ လွှမ်းမိုးတဲ့ မာလကာ အစား မူဆလင်မြို့ဖြစ်တဲ့ Ache ကို ဦးစားပေး ကုန်သွယ်လာကြပါတယ်။ ပေါ်တူဂီတွေ (မာလကာ) နဲ့ ဂျိုဟော ကြား အပြန်အလှန် စစ်ဖြစ်နေချိန်မှာ Ache ဟာ တဖြေးဖြေး တိုးတက်လာခဲ့ပါတယ်။ အဲဒီလို Ache ရဲ့ ခြိမ်းခြောက်မှုကို ခံလာရတဲ့ ပေါ်တူဂီတွေနဲ့ ဂျိုဟောဟာ ယာယီ စစ်ပြေငြိမ်းမှု စာချုပ်ချုပ်ဆိုပြီး Ache ကို ဖိနှိမ်ဖို့ ကြိုးစားခဲ့ကြပါတယ်။Ache တွေကို နှိမ်နင်းပြီးနောက် ပေါ်တူဂီတွေနဲ့ ဂျိုဟောဟာ စစ်ဖြစ်ကြပြန် ပါတယ်။
၁ရ ရာစု အစောပိုင်းကာလမှာတော့ ဒတ်ချ်လူမျိုးတွေက အရှေ့တောင် အာရှ ကုန်သွယ်မှုထဲကို စီးဝင်လာ ကြပါတယ်။ ပေါ်တူဂီတွေရဲ့ စီးပွားရေး လက်ဝါးကြီး အုပ်စိုးမှုကို မခံနိုင်တဲ့ ဒတ်ချ်လူမျိုးတွေဟာ ဂျိုဟောနဲ့ ပူးပေါင်းပြီး ပေါ်တူဂီတွေကို တိုက်ထုတ်ခဲ့ကြပါတယ်။ ၁၆၄၂ မှာ ဒတ်ချ်နဲ့ ဂျိုဟော တို့ဟာ ပေါ်တူဂီတို့ကို မာလကာ မြေပေါ်က မောင်းထုတ်နိုင်ခဲ့ပါတယ်။ ၁၆၀၆ မှာ ဒတ်ချ်နဲ့ ဂျိုဟောတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဒတ်ချ် လူမျိုးတွေက ဂျိုဟောကို စစ်မကြေငြာဖို့ သဘောတူညီချက်နဲ့ မာလကာ ဒေသကို အုပ်စိုးခဲ့ပါတယ်။ ဒတ်ချ်တွေဟာ မာလကာ ရေလက်ကြားအစား ဆန်ဒါ ရေလက်ကြား (straits of sunda) ကို စတင် အသုံးပြုခဲ့ပါတယ်။အဲဒီအချိန်မှာ စင်္ကာပူ ဖြစ်လာမဲ့ ကျွန်းစုလေးတွေဟာလဲ ငါးဖမ်းသမားတွေ နေထိုင်ရာ ကျေးရွာလေး အဖြစ်သာ တည်ရှိနေခဲ့ပါတယ်။ လူဦးရေ ၁၀၀၀ လောက်သာ ရှိမယ်လို့ ခန့်မှန်းနိုင်ပြီး အများစုက မလေးလူမျိုးတွေဖြစ်ပြီး တရုတ်လူမျိုး အနဲငယ်လဲ နေထိုင်ခဲ့ကြပါတယ်။
၁၇ ရာစု နှောင်းပိုင်းမှာတော့ ပြင်သစ်လူမျိုးတွေဟာ ဒတ်ချ် နိုင်ငံကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ် ဒတ်ချပ်တို့ရဲ့ ကိုလိုနီ နိုင်ငံဖြစ်တဲ့ မာလကာ (ဂျာဗား) ဒေသကိုလဲ ပြင်သစ်တို့ သိမ်းပိုက်ခဲ့ကြပါတယ်။ ဒတ်ချ်တွေက စစ်မဟာမိတ်ဖြစ်တဲ့ ဗြိတိသျှ (အင်္ဂလိပ်)တို့ကို သူတို့ရဲ့ ကိုလိုနီ နိုင်ငံငယ်တွေကို ကာကွယ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဗြိတိသျှ လူမျိုးတွေဟာ အရှေ့တောင်အာရှ နိုင်ငံမှာ ရှိတဲ့ ပြင်သစ်လူမျိုးတွေကို တိုက်ထုတ်ပြီးနောက် ကိုလိုနီနိုင်ငံတွေကို ဒတ်ချ်ကို ပြန်လွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှ အရာရှိငယ်နဲ့ ကုန်သည်ကြီးတွေဟာ ဒတ်ချ်တို့ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို မကျေ မနပ်ဖြစ်လာခဲ့ကြပါတယ်။
၂) ရွှေရောင်နေ့ရက်များ၏ အစ
၁၈၁၉ မှာ Thomas Stamford Raffles ဟာ အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာပြီးနောက် ဂျိုဟော ဘုရင်ပိုင် စင်္ကာပူ တောင်ပိုင်း ကျွန်းစုတွေကို ဗြိတိသျှရဲ့ ကုန်သွယ်မှု အခြေစိုက် စခန်း အဖြစ် အသုံးပြုဖို့ ဂျိုဟော ဘုရင်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ Raffles ရဲ့ အခွန်ကင်းလွတ်ခွင့် ပေါ်လစီကြောင့် ကုန်သည်ကြီးများဟာ စင်္ကာပူကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြ ပါတယ်။ ဒါကို မကျေနပ်တဲ့ ဒတ်ချ်လူမျိုးတွေက Raffles ရဲ့ အထက်လူကြီးများကို တင်ပြပြီး Raffles ကို စင်္ကာပူကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှကုန်သည်များက စင်္ကာပူကို ဆက်လက် ထိန်းသိမ်းထားဖို့ ပါလီမာန်မှာ အောင်မြင်စွာ အဆိုပြု တင်သွင်းနိုင်ခဲ့ပါတယ်။ ၁၈၂၄ ခုနှစ်မှာ ဗြိတိသျှနဲ့ ဒတ်ချ် (နယ်သာလန်) အကြား သဘောတူညီမှု ရယူပြီး မာလကာ၊ ပီနန်းနဲ့ စင်္ကာပူ ကျွန်းစု အားလုံးကို အရှေ့အိန္ဒိယ ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ပါတယ်။ ဒီဒေသတွေကို ဗြိတိသျှပိုင် နယ်မြေများ (Straits Settlements) အဖြစ် သတ်မှတ်ပြီး ပီနန်းကို မြို့တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ၁၈၃၂ မှာတော့ မြို့တော်ကို စင်္ကာပူအဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့ကြပါတယ်။ အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ကို မနှစ်သက်တဲ့ (Straits Settlements အတွင်း နေထိုင်သူ) ယူရိုပီယံ နိုင်ငံသား တွေဟာ ဗြိတိသျှ ပါလီမာန်မှာ တိုက်ရိုက် အုပ်ချုပ်မှုကို တောင်းဆိုခဲ့ကြပါတယ်။ ၁၈၆၇ မှာ ဗြိတိသျှပိုင် နယ်မြေများ (Straits Settlements) ဟာ ဗြိတိသျှရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီကာလမှာ အင်္ဂလိပ်လူမျိုးများဟာ မလေး ပြည်နယ်၊ ကျွန်းစု အများစုကို သိမ်းပိုက် လွှမ်းမိုးခဲ့ပါတယ်။ ဗြိတိသျှ အစိုးရဟာ ၁၈၉၅ ခုနှစ်မှာ မလေးကျွန်း (malay peninsulas) ပေါ်ရှိ ပြည်နယ် လေးခုကို ပေါင်း စည်းပြီး ဖယ်ဒရယ်မူဖြင့် အုပ်ချုပ်သော မလေးပြည်နယ်များ၊ Federated Malay States (FMS) လို့ ခေါ်ဆိုခဲ့ပါတယ်။ ကွာလာလမ်ပူ ကို FMS ရဲ့မြို့တော်အဖြစ် သတ်မှတ််ခဲ့ပြီး အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံတမာန်ရေးရာတို့တွင် ဗဟိုအစိုးရ (အင်္ဂလိပ် အစိုးရ)က တိုက်ရိုက်ချုပ်ကိုင်ခဲ့ပါတယ်။ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများအနေဖြင့် အစ်စလာမ်ဘာသာဆိုင်ရာနှင့် ပြည်တွင်း အရေးအခင်းများကိုသာ ဆုံးဖြတ်ခွင့် ရရှိခဲ့ပါသည်။ မလေးကျွန်းစုပေါ်ရှိ အခြား ပြည်နယ် ၅ ခုကိုတော့ ဖယ်ဒရယ်မူဖြင့် မအုပ်ချုပ် သော မလေးပြည်နယ်များ၊ UnFederated Malay States လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီပြည်နယ်များဟာ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ဘုရင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်။ Federated Malay States၊ UnFederated Malay States၊နှင့် Straits Settlements ပေါင်း ၃ ခုကို မလယာ ဒေသလို့ အမည်တွင်ခဲ့ပါတယ်။ မလယာ ဒေသဟာ ဗြိတိသျှ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တင်း၊ ရာဘာ စတဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ ဂျပန်တွေဟာ မာလယာကို ဝင်ရောက်တိုက်ခိုက်လာကြပါတယ်။ ၁၉၄၂ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျပန်ကို စစ်ရှုုံးသွားတဲ့ အင်္ဂလိပ်တွေဟာ မာလယာကို စွန့်လွှတ်ခဲ့ရပါတယ်။ ဂျပန်တွေ ဟာ မာလယာဒေသကို ၃ နှစ်တာ အုပ်စိုးပြီးနောက် ၁၉၄၅ မှာတော့ အင်္ဂလိပ်တွေက မလယာ ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ်မှာတော့ Federated Malay States၊ UnFederated Malay States အတွင်းရှိ ပြည်နယ် ၉ ခု နှင့် အတူ Straits Settlements အတွင်းရှိ ပြည်နယ် ၂ ခု (ပီနန်းနှင့် မလကာ) တို့ကို တစုတည်း ပေါင်းစည်းပြီး ဗြိတိသျှ အစိုးရ၏နိုင်ငံ အဖြစ် မလယာ ပြည်ထောင်စု ကို ဖွဲ့စည်းခဲ့ကြပါ တယ်။ မလေး လူမျိုးများရဲ့ ဆန္ဒပြ ကန့်ကွက်မှုများကြောင့် ၁၉၄၈ ခုနှစ်မှာတော့ မလယာ ပြည်ထောင်စု ကို မလယာ ဖယ်ဒရယ် ပြည်ထောင်စု (ပီနန်းနှင့် မလကာမှအပ ကျန်မလေးပြည်နယ်များ အနေနဲ့ ပြည်တွင်း အရေးအခင်းများတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိသော) အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။အဲဒီကာလ မှာ စင်္ကာပူဟာ ဗြိတိသျှအစိုးရ၏ လက်အောက်ခံ ကိုလိုနီ နိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။

၁၉၅၇ သြဂုတ်လ ၃၁ ရက်နေ့မှာတော့ ဗြိတိသျှ အစိုးရက မလယာ ဖယ်ဒရယ် ပြည်ထောင်စု Commonwealth အဖွဲ့ဝင် နိုင်ငံအဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။
၁၉၆၃ ခုနှစ် မှာတော့Straits Settlements အတွင်းရှိ စင်္ကာပူ အပါအဝင် အခြားပြည်နယ်များဟာ မလယာ ဖယ်ဒရယ် ပြည်ထောင်စုနှင့် ပေါင်းစည်းပြီး ယနေ့ မလေးရှားနိုင်ငံကို တည်ထောင်ခဲ့ကြပါတယ်။

၁၉၆၅ ခုနှစ်မှာတော့ စင်္ကာပူနိုင်ငံဟာ မလေးရှားက ခွဲထွက်ပြီး သီးသန့်နိုင်ငံ အဖြစ် ရပ်တည်ခဲ့ရပါတယ်။

၃) စင်္ကာပူ ဘာလဲ၊ ဘယ်လဲ

၁၉၄၅ ခုနှစ်နောက်ပိုင်း (ဒုတိယကမ္ဘာစစ် အပြီး) စင်္ကာပူဟာ အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီ နိုင်ငံ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လျှပ်စစ်စနစ်နှင့် ရေပေးဝေရေး စနစ်အပါအဝင် စနစ်တော်တော်များများ ဟာ စစ်ကာလအတွင်း ဖျက်ဆီးခြင်း ခံခဲ့ကြရပါတယ်။ စစ်ကြီးရဲ့ စစ်ပြီးကာလ အကျိုးဆက်အဖြစ် အစာ ရေစာ ရှားပါးခြင်း၊ ရောဂါ ထူပွားခြင်းတို့ကို စင်္ကာပူ နိုင်ငံသားတွေ ခံစားခဲ့ရပါတယ်။ အခုလို စစ်တွင်း ကာလနဲ့ စစ်ပြီးကာလရဲ့ ဆိုးကျိုးကို ခံစားလာရတဲ့ စင်္ကာပူနိုင်ငံသားတွေဟာ အင်္ဂလိပ်အစိုးရရဲ့ အုပ်ချုပ်မှု အပေါ် သံသယ ဝင်လာကြပါတယ်။ ကိုယ်ပိုင် လွတ်လပ်ရေးကို လိုလားတဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒပြမှုတွေ လဲ မကြာခဏ ဖြစ်ပေါ်လာကြပါတယ်။
ဗြိတိသျှ အစိုးရ အနေနဲ့ကလဲ စင်္ကာပူ နဲ့ မလယာ ဒေသတွေကို လွတ်လပ်ခွင့်ပေးရတော့မယ်ဆိုတာကို ကြိုမြင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်မှာ Straits Settlements ကို ဖြိုခွဲပြီး Straits Settlements အတွင်း ပြည်နယ် ၂ ခုနဲ့ မလေး ပြည်နယ်များကို ပေါင်းစည်းပြီး မလယာ ပြည်ထောင်စုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ (စင်္ကာပူ မှတ်စု-၁ စာပိုဒ် ၂ ကို ကိုးကားရန်)။
စင်္ကာပူနိုင်ငံကို အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီ နိုင်ငံ အဖြစ် ဆက်လက်ထားရှိခဲ့ပေမဲ့ (အင်္ဂလိပ် အစိုးရက ရွေးချယ် ခန့်အပ်သော) အုပ်ချုပ်ရေးမှူးတယောက် ထားရှိပြီး နိုင်ငံတွင်း ပြသာနာများကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပေးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လမှာတော့ သီးသန့် အုပ်ချုပ်ရေး အဖွဲ့ နှင့် ဥပဒေ အကြံပေး အဖွဲ့တို့ကို ဖွဲ့စည်းပြီးနောက် ဥပဒေ အကြံပေး အဖွဲ့အတွက် အမတ်များကို ပြည်သူများက ရွေးချယ် တင်မြှောက်နိုင်သည်ဟု ကြေငြာခဲ့ပါတယ်။ အဲဒီနောက် ဥပဒေ အကြံပေး အဖွဲ့အတွက် ရွေးကောက်ပွဲကို ၁၉၄၈ ခုနှစ် မတ်လ ၂၄ ရက်မှာ ကျင်းပ ပေးခဲ့ပါတယ်။
ဥပဒေ အကြံပေး အဖွဲ့မှာ အမတ် ၂၂ ဦးပါရှိပြီး ၁၃ နေရာကို ဗြိတိသျှအစိုးရက ရွေးချယ် ခန့်အပ်ပြီး၊ ၃ နေရာကိုတော့ စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်း ၃ ခုက ကိုယ်စားလှယ်များကို ပေးအပ်ခဲ့ပါတယ်။
ကျန် ၆ နေရာကိုသာ အမတ်လောင်းများက ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြည်သူများက မဲပေး ရွေးချယ်ခဲ့ကြ ပါတယ်။ ၃ နေရာကို စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party) က ရရှိခဲ့ပြီး ကျန် ၃ နေရာကို သီးသန့်ဝင်ရောက် ယှဉ်ပြိုင်သူ အမတ်များက ရရှိခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲကို ပြည်သူ အများစုက မနှစ်သက်ခဲ့ကြပါဘူး။ မဲပေးနိုင်ခွင့် ရှိသူ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဝင်ရောက် မဲပေးခဲ့ ကြပါတယ်။
၁၉၅၁ ခုနှစ်မှာတော့ ဥပဒေ အကြံပေး အဖွဲ့အတွက် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ ပါတယ်။ ဒီရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၉ နေရာထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။ စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party)က ၆ နေရာ အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲ ကြောင့် စင်္ကာပူနိုင်ငံသားတွေဟာ အုပ်ချုပ်ရေးပိုင်းမှာ ပြောရေးဆိုခွင့် အနည်းငယ် ရရှိလာပေမဲ့ အင်္ဂလိပ် အုပ်ချုပ်မှုက အားသာနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မလယာ ပြည်နယ် အတွင်းရှိ ကွန်မြူနစ်တွေရဲ့ ထကြွပုန်ကန်မှုကလဲ အားကောင်းလာပါတယ်။ အင်္ဂလိပ်အစိုးရဟာ ကွန်မြူနစ်တွေကို အပြင်းအထန် နှိမ်နင်းပြီးနောက် စင်္ကာပူနိုင်ငံကို အကန့်အသတ်များနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ပါ တယ်။
၁၉၅၅ မှာ ဥပဒေအကြံပေးအဖွဲ့ အသစ်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ အမတ် ၃၂ ဦး ပါရှိမှာ ဖြစ်ပြီး ၂၅ နေရာကို ပြည်သူများက ရွေးချယ်တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ အနိုင်ရပါတီရဲ့ ခေါင်းဆောင် ကို တိုင်းပြည်အုပ်ချုပ်ဖို့ ရွေးချယ်မှာ ဖြစ်ပြီး အဖွဲ့ဝင် အမတ်များကို ပါလီမာန်စနစ်နဲ့ ရွေးချယ်ပြီး အုပ်ချုပ်ရေး အဖွဲ့ (cabinet) အဖြစ် ခန့်အပ်ခွင့် ပေးခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ လုံခြုံရေးနဲ့ သံတမာန်ရေးရာများကိုဆဲ ထိန်းချုပ်ထားဆဲဆိုပေမဲ့ ၁၉၅၅ မှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ယခင်ရွေးကောက်ပွဲတွေနဲ့ စာရင် တရားမျှတတယ်လို့ အများက လက်ခံလာခဲ့ကြပါတယ်။ စင်္ကာပူ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (singapore Progressive Party)က ၄ နေရာသာ အနိုင်ရခဲ့ပြီး၊ အလုပ်သမား ပါတီ (Labour Front) က ၁၀ နေရာ အနိုင်ရခဲ့ကာ၊ မလေးရှား တရုတ်အဖွဲ့ UMNO-MCA က ၃ နေရာ အသီးသီး အနိုင်ရခဲ့ပါတယ်။ အသစ် ပါတီ တခုဖြစ်တဲ့ People’s Action Party (PAP) က ၃ နေရာ အနိုင်ရ ရှိခဲ့ကြပါတယ်။ မဲအများဆုံး အနိုင်ရခဲ့တဲ့ အလုပ်သမား ပါတီ (Labour Front) ဟာ မလေးရှား တရုတ်အဖွဲ့နှင့် ပူးပေါင်းပြီး အစိုးရ ဖွဲ့ခဲ့ကြပါတယ်။
၁၉၅၅ မှာ အာဏာရလာတဲ့ အလုပ်သမားပါတီ ခေါင်းဆောင် David Marshell ဟာ မတည်ငြိမ်တဲ့ နိုင်ငံရေး ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိသျှ အစိုးရရဲ့ ပံ့ပိုးကူညီမှုကို မရခဲ့သလို အခြား ပါတီများရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလဲ မရခဲ့ပါဘူး။ တိုင်းပြည်ရဲ့ မငြိမ်မသက်မှုများ၊ ဆန္ဒပြမှုများကို ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ် မေလမှာ Hock Lee bus ကုမ္ပဏီနဲ့ တရုတ်ကျောင်းသားအချို့ ပူးပေါင်းပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအရေးအခင်းကို အစိုးရက အကြမ်းဖက် နှိမ်နင်းရာမှာ ကျောင်းသား ၄ ယောက် သေဆုံးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ မကျေနပ်မှုက တနေ့တခြား တိုးပွားလာပြီး ၁၉၅၆ မှာ တရုတ်ကျောင်းသားတွေရဲ့ ဆန္ဒပြမှု ထပ်မံ ဖြစ်ပွားခဲ့ရာကစလို့ အစိုးရနဲ့ ပြည်သူတွေရဲ့ ကြားမှာ မကျေနပ်မှုတွေ တိုးပွားလာပါတယ်။ ဒီအရေးအခင်းတွေကို လှုံ့ဆော်ပေးခဲ့တာဟာ ကွန်မြူနစ်တွေ ဖြစ်လိမ့်မယ်လို့ အများက လက်ခံ ယုံကြည်ခဲ့ကြပါတယ်။

၁၉၅၆ ဧပြီလမှာ David Marshell ဟာ ကိုယ်ပိုင် လွတ်လပ်ရေး ရဖို့အတွက် အင်္ဂလန်နိုင်ငံကို သွားရောက် အရေးဆိုခဲ့ပါတယ်။ ဒါပေမဲ့ စင်္ကာပူနိုင်ငံရဲ့ ပြည်တွင်းရေး မငြိမ်သက်မှုကြောင့် စီးပွားရေး ထိခိုက်လာတာကို မထိန်းသိမ်းနိုင်တဲ့ David Marshell အစိုးရကို မယုံကြည်တဲ့ အင်္ဂလိပ်အစိုးရဟာ လွတ်လပ်ရေးပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အရေးဆိုမှု မအောင်မြင်တဲ့ David Marshellဟာ အင်္ဂလန် အပြန် ခရီးစဉ်မှာ လက်ရှိ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ Lim Yew Hock, က ကွန်မြူနစ်တွေကို အပြင်းအထန် နှိမ်နင်းခဲ့ပါတယ်။ ကွန်မြူနစ် ထောက်ခံသူတွေဖြစ်တဲ့ PAP ခေါင်းဆောင်အချို့အပါအဝင် အလုပ်သမား ခေါင်းဆောင် အများအပြားကို ထောင်ချခဲ့ပါတယ်။ Lim အစိုးရရဲ့ ဦးဆောင်မှုကို နှစ်ခြိုက်သဘောကျစပြုလာတဲ့ အင်္ဂလိပ်အစိုးရဟာ ၁၉၅၇ မှာ ကိုယ်ပိုင် လွတ်လပ်ရေး ပေးဖို့ သဘောတူခဲ့ပါတယ်။ ဥပဒေအကြံပေးအဖွဲ့မှာ အဖွဲ့ဝင် ၅၂ ဦး ထိ တိုးချဲ့ဖွဲ့စည်းမယ်၊ ဒီအဖွဲ့ဝင်တွေအားလုံးကို ပြည်သူတွေကပဲ ရွေးကောက်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ စင်္ကာပူနိုင်ငံရဲ့ သီးခြားရပ်တည်နိုင်ခွင့်အတွက် ဗြိတိသျှ ပါလီမာန်မှာ အတည်ပြု ဆုံးဖြတ်ခဲ့ ကြပါတယ်။

၁၉၅၉ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၂ နေရာ အနက် PAP ပါတီက ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။ PAP ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Cambridge ကျောင်းထွက် တဦး ဖြစ်သော Lee Kuen Yew က စင်္ကာပူနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ PAP အစိုးရဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြသာနာများကို ဖြေရှင်းနိုင်ဖို့ အစီအစဉ်ဆွဲပြီး ကြိုးစားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို Goh Keng Swee ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ် အများစု ပါဝင်တဲ့ PAP ပါတီရဲ့ ဦးဆောင်မှုကို စိတ်မချတဲ့ စီးပွားရေး လုပ်ငန်းရှင် အများစုဟာ ကွာလာလမ်ပူကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

Lee နဲ့ Goh အပါအဝင် PAP ခေါင်းဆောင် အချို့က စင်္ကာပူနိုင်ငံကို သီးခြားရပ်တည်ဖို့ထက် မလေးရှားနဲ့ ပူးပေါင်းဖို့ အားသန်ခဲ့ကြပါတယ်။ သမိုင်းကြောင်းအရနဲ့ စီးပွားရေး အနေအထားအရ စင်္ကာပူဟာ မလယာ ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ Lee နဲ့ Goh တို့က တွက်ချက်ခဲ့ကြပါတယ်။ အဲဒီ အတွက် စင်္ကာပူကို မလယာ ဒေသ (မလေးရှား) နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒါကို ကွန်မြူနစ်ကို ထောက်ခံတဲ့ PAP ခေါင်းဆောင် အချို့က မလိုလားခဲ့ကြပါဘူး။ ကွန်မြူနစ် ကို မထောက်ခံတဲ့ မလေး အစိုးရဟာ သူတို့အပေါ် နှိပ်ကွပ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ တဖက်က မလေးရှား နိုင်ငံ အနေနဲ့လဲ ဒီလို ပေါင်းစည်းဖို့အတွက် PAP အစိုးရအပေါ် အယုံအကြည် မရှိခဲ့ကြတဲ့ အပြင် တရုတ် အများစု ရှိတဲ့ စင်္ကာပူနိုင်ငံနဲ့ ပူးပေါင်းခြင်းကြောင့် မလေးရှားနိုင်ငံမှာ လူမျိုးရေး မတည်မငြိမ်မှု ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြပါတယ်။

၁၉၆၁ ခုနှစ်မှာတော့ ကွန်မြူနစ်ကို ထောက်ခံတဲ့ PAP ခေါင်းဆောင် Ong Eng Guan ဟာ PAP ပါတီက ခွဲထွက်ပြီး ရွေးကောက်ပွဲမှာ PAP ကို အနိုင်ရပြီး အမတ် ၁ နေရာ ရခဲ့ပါတယ်။ စင်္ကာပူမှာ ကွန်မြူနစ်တွေ ကြီးစိုး လာမှာကို မလိုလားတဲ့ မလေးရှား အစိုးရ(UMNO) ဟာ Lee နဲ့ Goh တို့ လိုလားတဲ့ စင်္ကာပူ၊ မလေးရှား ပူးပေါင်းရေးကို သဘောတူခဲ့ကြပါတယ်။ ၁၉၆၃ ဇူလိုင်လ ၉ ရက်နေ့မှာတော့ စင်္ကာပူ၊ ဘရုနိုင်းနဲ့ အခြား မလေး ကျွန်း ၂ ခု ဖြစ်တဲ့ ဆာဗာနဲ့ ဆာရဝါတို့ကို မလေးရှားပြည်ထောင်စုနဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ ကြပါတယ်။ မလေးရှား အစိုးရဟာ မလေး အများစုရှိတဲ့ ဆာဗာနဲ့ ဆာရဝါတို့ကို ပါစင်စေခြင်းအားဖြင့် စင်္ကာပူရဲ့ တရုတ်လူမျိုးကြီးစိုးမှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ စင်္ကာပူနဲ့ မလေးရှားရဲ့ ပူးပေါင်းမှုဟာ ချောချောမွေ့မွေ့တော့ မဖြစ်ခဲ့ပါဘူး။ စင်္ကာပူနိုင်ငံအတွင်းရှိ တရုတ်လူမျိုးတွေဟာ မလေးရှား အစိုးရရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် မကျေမနပ် ဖြစ်လာခဲ့ကြပါတယ်။ စင်္ကာပူနိုင်ငံအတွင်းရှိ မလေးတွေအပေါ် PAP အစိုးရဟာ နှိမ့်ချဆက်ဆံခဲ့တယ်လို့ မလေးရှား အစိုးရကလဲ စွပ်စွဲခဲ့ပါတယ်။ အဲလို မလေးရှား အစိုးရရဲ့ သွေးထိုးပေးမှု ကြောင့် စင်္ကာပူ အတွင်းမှာ ရှိတဲ့ မလေးတွေကလဲ PAP အစိုးရကို မကျေမနပ်ဖြစ်လာခဲ့ကြပါတယ်။ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ဖို့ သဘောတူညီကြပေမဲ့ စင်္ကာပူအတွင်းရှိ ကုန်သည်တွေဟာ မလေးရှား အစိုးရဲ့ ကန့်သတ်မှုတွေကို ရင်ဆိုင်နေရဆဲပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် စင်္ကာပူဘက်လဲ ဆာဗာနဲ့ ဆာရဝါ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မကူညီပဲ နေခဲ့ကြပါတယ်။ ၂ ဦး ၂ ဘက် မကျေနပ်မှုတွေ တိုးပွားလာတဲ့ စင်္ကာပူနဲ့ မလေးရှား အစိုးရတို့ကြား ပြသာနာတွေကို ချုပ်ငြိမ်းစေဖို့ မလေးရှား ဝန်ကြီးက စင်္ကာပူကို မလေးရှားကနေ ခွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၆၅ သြဂုတ်လ ၉ ရက်နေ့မနက်ခင်းမှာတော့ စင်္ကာပူကို မလေးရှားကနေ ခွဲထုတ်ဖို့ မလေးရှား ပါလီမာန်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၂၆-၀ မဲနဲ့ ကန့်ကွက်မဲ မရှိပဲ စင်္ကာပူကို မလေးရှားကနေ ခွဲထွက် ဖို့ သဘောတူညီခဲ့ကြပါတယ်။ ခွဲထွက်ဖို့ လုံးဝ မလိုလားတဲ့ လီကွန်ယူက စင်္ကာပူဟာ သီးသန့် နိုင်ငံ တခု ဖြစ်သွားပြီဆိုတာကို အခုလို ကြေငြာခဲ့ပါတယ်။
”ဒီနေ့ဟာ ကျွန်တော့ အတွက်တော့ ဝမ်းနည်းကြေကွဲရတဲ့ နေ့တနေ့ပါပဲ။ ကျွန်တော့ ဘဝ တလျှောက်လုံးမှာ စင်္ကာပူနဲ့ မလေးရှားကို ခွဲထွက်ဖို့ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ၂ နိုင်ငံ ပေါင်းစည်းဖို့ကို အမြဲ ယုံကြည်ခဲ့သူပါ”

၄) သုညဘဝမှသည် အာရှကျား သို့

၁၉၆၅ ခုနှစ်ဟာ စင်္ကာပူ နိုင်ငံ လွတ်လပ်ရေး ရတဲ့ နှစ်ဖြစ်သလို စီးပွားရေးအားဖြင့် သုညဘဝကို ဆင်းသွား တယ်လို့ လဲ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လီကွမ်းယူ ဦးဆောင်တဲ့ ပီအေပီ ပါတီဟာ စင်္ကာပူ နိုင်ငံရဲ့ စီးပွားရေး ကို တတိယ ကမ္ဘာကနေ ပထမကမ္ဘာကို ရောက်အောင် ကူးပြောင်း ပေးနိုင်ခဲ့ပါတယ်။

(၄-၁) ဆွမ်ဇာလန် နိုင်ငံအဆင့် ဆီသို့ (Swiss Standard of Living)

၁၉၆၁ ခုနှစ်မှာ စင်္ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ Economic Development Board (EDB) ကို ဖွဲ့စည်းခဲ့ပြီး စင်္ကာပူ နိုင်ငံရဲ့ စက်မှု လုပ်ငန်း တိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ အစောပိုင်း ကာလ ၁၉ရဝနှစ်လယ်များမှာတော့ စင်္ကာပူရဲ့ စီးပွားရေးဟာ အလုပ်သမားဗဟိုပြု စီးပွားရေးပုံစံ ဖြစ်ပါတယ်။စင်္ကာပူ အစိုးရရဲ့ စည်းစနစ် ကျနမှု၊ လာဘ်စားမှုကင်းတဲ့ အစိုးရအဖွဲ့အစည်းနဲ့ လုပ်ခနည်း ပေါ်လစီတို့ကြောင့် နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတွေဟာ စင်္ကာပူနိုင်ငံအတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ဒါတွေဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီ အများကြီး ဖြစ်စေခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာတော့ ပီအေပီအစိုးရဟာ လုပ်ခနည်း ပေါ်လစီအစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်လာပါတယ်။အထူးသဖြင့် ၁၉၈၀ ခုနှစ် မှာတော့ ကွန်ပြူတာနဲ့ ကွန်ပြူတာဆိုင်ရာ နည်းပညာလုပ်ငန်းများကို အထူးစီမံကိန်းနဲ့ တိုးတက်အောင် စီမံ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၄မှာ ပီအေပီ အစိုးရဟာ စင်္ကာပူနိုင်ငံကို ဆွမ်ဇာလန် နိုင်ငံရဲ့ အနေ အထားသို့ ရောက်အောင် ပို့ပေးမယ်လို့ကြွေးကြော်ခဲ့ပါတယ်။
၁၉၈၅-၈၆ စီးပွားရေးပျက်ကပ်ကို ကြုံရပြီးတဲ့ နောက်မှာတော့ စင်္ကာပူအစိုးရဟာ ကုန်ထုတ်မှု လုပ်ငန်းများ၊ ဘဏာရေးနှင့် နိုင်ငံတကာ အကြား ကူးလူး ဆက်ဆံမှု လုပ်ငန်းတွေ အပေါ်မှာ အားစိုက် ဆောင်ရွက်လာ စေခဲ့ပါတယ်။ ၁၉၉၀ ကာလများမှာတော့ စင်္ကာပူ နိုင်ငံရဲ့ စီးပွားရေး ပုံစံဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အပြင် ဝန်ဆောင်မှု လုပ်ငန်းများအပေါ်မှာ ဦးစားပေး လာခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ နည်းဗျူဟာကျ စီးပွားရေးပုံစံ (Strategic Economic Plan)ကို ချမှတ်ပြီး နိုင်ငံတကာ ပို့ကုန်လုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပညာရေးနဲ့လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက် ဆောင်ရွက်လာခဲ့ပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများကို ပံ့ပိုးပေးသည့်အပြင် Operational Headquarters (OHQ) program ကို ချမှတ်ပြီး ကုမ္ပဏီများကို စင်္ကာပူနိုင်ငံမှာ ဗဟိုဌာန ထားရှိကြဖို့ တိုက်တွန်း ပံ့ပိုးပေးခဲ့ပါတယ်။ အနုပညာဆိုင်ရာ လုပ်ငန်းများ၊ ဖျော်ဖြေမှုလုပ်ငန်းများနှင့် မီဒီယာ လုပ်ငန်းများကိုပါ ဦးစားပေး ဆောင်ရွက်လာကြပါတယ်။ ကုန်ထုတ်လုပ်ငန်းအဆင့်ကနေ innovation-driven လုပ်ငန်းများ အဆင့်ကို တိုးမြှင့်လာခဲ့ပါတယ်။ စင်္ကာပူ၊ ဂျိုဟောနဲ့ အင်ဒိုနီးရှားတို့ ပူးပေါင်းပြီး ဘာတန် ကျွန်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ဖို့ စင်္ကာပူက ဦးဆောင် စည်းရုံးခဲ့ပါတယ်။ အခု ပရိုဂရမ်ကြောင့် စင်္ကာပူဟာ လုပ်ခနည်း အလုပ်သမားတွေကို အသုံးချခွင့် ရပြီး သူ့ရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။
၁၉၉၆-၉၇ မှာ ဖြစ်ပေါ်ခဲ့တဲ့ အာဆီယမ် စီးပွားရေး ပျက်ကပ်ဟာ စင်္ကာပူနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို ယာယီသာ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စင်္ကာပူနိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို အဓိကအတား အဆီး ဖြစ်စေတဲ့ အချက်ကတော့ လုပ်ခ လစာတွေ မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီပြသာနာကို ဖြေရှင်း နိုင်ဖို့ အတွက် စင်္ကာပူ အစိုးရဟာ အထွေထွေ ကုန်ကျစရိတ်တွေကို လျော့ချဖို့ ကြိုးစားခြင်း၊ ကုန်ထုတ်မှု စွမ်းရည် မြှင့်တင်နိုင်ဖို့ ကြိုးစားခြင်းများဖြင့် လုပ်ခ လစာတွေ မြင့်တက်လာခြင်းကို ထိန်းဖို့ ကြိုးစားခဲ့ပါ တယ်။ စင်္ကာပူ ငွေကြေးမာလာခြင်းဟာလဲ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စင်္ကာပူ နိုင်ငံက ထွက်ခွာလာဖို့ ဖြစ်လာပါတယ်။ ဒါကိုတော့ အစိုးရဟာ ရင်းနှီးမြှုပ်နှံမှု များတဲ့ ကုမ္ပဏီတွေကို ဦးစားပေးခြင်းဖြင့် ဖြေရှင်းပေးခဲ့ပါတယ်။၂၀၀၁ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ dot.com ရဲ့ ပြိုလဲခြင်း၊ အမေရိကန်နိုင်ငံ စက်တင်ဘာ ၁၁ အရေးအခင်းတို့က စင်္ကာပူနိုင်ငံရဲ့ စီးပွားရေးကို ပိုမိုဂယက် ရိုက်စေခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ စင်္ကာပူ အစိုးရက ကမ္ဘာ့စီးပွားရေးမှာ အချက်အချာကျသော နိုင်ငံ (Global City) အဖြစ်ကို ကူးပြောင်းမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

၅) ဖွံ့ဖြိုးတိုးတက်မှုများနှင့် စင်္ကာပူ နိုင်ငံရေး

စင်္ကာပူ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက အကြောင်းဟာ နိုင်ငံရေး တည်ငြိမ်မှုကြောင့်လို့ ဆိုနိုင်ပါတယ်။ မလေးရှား နိုင်ငံက ခွဲထွက်လာချိန်ကစလို့ စင်္ကာပူ နိုင်ငံရေးကို PAP (People’s Action Party)က ဦးဆောင် နိုင်ခဲ့ပါတယ်။ PAP အစိုးရရဲ့ နိုင်ငံရေး အုပ်ချုပ်မှုဟာ ဒီမိုကရေစီ စံနှုန်းတွေထက် နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေးခဲ့တဲ့ အစိုးရအဖြစ် လူသိများပါတယ်။ စင်္ကာပူနိုင်ငံ လွတ်လပ်ရေး ရချိန်ကစလို့ ၄ နှစ် တကြိမ် (သို့) ၅ နှစ်တကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တိုင်းမှာ PAP (People’s Action Party) ပါတီဟာ အမတ်နေရာ အများစုနဲ့ အမြဲ အနိုင်ရခဲ့ ပါတယ်။ အဲဒီလို အနိုင်ရမှုတွေကြောင့်လဲ PAP ပါတီဟာ နိုင်ငံရေး ပေါ်လစီတွေကို စဉ်ဆက်မပြတ် ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဒါမို့လဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို PAP ပါတီဟာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ရာစုနှစ် ၂ ခု အတွင်းမှာ စင်္ကာပူနိုင်ငံဟာ နိုင်ငံ တကာက အသိအမှတ်ပြုရလောက်အောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲပါ့တယ်။ အခြေခံ လိုအပ်ချက် တွေ ဖြစ်တဲ့ အိမ်ယာ၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စတွေမှာ ပြည်သူအများစု ကျေနပ််အောင် PAP အစိုးရ ဟာ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ရေတို ရေရှည် စီမံကိန်းတွေကို ချမှတ် ရာမှာ PAP အစိုးရဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့မှုတွေဟာ PAP ပါတီဟာ ပြည်သူတွေရဲ့ ထောက်ခံမှု တွေကို ရရှိစေခြင်း အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် အင်အားကောင်းတဲ့ အတိုက်အခံ ပါတီ မရှိခြင်း ဟာလဲ PAP ပါတီ အောင်မြင်ရတဲ့ တကြောင်းဖြစ်ပါလိမ့်မယ််။

၆) နိုင်ငံရေး လှည့်ကွက်များနဲ့ PAP

PAP ပါတီဟာ နိုင်ငံရေးကို လွှမ်းမိုးထိန်းသိမ်းနိုင်ဖို့ အစီအစဉ်များကို သေချာချမှတ် ဆောင်ရွက် ခဲ့ပါတယ်။

၁၉၆၀ ဇူလိုင်လ ၁ ရက်နေ့မှာ လူထုပါတီလို့ အမည်ရတဲ့ The People’s Association (PA) အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအသင်းဟာ ပြည်သူတွေရဲ့ ကြားထဲမှာ လူမျိုးရေး ညီညွှတ်မှုနဲ့ ရပ်ကွက်ဒေသတွေ ဖွ့ံဖြိုး တိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့လို့ အမည်ခံခဲ့ပေမဲ့ ဒီအသင်းဟာ PAP အစိုးရရဲ့ ကျောထောက် နောက်ခံ အသင်းတခုဆိုတာ သိသာထင်ရှားနေပါတယ်။

၁၉၈၁ ရွေးကောက်ပွဲ မှာတော့ PAP ပါတီဟာ ပထမဆုံး အမတ်နေရာ ၁ နေရာကို အလုပ်သမားပါတီက J.B. Jeyaretnam ဆီမှာ လက်လွှတ်ဆုံးရှံုံးခဲ့ရပါတယ်။ ၁၉၈၄ မှာ ရွေးကောက်ပွဲမှာတော့ အလုပ်သမားပါတီ က အမတ် တနေရာနဲ့ စင်္ကာပူ ဒီမိုကရေစီပါတီက အမတ် တနေရာကို အနိုင်ရခဲ့ပါတယ်။အဲ့ဒီနောက် ၁၉၉၆ မှာတော့ အမတ် ၄ နေရာ အထိ လက်လွှတ်ခဲ့ရပြီး ၂၀၁၁ ရွေးကောက်ပွဲဟာတော့ PAP ပါတီရဲ့ သမိုင်း ကြောင်းအတွက် အမည်းစက်တွင် စေတဲ့ နှစ်လို့ ဆိုရလောက်အောင် မဲအနဲငယ်နဲ့သာ အနိုင်ရခဲ့ပါတယ်။

အမတ်နေရာ ၆ နေရာကို အတိုက်အခံ ပါတီတွေဆီကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲတွေရဲ့ ရလဒ်ဟာ PAP ပါတီရဲ့ အခြေအနေကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ PAP ပါတီဟာ ဟိုးတချိန်ကလို လူကြိုက်မများလာတော့ဘူးဆိုတာ သိသာထင်ရှားစေတဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေ ဘာလို့ ဖြစ်ရသလဲ။ ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် အကြောင်းအချက်များစွာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပထမဆုံး အချက်ကတော့ PAP ပါတီဟာသူရဲ့အောင်မြင် တိုးတက်မှုကို သူကိုယ်တိုင် မနိုင်တော့တာပဲ ဖြစ်ပါတယ်။ အခက်အခဲ အကြပ်အတည်းများစွာကို ဖြေရှင်းနိုင်ခဲ့တဲ့ PAP အစိုးရအပေါ်မှာ ပြည်သူတွေက ပိုလို့ ပိုလို့ မျှော်လင့်လာခဲ့ပါတယ်။ ဒီ မျှော်လင့်ချက်တွေကို PAP အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ ခက်ခဲ လာပါတယ်။ ဒုတိယ အချက်ကတော့ ခေတ်ပညာတတ် လူလတ်တန်းစားလူငယ်တွေ ပိုမို များပြားလာခြင်း ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ ခေတ်ပညာတတ်တွေ ဖြစ်တာနဲ့အညီ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ သဘော တရားများကို ပိုလို့ တောင်းဆို သိမြင်လာကြပါတယ်။ တတိယအချက်ကတော့ PAP အစိုးရရဲ့ အမှား မကင်းသော ပေါ်လစီ အချို့ကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား အများအပြား နိုင်ငံ တွင်း ဝင်ရောက်လာခြင်းကို ပြည်သူအများစုက မကျေမနပ်ဖြစ်လာခဲ့ပါတယ်။

PAP ပါတီဟာ စင်္ကာပူ နိုင်ငံရေးကို ဆက်လက် လွှမ်းမိုးထားနိုင်ဖို့နဲ့ ပြည်သူတွေ အစိုးရအပေါ် ကျေနပ် လာစေဖို့ နည်းအမျိုးမျိုး၊ ပေါ်လစီ အမျိုးမျိုးကို ချမှတ် ကျင့်သုံးလာခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ပြည်သူတွေ ရဲ့ အသံကို နားထောင်နိုင်ဖို့ Public Feedback Unit ကို ဖွဲ့စည်းခဲ့ပါတယ်။

ကိုးကား၊ NTU Engineering & Society Lecture notes by Prof Tan Chye Guan and references therein.
လေ့လာတွေ့ရှိချက်။ ။ နိုင်ငံ တနိုင်ငံ ဟာ စစ်ရေး အရ အချက်အချာကျတဲ့ နေရာတခု ဖြစ်နေခြင်းဟာ ဖွံ့ဖြိုးတိုးတက်ဖို့ လုံလောက်တဲ့ အချက် မဖြစ်ပါဘူး။ စစ်ရေးအရ အချက်အချာကျခြင်းဟာ နိုင်ငံအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်စေတဲ့အတွက် အကောင်းထက် အဆိုးကို ဖြစ်စေပါတယ်။ တဖက်က ကြည့်မယ်ဆိုရင်လဲ စီးပွားရေး အရ အချက်အချာကျတဲ့နေရာ တခုဖြစ်ဖို့ လုံလောက်တဲ့ နိုင်ငံရေး ကာကွယ်မှု ရှိရပါတယ်။ ဒီနေရာမှာ စစ်ရေး နဲ့ နိုင်ငံရေး မတူညီတာကို သတိပြုဖို့ လိုပါတယ်။

(zawgyi version)

ယေန႕ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားထဲတြင္ စကၤာပူႏိုင္ငံသည္ ထိပ္ဆံုးမွာ ရွိေနသည္ဆိုသည္မွာ မည္သူမွ မျငင္းဆိုႏိုင္ေသာ အမွန္တရား ျဖစ္သည္။ ေသးငယ္ေသာ၊ သဘာ၀ အရင္းအျမစ္ မရွိေသာ၊ သီးျခား ရပ္တည္ ႏိုင္စြမ္း မရွိေသာ စကၤာပူ ႏိုင္ငံ ဘာေၾကာင့္ တိုးတက္ေအာင္ျမင္ရသလဲ… ေလ့လာၾကည့္ၾကပါစို႕။

၁) စကၤာပူ၏ ျမစ္ဖ်ားခံရာ
စကၤာပူ ႏိုင္ငံလို႕ ျဖစ္ေပၚလာမဲ့ ဒီကၽြန္းစုေလးေတြမွာ လူေတြစတင္ေနထိုင္တယ္လို႕ ယူဆရတာကေတာ့ ဒုတိယ ရာစုႏွစ္ အစမွာ ျဖစ္ပါတယ္။ စုမာၾထားကၽြန္းစုေတြ(ယခု အင္ဒိုနီးရွား)တို႕ရဲ႕ ဘုရင့္ မင္းေနျပည္ေတာ္ အတြက္ ဆိပ္ကမ္းျမိဳ႕ငယ္ေလးအျဖစ္ တည္ရွိခဲ့ျပီး ထိုစဥ္က တီမားဆက္(Temasak)၊ ပင္လယ္ျမိဳ႕လို႕ ေခၚတြင္ခဲ့ၾကပါတယ္။
၁၄ရာစု ေႏွာင္းပိုင္းကာလမွာေတာ့ မာလကာႏိုင္ငံ (Sultanate of Malacca) အင္အားၾကီးမားလာျပီး အနီးပတ္၀န္းကၽင္မွာ ကၽြန္းစုေတာ္ေတာ္မ်ားကို နယ္ခ်ဲ႕ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အင္ပါယာရဲ႕ မင္းေနျပည္ေတာ္ကို မာလာကာျမိဳ႕လို႕ အေျခံခံထားျပီး ေျမာက္္ဖက္မွာေတာ့ အယုဒၺယ ျမိဳ႕ေတာ္ (ယခု ထိုင္းႏိုင္ငံ) နဲ႕ အေနာက္ေတာင္မွာေတာ့ ဆုမာၾထာအထိ နယ္ေျမခဲ်႕ထြင္ႏိုင္ ခဲ့ပါတယ္။ ၁၅၁၁ ခုႏွစ္မွာေတာ့ ေပၚတူဂီေတြဟာ အေမႊးအၾကိဳင္ ကုန္သြယ္မႈ လုပ္ငန္းေတြ ကို လက္၀ါးၾကီး အုပ္ႏိုင္ဖို႕ မာလကာႏိုင္ငံကို  ၀င္ေရာက္တိုက္ခိုက္ခဲ့ၾကပါတယ္။ ေပၚတူဂီေတြကို စစ္ရႈံးသြားခဲ့တဲ့ မာလကာ ဘုရင္ဟာ မာလကာ ျမိဳ႕ေတာ္ကို စြန္႕ခြာ ထြက္ေျပးခဲ့ရပါတယ္။ မာလကာ ဘုရင္ဟာ ဘင္တန္ကို ေျခကုပ္ယူကာ ျမဳိ႕ေတာ္ အျဖစ္သတ္မွတ္ျပီး ေပၚတူဂီေတြကို ျပန္တိုက္ထုတ္ႏိုင္ဖို႕ ၾကိဳးစားခဲ့ပါတယ္။ ၁၅၂၆ မွာေတာ့ ေပၚတူဂီေတြဟာ ဘင္တန္ကို သိမ္းပိုက္ျပီး မာလကာ ဘုရင္ကို အျပီးသတ္ ေခ်မႈန္းလိုက္ႏိုင္ပါတယ္။ ၁၅၂၈ မွာေတာ့  မာလကာ ဘုရင္ရဲ႕ သားေတာ္ ၂ ပါးအနက္ အငယ္ မင္းသား Alauddin Riayat Shah II က ဂ်ိဳေဟာနဲ႕ အနီးအနားမွာ ရွိတဲ့ ကၽြန္းစုေတြ (စကၤာပူျဖစ္လာမည့္ ကၽြန္းစုမ်ား အပါအ၀င္) ကို အေျခစိုက္ျပီး ဂ်ိဳေဟာ အင္ပါယာကို တည္ေထာင္ခဲ့ပါတယ္။ ဂ်ိဳေဟာဟာ ေပၚတူဂီေတြရဲ႕ တိုက္ခိုက္မႈ၊ စုမာၾထားေတြရဲ႕ တိုက္ခိုက္မႈၾကားမွာပဲ တေျဖးေျဖး အင္အားၾကီးမားလာခဲ့ပါတယ္။ ဂ်ိဳေဟာ ဘုရင္ဟာ ေပၚတူဂီေတြကို တိုက္ထုတ္ႏိုင္ဖို႕ တခ်ိန္လံုး ၾကိဳးစားေနခဲ့ပါတယ္။
အဲဒီအခ်ိန္မွာပဲ စုမာၾထားေျမာက္ပိုင္းမွာ ရွိတဲ့ Ache လူမ်ိဳး (မူဆလင္) ေတြက မာလကာ ေရလက္ၾကားကို လႊမ္းမိုးလာၾကပါတယ္။ မူဆလင္ ကုန္သယ္ေတြဟာ ေပၚတူဂီ (ခရစ္ယန္)ေတြ လႊမ္းမိုးတဲ့ မာလကာ အစား မူဆလင္ျမိဳ႕ျဖစ္တဲ့ Ache ကို ဦးစားေပး ကုန္သြယ္လာၾကပါတယ္။ ေပၚတူဂီေတြ (မာလကာ) နဲ႕ ဂ်ိဳေဟာ ၾကား အျပန္အလွန္ စစ္ျဖစ္ေနခ်ိန္မွာ Ache ဟာ တေျဖးေျဖး တိုးတက္လာခဲ့ပါတယ္။ အဲဒီလို Ache ရဲ႕ ျခိမ္းေျခာက္မႈကို ခံလာရတဲ့ ေပၚတူဂီေတြနဲ႕ ဂ်ိဳေဟာဟာ ယာယီ စစ္ေျပျငိမ္းမႈ စာခ်ဳပ္ခ်ဳပ္ဆိုျပီး Ache ကို ဖိႏွိမ္ဖို႕ ၾကိဳးစားခဲ့ၾကပါတယ္။Ache ေတြကို ႏွိမ္နင္းျပီးေနာက္ ေပၚတူဂီေတြနဲ႕ ဂ်ိဳေဟာဟာ စစ္ျဖစ္ၾကျပန္ ပါတယ္။
၁ရ ရာစု အေစာပိုင္းကာလမွာေတာ့ ဒတ္ခ်္လူမ်ိဳးေတြက အေရွ႕ေတာင္ အာရွ ကုန္သြယ္မႈထဲကို စီး၀င္လာ ၾကပါတယ္။ ေပၚတူဂီေတြရဲ႕ စီးပြားေရး လက္၀ါးၾကီး အုပ္စိုးမႈကို မခံႏိုင္တဲ့ ဒတ္ခ်္လူမ်ိဳးေတြဟာ ဂ်ိဳေဟာနဲ႕ ပူးေပါင္းျပီး ေပၚတူဂီေတြကို တိုက္ထုတ္ခဲ့ၾကပါတယ္။ ၁၆၄၂ မွာ ဒတ္ခ်္နဲ႕ ဂ်ိဳေဟာ တို႕ဟာ ေပၚတူဂီတို႕ကို မာလကာ ေျမေပၚက ေမာင္းထုတ္ႏိုင္ခဲ့ပါတယ္။ ၁၆၀၆ မွာ ဒတ္ခ်္နဲ႕ ဂ်ိဳေဟာတို႕ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ ဒတ္ခ်္ လူမ်ိဳးေတြက ဂ်ိဳေဟာကို စစ္မေၾကျငာဖို႕ သေဘာတူညီခ်က္နဲ႕ မာလကာ ေဒသကို အုပ္စိုးခဲ့ပါတယ္။ ဒတ္ခ်္ေတြဟာ မာလကာ ေရလက္ၾကားအစား ဆန္ဒါ ေရလက္ၾကား (straits of sunda) ကို စတင္ အသံုးျပဳခဲ့ပါတယ္။အဲဒီအခ်ိန္မွာ စကၤာပူ ျဖစ္လာမဲ့ ကၽြန္းစုေလးေတြဟာလဲ ငါးဖမ္းသမားေတြ ေနထိုင္ရာ ေက်းရြာေလး အျဖစ္သာ တည္ရွိေနခဲ့ပါတယ္။ လူဦးေရ ၁၀၀၀ ေလာက္သာ ရွိမယ္လို႕ ခန္႕မွန္းႏိုင္ျပီး အမ်ားစုက မေလးလူမ်ိဳးေတြျဖစ္ျပီး တရုတ္လူမ်ိဳး အနဲငယ္လဲ ေနထိုင္ခဲ့ၾကပါတယ္။
၁၇ ရာစု ေႏွာင္းပိုင္းမွာေတာ့ ျပင္သစ္လူမ်ိဳးေတြဟာ ဒတ္ခ်္ ႏိုင္ငံကို ၀င္ေရာက္သိမ္းပိုက္ခဲ့ၾကပါတယ္။ အက်ိဳးဆက္အျဖစ္ ဒတ္ခ်ပ္တို႕ရဲ႕ ကိုလိုနီ ႏိုင္ငံျဖစ္တဲ့ မာလကာ (ဂ်ာဗား) ေဒသကိုလဲ ျပင္သစ္တို႕ သိမ္းပိုက္ခဲ့ၾကပါတယ္။ ဒတ္ခ်္ေတြက စစ္မဟာမိတ္ျဖစ္တဲ့ ျဗိတိသွ် (အဂၤလိပ္)တို႕ကို  သူတို႕ရဲ႕ ကိုလိုနီ ႏိုင္ငံငယ္ေတြကို ကာကြယ္ေပးဖို႕ အကူအညီေတာင္းခဲ့ပါတယ္။ ျဗိတိသွ် လူမ်ိဳးေတြဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံမွာ ရွိတဲ့ ျပင္သစ္လူမ်ိဳးေတြကို တိုက္ထုတ္ျပီးေနာက္ ကိုလိုနီႏိုင္ငံေတြကို ဒတ္ခ်္ကို ျပန္လႊဲေပးခဲ့ပါတယ္။ ဒါေပမဲ့ ျဗိတိသွ် အရာရွိငယ္နဲ႕ ကုန္သည္ၾကီးေတြဟာ ဒတ္ခ်္တို႕ရဲ႕ စီးပြားေရး လက္၀ါးၾကီးအုပ္မႈကို မေက် မနပ္ျဖစ္လာခဲ့ၾကပါတယ္။
၂) ေရႊေရာင္ေန႕ရက္မ်ား၏ အစ
 ၁၈၁၉ မွာ Thomas Stamford Raffles ဟာ အေရွ႕အိႏၵိယ ကုမၸဏီရဲ႕ ကိုယ္စားလွယ္ အျဖစ္ ေရာက္ရွိလာျပီးေနာက္ ဂ်ိဳေဟာ ဘုရင္ပိုင္ စကၤာပူ ေတာင္ပိုင္း ကၽြန္းစုေတြကို ျဗိတိသွ်ရဲ႕ ကုန္သြယ္မႈ အေျခစိုက္ စခန္း အျဖစ္ အသံုးျပဳဖို႕ ဂ်ိဳေဟာ ဘုရင္နဲ႕ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ Raffles ရဲ႕ အခြန္ကင္းလြတ္ခြင့္ ေပၚလစီေၾကာင့္ ကုန္သည္ၾကီးမ်ားဟာ စကၤာပူကို အလံုးအရင္းနဲ႕ ၀င္ေရာက္လာၾက ပါတယ္။  ဒါကို မေက်နပ္တဲ့ ဒတ္ခ်္လူမ်ိဳးေတြက  Raffles ရဲ႕ အထက္လူၾကီးမ်ားကို တင္ျပျပီး Raffles ကို စကၤာပူကေန ဖယ္ရွားေပးဖို႕ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါေပမဲ့ ျဗိတိသွ်ကုန္သည္မ်ားက စကၤာပူကို ဆက္လက္ ထိန္းသိမ္းထားဖို႕ ပါလီမာန္မွာ ေအာင္ျမင္စြာ အဆိုျပဳ တင္သြင္းႏိုင္ခဲ့ပါတယ္။ ၁၈၂၄ ခုႏွစ္မွာ ျဗိတိသွ်နဲ႕ ဒတ္ခ်္ (နယ္သာလန္) အၾကား သေဘာတူညီမႈ ရယူျပီး မာလကာ၊ ပီနန္းနဲ႕ စကၤာပူ ကၽြန္းစု အားလံုးကို  အေရွ႕အိႏၵိယ ကုမၸဏီက လႊဲေျပာင္းရယူခဲ့ပါတယ္။ ဒီေဒသေတြကို ျဗိတိသွ်ပိုင္ နယ္ေျမမ်ား (Straits Settlements) အျဖစ္ သတ္မွတ္ျပီး ပီနန္းကို ျမိဳ႕ေတာ္အျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ ၁၈၃၂ မွာေတာ့ ျမိဳ႕ေတာ္ကို စကၤာပူအျဖစ္ ေျပာင္းလဲ သတ္မွတ္ ခဲ့ၾကပါတယ္။ အေရွ႕အိႏၵိယ ကုမၸဏီရဲ႕ အုပ္ခ်ဳပ္မႈ ကို မႏွစ္သက္တဲ့ (Straits Settlements အတြင္း ေနထိုင္သူ ယူရိုပီယံ ႏိုင္ငံသား ေတြဟာ ျဗိတိသွ် ပါလီမာန္မွာ တိုက္ရုိက္ အုပ္ခ်ဳပ္မႈကို ေတာင္းဆိုခဲ့ၾကပါတယ္။ ၁၈၆၇ မွာ ျဗိတိသွ်ပိုင္ နယ္ေျမမ်ား (Straits Settlements) ဟာ ျဗိတိသွ်ရဲ႕ တိုက္ရိုက္ အုပ္ခ်ဳပ္မႈေအာက္ကို ေရာက္ရွိခဲ့ပါတယ္။
အဲဒီကာလမွာ အဂၤလိပ္လူမ်ိဳးမ်ားဟာ မေလး ျပည္နယ္၊ ကၽြန္းစု အမ်ားစုကို သိမ္းပိုက္ လႊမ္းမိုးခဲ့ပါတယ္။ ျဗိတိသွ် အစိုးရဟာ ၁၈၉၅ ခုႏွစ္မွာ မေလးကၽြန္း (malay peninsulas) ေပၚရွိ ျပည္နယ္ ေလးခုကို ေပါင္း စည္းျပီး ဖယ္ဒရယ္မူျဖင့္ အုပ္ခ်ဳပ္ေသာ မေလးျပည္နယ္မ်ား၊ Federated Malay States (FMS) လို႕ ေခၚဆိုခဲ့ပါတယ္။ ကြာလာလမ္ပူ ကို FMS ရဲ႕ျမိဳ႕ေတာ္အျဖစ္ သတ္မွတ္္ခဲ့ျပီး အုပ္ခ်ဳပ္ေရး၊ စစ္ေရးႏွင့္ သံတမာန္ေရးရာတို႕တြင္ ဗဟိုအစိုးရ (အဂၤလိပ္ အစိုးရ)က တိုက္ရိုက္ခ်ဳပ္ကိုင္ခဲ့ပါတယ္။ျပည္နယ္ဆိုင္ရာ အုပ္ခ်ဳပ္ေရး အရာရွိမ်ားအေနျဖင့္  အစ္စလာမ္ဘာသာဆိုင္ရာႏွင့္ ျပည္တြင္း အေရးအခင္းမ်ားကိုသာ ဆံုးျဖတ္ခြင့္ ရရွိခဲ့ပါသည္။ မေလးကၽြန္းစုေပၚရွိ အျခား ျပည္နယ္ ၅ ခုကိုေတာ့ ဖယ္ဒရယ္မူျဖင့္ မအုပ္ခ်ဳပ္ ေသာ မေလးျပည္နယ္မ်ား၊ UnFederated Malay States လို႕ ေခၚဆိုခဲ့ၾကပါတယ္။ ဒီျပည္နယ္မ်ားဟာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရး၊ ကိုယ္ပိုင္ ဘုရင္စနစ္နဲ႕ အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။ Federated Malay States၊ UnFederated Malay States၊ႏွင့္ Straits Settlements ေပါင္း ၃ ခုကို မလယာ ေဒသလို႕ အမည္တြင္ခဲ့ပါတယ္။ မလယာ ေဒသဟာ ျဗိတိသွ် အစိုးရရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ တင္း၊ ရာဘာ စတဲ့ လုပ္ငန္းေတြနဲ႕ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္ လာခဲ့ပါတယ္။ ဒုတိယ ကမၻာစစ္ကာလမွာေတာ့ ဂ်ပန္ေတြဟာ မာလယာကို ၀င္ေရာက္တိုက္ခိုက္လာၾကပါတယ္။ ၁၉၄၂ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ဂ်ပန္ကို စစ္ရႈံုးသြားတဲ့ အဂၤလိပ္ေတြဟာ မာလယာကို စြန္႕လႊတ္ခဲ့ရပါတယ္။ ဂ်ပန္ေတြ ဟာ မာလယာေဒသကို ၃ ႏွစ္တာ အုပ္စိုးျပီးေနာက္ ၁၉၄၅ မွာေတာ့ အဂၤလိပ္ေတြက မလယာ ေဒသကို ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
၁၉၄၆ ခုႏွစ္မွာေတာ့  Federated Malay States၊ UnFederated Malay States အတြင္းရွိ ျပည္နယ္ ၉ ခု ႏွင့္ အတူ Straits Settlements အတြင္းရွိ ျပည္နယ္ ၂ ခု (ပီနန္းႏွင့္ မလကာ) တို႕ကို တစုတည္း ေပါင္းစည္းျပီး ျဗိတိသွ် အစိုးရ၏ႏိုင္ငံ အျဖစ္ မလယာ ျပည္ေထာင္စု ကို ဖြဲ႕စည္းခဲ့ၾကပါ တယ္။ မေလး လူမ်ိဳးမ်ားရဲ႕ ဆႏၵျပ ကန္႕ကြက္မႈမ်ားေၾကာင့္ ၁၉၄၈ ခုႏွစ္မွာေတာ့ မလယာ ျပည္ေထာင္စု ကို မလယာ ဖယ္ဒရယ္ ျပည္ေထာင္စု (ပီနန္းႏွင့္ မလကာမွအပ က်န္မေလးျပည္နယ္မ်ား အေနနဲ႕ ျပည္တြင္း အေရးအခင္းမ်ားတြင္ ကိုယ္ပုိင္ ဆံုးျဖတ္ခြင့္ ရရွိေသာ) အျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းႏိုင္ခဲ့ ပါတယ္။အဲဒီကာလ မွာ စကၤာပူဟာ ျဗိတိသွ်အစိုးရ၏ လက္ေအာက္ခံ ကိုလိုနီ ႏိုင္ငံအျဖစ္ က်န္ရွိေနဆဲျဖစ္ပါတယ္။
၁၉၅၇ ၾသဂုတ္လ ၃၁ ရက္ေန႕မွာေတာ့ ျဗိတိသွ် အစိုးရက မလယာ ဖယ္ဒရယ္ ျပည္ေထာင္စု Commonwealth အဖြဲ႕၀င္ ႏိုင္ငံအျဖစ္ သတ္မွတ္ျပီး  ကိုယ္ပုိင္ လြတ္လပ္ခြင့္ ေပးခဲ့ပါတယ္။
၁၉၆၃ ခုႏွစ္ မွာေတာ့Straits Settlements အတြင္းရွိ စကၤာပူ အပါအ၀င္ အျခားျပည္နယ္မ်ားဟာ  မလယာ ဖယ္ဒရယ္ ျပည္ေထာင္စုႏွင့္ ေပါင္းစည္းျပီး ယေန႕ မေလးရွားႏိုင္ငံကို တည္ေထာင္ခဲ့ၾကပါတယ္။
၁၉၆၅ ခုႏွစ္မွာေတာ့ စကၤာပူႏိုင္ငံဟာ မေလးရွားက ခြဲထြက္ျပီး သီးသန္႕ႏိုင္ငံ အျဖစ္ ရပ္တည္ခဲ့ရပါတယ္။

 ၃) စကၤာပူ ဘာလဲ၊ ဘယ္လဲ

၁၉၄၅ ခုႏွစ္ေနာက္ပိုင္း (ဒုတိယကမၻာစစ္ အျပီး) စကၤာပူဟာ အဂၤလိပ္အစိုးရရဲ႕ ကိုလိုနီ ႏိုင္ငံ အျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။ တိုင္းျပည္ရဲ႕ လွ်ပ္စစ္စနစ္ႏွင့္ ေရေပးေ၀ေရး စနစ္အပါအ၀င္ စနစ္ေတာ္ေတာ္မ်ားမ်ား ဟာ စစ္ကာလအတြင္း ဖ်က္ဆီးျခင္း ခံခဲ့ၾကရပါတယ္။ စစ္ၾကီးရဲ႕ စစ္ျပီးကာလ အက်ိဳးဆက္အျဖစ္ အစာ ေရစာ ရွားပါးျခင္း၊ ေရာဂါ ထူပြားျခင္းတို႕ကို  စကၤာပူ ႏိုင္ငံသားေတြ ခံစားခဲ့ရပါတယ္။ အခုလို စစ္တြင္း ကာလနဲ႕ စစ္ျပီးကာလရဲ႕ ဆိုးက်ိဳးကို ခံစားလာရတဲ့ စကၤာပူႏိုင္ငံသားေတြဟာ အဂၤလိပ္အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ အေပၚ သံသယ ၀င္လာၾကပါတယ္။ ကိုယ္ပိုင္ လြတ္လပ္ေရးကို လိုလားတဲ့ ႏိုင္ငံသားေတြရဲ႕ ဆႏၵျပမႈေတြ လဲ မၾကာခဏ ျဖစ္ေပၚလာၾကပါတယ္။
ျဗိတိသွ် အစိုးရ အေနနဲ႕ကလဲ စကၤာပူ နဲ႕ မလယာ ေဒသေတြကို လြတ္လပ္ခြင့္ေပးရေတာ့မယ္ဆိုတာကို ၾကိဳျမင္ခဲ့ၾကပါတယ္။ ၁၉၄၆ ခုႏွစ္မွာ Straits Settlements ကို ျဖိဳခြဲျပီး Straits Settlements အတြင္း ျပည္နယ္ ၂ ခုနဲ႕ မေလး ျပည္နယ္မ်ားကို ေပါင္းစည္းျပီး မလယာ ျပည္ေထာင္စုကို ဖြဲ႕စည္းေပးခဲ့ပါတယ္။ (စကၤာပူ မွတ္စု-၁ စာပိုဒ္ ၂ ကို ကိုးကားရန္)။
စကၤာပူႏိုင္ငံကို အဂၤလိပ္အစိုးရရဲ႕ ကိုလိုနီ ႏိုင္ငံ အျဖစ္ ဆက္လက္ထားရွိခဲ့ေပမဲ့ (အဂၤလိပ္ အစိုးရက ေရြးခ်ယ္ ခန္႕အပ္ေသာ) အုပ္ခ်ဳပ္ေရးမွဴးတေယာက္ ထားရွိျပီး ႏိုင္ငံတြင္း ျပသာနာမ်ားကို ကိုယ္ပိုင္ ဆံုးျဖတ္ခြင့္ ေပးခဲ့ပါတယ္။ ၁၉၄၇ ခုႏွစ္ ဇူလိုင္လမွာေတာ့ သီးသန္႕ အုပ္ခ်ဳပ္ေရး အဖြဲ႕ ႏွင့္ ဥပေဒ အၾကံေပး အဖြဲ႕တို႕ကို ဖြဲ႕စည္းျပီးေနာက္ ဥပေဒ အၾကံေပး အဖြဲ႕အတြက္ အမတ္မ်ားကို ျပည္သူမ်ားက ေရြးခ်ယ္ တင္ေျမွာက္ႏိုင္သည္ဟု ေၾကျငာခဲ့ပါတယ္။ အဲဒီေနာက္ ဥပေဒ အၾကံေပး အဖြဲ႕အတြက္ ေရြးေကာက္ပြဲကို ၁၉၄၈ ခုႏွစ္ မတ္လ ၂၄ ရက္မွာ က်င္းပ ေပးခဲ့ပါတယ္။
 ဥပေဒ အၾကံေပး အဖြဲ႕မွာ အမတ္ ၂၂ ဦးပါရွိျပီး ၁၃ ေနရာကို ျဗိတိသွ်အစိုးရက ေရြးခ်ယ္ ခန္႕အပ္ျပီး၊ ၃ ေနရာကိုေတာ့ စီးပြားေရး ဆိုင္ရာ အဖြဲ႕အစည္း ၃ ခုက ကိုယ္စားလွယ္မ်ားကို ေပးအပ္ခဲ့ပါတယ္။
က်န္ ၆ ေနရာကိုသာ အမတ္ေလာင္းမ်ားက ၀င္ေရာက္ ယွဥ္ျပိဳင္ႏိုင္ျပီး ျပည္သူမ်ားက မဲေပး ေရြးခ်ယ္ခဲ့ၾက ပါတယ္။ ၃ ေနရာကို စကၤာပူ ဖြံ႕ျဖိဳးတိုးတက္ေရး ပါတီ (singapore Progressive Party) က ရရွိခဲ့ျပီး က်န္ ၃ ေနရာကို သီးသန္႕၀င္ေရာက္ ယွဥ္ျပိဳင္သူ အမတ္မ်ားက ရရွိခဲ့ၾကပါတယ္။ ဒီေရြးေကာက္ပြဲကို ျပည္သူ အမ်ားစုက မႏွစ္သက္ခဲ့ၾကပါဘူး။ မဲေပးႏိုင္ခြင့္ ရွိသူ လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းကသာ ၀င္ေရာက္ မဲေပးခဲ့ ၾကပါတယ္။
၁၉၅၁ ခုႏွစ္မွာေတာ့  ဥပေဒ အၾကံေပး အဖြဲ႕အတြက္ ဒုတိယအၾကိမ္ေျမာက္ ေရြးေကာက္ပြဲကိုက်င္းပေပးခဲ့ ပါတယ္။ ဒီေရြးေကာက္ပြဲမွာေတာ့ အမတ္ေနရာ ၉ ေနရာထိ ၀င္ေရာက္ ယွဥ္ျပိဳင္ခြင့္ေပးခဲ့ပါတယ္။ စကၤာပူ ဖြံ႕ျဖိဳးတိုးတက္ေရး ပါတီ (singapore Progressive Party)က ၆ ေနရာ အႏိုင္ရခဲ့ပါတယ္။ ဒီေရြးေကာက္ပြဲ ေၾကာင့္ စကၤာပူႏိုင္ငံသားေတြဟာ အုပ္ခ်ဳပ္ေရးပိုင္းမွာ ေျပာေရးဆိုခြင့္ အနည္းငယ္ ရရွိလာေပမဲ့ အဂၤလိပ္ အုပ္ခ်ဳပ္မႈက အားသာေနဆဲပဲ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ မလယာ ျပည္နယ္ အတြင္းရွိ ကြန္ျမဴနစ္ေတြရဲ႕ ထၾကြပုန္ကန္မႈကလဲ အားေကာင္းလာပါတယ္။ အဂၤလိပ္အစိုးရဟာ ကြန္ျမဴနစ္ေတြကို အျပင္းအထန္ ႏွိမ္နင္းျပီးေနာက္ စကၤာပူႏိုင္ငံကို အကန္႕အသတ္မ်ားနဲ႕ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ေပးဖို႕ ဆံုးျဖတ္လုိက္ပါ တယ္။
၁၉၅၅ မွာ ဥပေဒအၾကံေပးအဖြဲ႕ အသစ္ကို ေျပာင္းလဲ ဖြဲ႕စည္းခဲ့ပါတယ္။ ဒီအဖြဲ႕မွာ အမတ္ ၃၂ ဦး ပါရွိမွာ ျဖစ္ျပီး ၂၅ ေနရာကို ျပည္သူမ်ားက ေရြးခ်ယ္တင္ေျမွာက္ႏိုင္မွာ ျဖစ္ပါတယ္။ အႏိုင္ရပါတီရဲ႕ ေခါင္းေဆာင္ ကို တိုင္းျပည္အုပ္ခ်ဳပ္ဖို႕ ေရြးခ်ယ္မွာ ျဖစ္ျပီး အဖြဲ႕၀င္ အမတ္မ်ားကို ပါလီမာန္စနစ္နဲ႕ ေရြးခ်ယ္ျပီး အုပ္ခ်ဳပ္ေရး အဖြဲ႕ (cabinet) အျဖစ္ ခန္႕အပ္ခြင့္ ေပးခဲ့ပါတယ္။ အဂၤလိပ္အစိုးရအေနနဲ႕ လံုျခံဳေရးနဲ႕ သံတမာန္ေရးရာမ်ားကိုဆဲ ထိန္းခ်ဳပ္ထားဆဲဆိုေပမဲ့ ၁၉၅၅ မွာ က်င္းပတဲ့ ဒီေရြးေကာက္ပြဲဟာ ယခင္ေရြးေကာက္ပြဲေတြနဲ႕ စာရင္ တရားမွ်တတယ္လို႕ အမ်ားက လက္ခံလာခဲ့ၾကပါတယ္။ စကၤာပူ ဖြံ႕ျဖိဳးတိုးတက္ေရး ပါတီ (singapore Progressive Party)က ၄ ေနရာသာ အႏိုင္ရခဲ့ျပီး၊ အလုပ္သမား ပါတီ (Labour Front) က ၁၀ ေနရာ အႏိုင္ရခဲ့ကာ၊ မေလးရွား တရုတ္အဖြဲ႕  UMNOMCA က ၃ ေနရာ အသီးသီး အႏိုင္ရခဲ့ပါတယ္။ အသစ္ ပါတီ တခုျဖစ္တဲ့  People’s Action Party (PAP) က ၃ ေနရာ အႏိုင္ရ ရွိခဲ့ၾကပါတယ္။ မဲအမ်ားဆံုး အႏိုင္ရခဲ့တဲ့ အလုပ္သမား ပါတီ (Labour Front) ဟာ မေလးရွား တရုတ္အဖြဲ႕ႏွင့္ ပူးေပါင္းျပီး အစိုးရ ဖြဲ႕ခဲ့ၾကပါတယ္။

၁၉၅၅ မွာ အာဏာရလာတဲ့ အလုပ္သမားပါတီ ေခါင္းေဆာင္ David Marshell ဟာ မတည္ျငိမ္တဲ့ ႏိုင္ငံေရး ကို ရင္ဆိုင္ခဲ့ရပါတယ္။ ျဗိတိသွ် အစိုးရရဲ႕ ပံ့ပိုးကူညီမႈကို မရခဲ့သလို အျခား ပါတီမ်ားရဲ႕ ပူးေပါင္း ေဆာင္ရြက္မႈကိုလဲ မရခဲ့ပါဘူး။ တိုင္းျပည္ရဲ႕ မျငိမ္မသက္မႈမ်ား၊ ဆႏၵျပမႈမ်ားကို ရင္ဆိုင္ခဲ့ရပါတယ္။ ၁၉၅၅ ခုႏွစ္ ေမလမွာ Hock Lee bus ကုမၸဏီနဲ႕ တရုတ္ေက်ာင္းသားအခ်ိဳ႕ ပူးေပါင္းျပီး အလုပ္သမားေတြရဲ႕ အခြင့္အေရးအတြက္ ေတာင္းဆိုဆႏၵျပခဲ့ၾကပါတယ္။ အဲဒီအေရးအခင္းကို အစိုးရက အၾကမ္းဖက္ ႏွိမ္နင္းရာမွာ ေက်ာင္းသား ၄ ေယာက္ ေသဆံုးခဲ့ရပါတယ္။ ျပည္သူေတြရဲ႕ မေက်နပ္မႈက တေန႕တျခား တိုးပြားလာျပီး ၁၉၅၆ မွာ တရုတ္ေက်ာင္းသားေတြရဲ႕ ဆႏၵျပမႈ ထပ္မံ ျဖစ္ပြားခဲ့ရာကစလို႕ အစိုးရနဲ႕ ျပည္သူေတြရဲ႕ ၾကားမွာ မေက်နပ္မႈေတြ တိုးပြားလာပါတယ္။ ဒီအေရးအခင္းေတြကို လႈံ႕ေဆာ္ေပးခဲ့တာဟာ ကြန္ျမဴနစ္ေတြ ျဖစ္လိမ့္မယ္လို႕ အမ်ားက လက္ခံ ယံုၾကည္ခဲ့ၾကပါတယ္။

၁၉၅၆ ဧျပီလမွာ  David Marshell ဟာ ကိုယ္ပိုင္ လြတ္လပ္ေရး ရဖို႕အတြက္ အဂၤလန္ႏိုင္ငံကို သြားေရာက္ အေရးဆိုခဲ့ပါတယ္။ ဒါေပမဲ့ စကၤာပူႏိုင္ငံရဲ႕ ျပည္တြင္းေရး မျငိမ္သက္မႈေၾကာင့္ စီးပြားေရး ထိခုိက္လာတာကို မထိန္းသိမ္းႏိုင္တဲ့ David Marshell အစိုးရကို မယံုၾကည္တဲ့ အဂၤလိပ္အစိုးရဟာ လြတ္လပ္ေရးေပးဖို႕ ျငင္းဆိုခဲ့ပါတယ္။ အေရးဆိုမႈ မေအာင္ျမင္တဲ့ David Marshellဟာ အဂၤလန္ အျပန္ ခရီးစဥ္မွာ လက္ရွိ ရာထူးကေန ႏႈတ္ထြက္ခဲ့ပါတယ္။

အသစ္တက္လာတဲ့ Lim Yew Hock, က ကြန္ျမဴနစ္ေတြကို အျပင္းအထန္ ႏွိမ္နင္းခဲ့ပါတယ္။ ကြန္ျမဴနစ္ ေထာက္ခံသူေတြျဖစ္တဲ့ PAP ေခါင္းေဆာင္အခ်ိဳ႕အပါအ၀င္ အလုပ္သမား ေခါင္းေဆာင္ အမ်ားအျပားကို ေထာင္ခ်ခဲ့ပါတယ္။ Lim အစိုးရရဲ႕ ဦးေဆာင္မႈကို ႏွစ္ျခိဳက္သေဘာက်စျပဳလာတဲ့ အဂၤလိပ္အစိုးရဟာ ၁၉၅၇ မွာ ကိုယ္ပိုင္ လြတ္လပ္ေရး ေပးဖို႕ သေဘာတူခဲ့ပါတယ္။ ဥပေဒအၾကံေပးအဖြဲ႕မွာ အဖြဲ႕၀င္ ၅၂ ဦး ထိ တိုးခ်ဲ႕ဖြဲ႕စည္းမယ္၊ ဒီအဖြဲ႕၀င္ေတြအားလံုးကို ျပည္သူေတြကပဲ ေရြးေကာက္ဖို႕ စီစဥ္ခဲ့ၾကပါတယ္။ ၁၉၅၈ ခုႏွစ္မွာ စကၤာပူႏိုင္ငံရဲ႕ သီးျခားရပ္တည္ႏိုင္ခြင့္အတြက္ ျဗိတိသွ် ပါလီမာန္မွာ အတည္ျပဳ ဆံုးျဖတ္ခဲ့ ၾကပါတယ္။

၁၉၅၉ ခုႏွစ္မွာ က်င္းပတဲ့ ေရြးေကာက္ပြဲမွာ အမတ္ေနရာ ၅၂ ေနရာ အနက္ PAP ပါတီက ၄၃ ေနရာကို အႏိုင္ရရွိခဲ့ပါတယ္။ PAP ပါတီရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Cambridge ေက်ာင္းထြက္ တဦး ျဖစ္ေသာ Lee Kuen Yew က စကၤာပူႏိုင္ငံရဲ႕ ေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။ PAP အစိုးရဟာ စကၤာပူႏိုင္ငံရဲ႕ စီးပြားေရးနဲ႕ လူမႈေရး ျပသာနာမ်ားကို ေျဖရွင္းႏိုင္ဖို႕ အစီအစဥ္ဆြဲျပီး ၾကိဳးစားခဲ့ပါတယ္။ စကၤာပူႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မႈကို Goh Keng Swee ဦးေဆာင္ျပီး ေဆာင္ရြက္ခဲ့ပါတယ္။ ဒါေပမဲ့ ကြန္ျမဴနစ္ အမ်ားစု ပါ၀င္တဲ့ PAP ပါတီရဲ႕ ဦးေဆာင္မႈကို စိတ္မခ်တဲ့ စီးပြားေရး လုပ္ငန္းရွင္ အမ်ားစုဟာ ကြာလာလမ္ပူကို ေျပာင္းေရႊ႕ခဲ့ၾကပါတယ္။

Lee နဲ႕ Goh အပါအ၀င္ PAP ေခါင္းေဆာင္ အခ်ဳိ႕က စကၤာပူႏိုင္ငံကို သီးျခားရပ္တည္ဖို႕ထက္ မေလးရွားနဲ႕ ပူးေပါင္းဖို႕ အားသန္ခဲ့ၾကပါတယ္။ သမိုင္းေၾကာင္းအရနဲ႕ စီးပြားေရး အေနအထားအရ စကၤာပူဟာ မလယာ ကေန ခြဲထြက္ျပီး သီးျခားရပ္တည္ဖို႕ ခက္ခဲလိမ့္မယ္လို႕ Lee နဲ႕ Goh တို႕က တြက္ခ်က္ခဲ့ၾကပါတယ္။ အဲဒီ အတြက္ စကၤာပူကို မလယာ ေဒသ (မေလးရွား) နဲ႕ ပူးေပါင္းဖို႕ ၾကိဳးစားခဲ့ ၾကပါတယ္။ ဒါကို ကြန္ျမဴနစ္ကို ေထာက္ခံတဲ့ PAP ေခါင္းေဆာင္ အခ်ိဳ႕က မလိုလားခဲ့ၾကပါဘူး။ ကြန္ျမဴနစ္ ကို မေထာက္ခံတဲ့ မေလး အစိုးရဟာ သူတို႕အေပၚ ႏွိပ္ကြပ္မွာကို စိုးရိမ္ခဲ့ၾကပါတယ္။ တဖက္က မေလးရွား ႏိုင္ငံ အေနနဲ႕လဲ ဒီလို ေပါင္းစည္းဖို႕အတြက္ PAP အစိုးရအေပၚ အယံုအၾကည္ မရွိခဲ့ၾကတဲ့ အျပင္ တရုတ္ အမ်ားစု ရွိတဲ့ စကၤာပူႏိုင္ငံနဲ႕ ပူးေပါင္းျခင္းေၾကာင့္ မေလးရွားႏိုင္ငံမွာ လူမ်ိဳးေရး မတည္မျငိမ္မႈ ျဖစ္လာမွာကို စိုးရိမ္ခဲ့ၾကပါတယ္။

၁၉၆၁ ခုႏွစ္မွာေတာ့ ကြန္ျမဴနစ္ကို ေထာက္ခံတဲ့ PAP ေခါင္းေဆာင္ Ong Eng Guan ဟာ PAP ပါတီက ခြဲထြက္ျပီး ေရြးေကာက္ပြဲမွာ PAP ကို အႏိုင္ရျပီး အမတ္ ၁ ေနရာ ရခဲ့ပါတယ္။ စကၤာပူမွာ ကြန္ျမဴနစ္ေတြ ၾကီးစိုး လာမွာကို မလိုလားတဲ့ မေလးရွား အစိုးရ(UMNO) ဟာ Lee နဲ႕ Goh တို႕ လိုလားတဲ့ စကၤာပူ၊ မေလးရွား ပူးေပါင္းေရးကို သေဘာတူခဲ့ၾကပါတယ္။ ၁၉၆၃ ဇူလိုင္လ ၉ ရက္ေန႕မွာေတာ့ စကၤာပူ၊ ဘရုႏိုင္းနဲ႕ အျခား မေလး ကၽြန္း ၂ ခု ျဖစ္တဲ့ ဆာဗာနဲ႕ ဆာရ၀ါတို႕ကို မေလးရွားျပည္ေထာင္စုနဲ႕ ပူးေပါင္းဖို႕ သေဘာတူညီခဲ့ ၾကပါတယ္။ မေလးရွား အစိုးရဟာ မေလး အမ်ားစုရွိတဲ့ ဆာဗာနဲ႕ ဆာရ၀ါတို႕ကို ပါစင္ေစျခင္းအားျဖင့္ စကၤာပူရဲ႕ တရုတ္လူမ်ိဳးၾကီးစိုးမႈကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။
ဒါေပမဲ့ စကၤာပူနဲ႕ မေလးရွားရဲ႕ ပူးေပါင္းမႈဟာ ေခ်ာေခ်ာေမြ႕ေမြ႕ေတာ့ မျဖစ္ခဲ့ပါဘူး။  စကၤာပူႏိုင္ငံအတြင္းရွိ တရုတ္လူမ်ိဳးေတြဟာ မေလးရွား အစိုးရရဲ႕ လူမ်ိဳးေရး ခြဲျခားဆက္ဆံမႈအေပၚ မေက်မနပ္ ျဖစ္လာခဲ့ၾကပါတယ္။ စကၤာပူႏိုင္ငံအတြင္းရွိ မေလးေတြအေပၚ PAP အစိုးရဟာ ႏွိမ့္ခ်ဆက္ဆံခဲ့တယ္လို႕ မေလးရွား အစိုးရကလဲ စြပ္စြဲခဲ့ပါတယ္။ အဲလို မေလးရွား အစိုးရရဲ႕ ေသြးထိုးေပးမႈ ေၾကာင့္ စကၤာပူ အတြင္းမွာ ရွိတဲ့ မေလးေတြကလဲ PAP အစိုးရကို မေက်မနပ္ျဖစ္လာခဲ့ၾကပါတယ္။ လြတ္လပ္စြာ ကူးသန္းေရာင္း၀ယ္ဖုိ႕ သေဘာတူညီၾကေပမဲ့ စကၤာပူအတြင္းရွိ ကုန္သည္ေတြဟာ မေလးရွား အစိုးရဲ႕ ကန္႕သတ္မႈေတြကို ရင္ဆိုင္ေနရဆဲပဲ ျဖစ္ပါတယ္။ အျပန္အလွန္အားျဖင့္ စကၤာပူဘက္လဲ ဆာဗာနဲ႕ ဆာရ၀ါ ေဒသေတြရဲ႕ ဖြံ႕ျဖိဳးတိုးတက္မႈေတြကို မကူညီပဲ ေနခဲ့ၾကပါတယ္။ ၂ ဦး ၂ ဘက္ မေက်နပ္မႈေတြ တိုးပြားလာတဲ့ စကၤာပူနဲ႕ မေလးရွား အစိုးရတို႕ၾကား ျပသာနာေတြကို ခ်ဳပ္ျငိမ္းေစဖို႕ မေလးရွား ၀န္ၾကီးက စကၤာပူကို မေလးရွားကေန ခြဲထုတ္ဖို႕ ဆံုးျဖတ္ခဲ့ပါတယ္။

၁၉၆၅ ၾသဂုတ္လ ၉ ရက္ေန႕မနက္ခင္းမွာေတာ့ စကၤာပူကို မေလးရွားကေန ခြဲထုတ္ဖို႕ မေလးရွား ပါလီမာန္မွာ မဲခြဲ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ၁၂၆-၀ မဲနဲ႕ ကန္႕ကြက္မဲ မရွိပဲ စကၤာပူကို မေလးရွားကေန ခြဲထြက္ ဖို႕ သေဘာတူညီခဲ့ၾကပါတယ္။ ခြဲထြက္ဖို႕ လံုး၀ မလိုလားတဲ့ လီကြန္ယူက စကၤာပူဟာ သီးသန္႕ ႏိုင္ငံ တခု ျဖစ္သြားျပီဆိုတာကို အခုလို ေၾကျငာခဲ့ပါတယ္။
”ဒီေန႕ဟာ ကၽြန္ေတာ့ အတြက္ေတာ့ ၀မ္းနည္းေၾကကြဲရတဲ့ ေန႕တေန႕ပါပဲ။ ကၽြန္ေတာ့ ဘ၀ တေလွ်ာက္လံုးမွာ စကၤာပူနဲ႕ မေလးရွားကို ခြဲထြက္ဖို႕ ဘယ္တုန္းကမွ မယံုၾကည္ခဲ့ပါဘူး။ ၂ ႏိုင္ငံ ေပါင္းစည္းဖုိ႕ကို အျမဲ ယံုၾကည္ခဲ့သူပါ”

၄) သုညဘ၀မွသည္ အာရွက်ား သို႕ 

၁၉၆၅ ခုႏွစ္ဟာ စကၤာပူ ႏိုင္ငံ လြတ္လပ္ေရး ရတဲ့ ႏွစ္ျဖစ္သလို စီးပြားေရးအားျဖင့္ သုညဘ၀ကို ဆင္းသြား တယ္လို႕ လဲ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ လီကြမ္းယူ ဦးေဆာင္တဲ့ ပီေအပီ ပါတီဟာ စကၤာပူ ႏိုင္ငံရဲ႕ စီးပြားေရး ကို တတိယ ကမၻာကေန ပထမကမၻာကို ေရာက္ေအာင္ ကူးေျပာင္း ေပးႏိုင္ခဲ့ပါတယ္။

(၄-၁) ဆြမ္ဇာလန္ ႏိုင္ငံအဆင့္ ဆီသို႕ (Swiss Standard of Living)

၁၉၆၁ ခုႏွစ္မွာ  စကၤာပူ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မႈ ေကာင္စီ Economic Development Board (EDB) ကို ဖြဲ႕စည္းခဲ့ျပီး စကၤာပူ ႏိုင္ငံရဲ႕ စက္မႈ လုပ္ငန္း တိုးတက္ေရး အတြက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ခဲ့ပါတယ္။ အေစာပိုင္း ကာလ ၁၉၇၀ႏွစ္လယ္မ်ားမွာေတာ့ စကၤာပူရဲ႕ စီးပြားေရးဟာ အလုပ္သမားဗဟိုျပဳ စီးပြားေရးပံုစံ ျဖစ္ပါတယ္။စကၤာပူ အစိုးရရဲ႕ စည္းစနစ္ က်နမႈ၊ လာဘ္စားမႈကင္းတဲ့ အစိုးရအဖြဲ႕အစည္းနဲ႕ လုပ္ခနည္း ေပၚလစီတို႕ေၾကာင့္ ႏိုင္ငံျခား ပုဂၢလိက ကုမၸဏီေတြဟာ စကၤာပူႏိုင္ငံအတြင္းကို အလံုးအရင္းနဲ႕ ၀င္ေရာက္လာခဲ့ပါတယ္။ ဒါေတြဟာ စကၤာပူႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မႈကို အကူအညီ အမ်ားၾကီး ျဖစ္ေစခဲ့ပါတယ္။
၁၉၇၉ ခုႏွစ္မွာေတာ့ ပီေအပီအစိုးရဟာ လုပ္ခနည္း ေပၚလစီအစား စီးပြားေရး ရင္းႏွီးျမွဳပ္ႏွံမႈနဲ႕ နည္းပညာ  လုပ္ငန္းေတြကို ဦးစားေပး ေဆာင္ရြက္လာပါတယ္။အထူးသျဖင့္ ၁၉၈၀ ခုႏွစ္ မွာေတာ့ ကြန္ျပဴတာနဲ႕ ကြန္ျပဴတာဆိုင္ရာ နည္းပညာလုပ္ငန္းမ်ားကို အထူးစီမံကိန္းနဲ႕ တိုးတက္ေအာင္ စီမံ ေဆာင္ရြက္ခဲ့ပါတယ္။ ၁၉၈၄မွာ ပီေအပီ အစိုးရဟာ စကၤာပူႏိုင္ငံကို ဆြမ္ဇာလန္ ႏိုင္ငံရဲ႕ အေန အထားသို႕ ေရာက္ေအာင္ ပို႕ေပးမယ္လို႕ေၾကြးေၾကာ္ခဲ့ပါတယ္။
၁၉၈၅-၈၆ စီးပြားေရးပ်က္ကပ္ကို ၾကံဳရျပီးတဲ့ ေနာက္မွာေတာ့ စကၤာပူအစိုးရဟာ ကုန္ထုတ္မႈ လုပ္ငန္းမ်ား၊ ဘဏာေရးႏွင့္ ႏိုင္ငံတကာ အၾကား ကူးလူး ဆက္ဆံမႈ လုပ္ငန္းေတြ အေပၚမွာ အားစိုက္ ေဆာင္ရြက္လာ ေစခဲ့ပါတယ္။ ၁၉၉၀ ကာလမ်ားမွာေတာ့ စကၤာပူ ႏိုင္ငံရဲ႕ စီးပြားေရး ပံုစံဟာ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ား အျပင္ ၀န္ေဆာင္မႈ လုပ္ငန္းမ်ားအေပၚမွာ ဦးစားေပး လာခဲ့ပါတယ္။
၁၉၉၁ ခုႏွစ္မွာေတာ့ နည္းဗ်ဴဟာက် စီးပြားေရးပံုစံ (Strategic Economic Plan)ကို ခ်မွတ္ျပီး ႏိုင္ငံတကာ ပို႕ကုန္လုပ္ငန္းမွာ ယွဥ္ျပိဳင္ႏိုင္ဖို႕အတြက္ ပညာေရးနဲ႕လူ႕အရင္းအျမစ္ ဖြံ႕ျဖိဳးတိုးတက္ေရးကို အားစိုက္ ေဆာင္ရြက္လာခဲ့ပါတယ္။ ၀န္ေဆာင္မႈ လုပ္ငန္းမ်ားကို ပံ့ပိုးေပးသည့္အျပင္ Operational Headquarters (OHQ) program ကို ခ်မွတ္ျပီး ကုမၸဏီမ်ားကို စကၤာပူႏိုင္ငံမွာ ဗဟိုဌာန ထားရွိၾကဖို႕ တိုက္တြန္း ပံ့ပိုးေပးခဲ့ပါတယ္။ အႏုပညာဆိုင္ရာ လုပ္ငန္းမ်ား၊ ေဖ်ာ္ေျဖမႈလုပ္ငန္းမ်ားႏွင့္ မီဒီယာ လုပ္ငန္းမ်ားကိုပါ ဦးစားေပး ေဆာင္ရြက္လာၾကပါတယ္။ ကုန္ထုတ္လုပ္ငန္းအဆင့္ကေန innovation-driven လုပ္ငန္းမ်ား အဆင့္ကို တိုးျမွင့္လာခဲ့ပါတယ္။ စကၤာပူ၊ ဂ်ိဳေဟာနဲ႕ အင္ဒိုနီးရွားတို႕ ပူးေပါင္းျပီး  ဘာတန္ ကၽြန္း ဖြံ႕ျဖိဳး တိုးတက္ေအာင္ ေဆာင္ရြက္ဖို႕ စကၤာပူက ဦးေဆာင္ စည္းရံုးခဲ့ပါတယ္။ အခု ပရိုဂရမ္ေၾကာင့္ စကၤာပူဟာ လုပ္ခနည္း အလုပ္သမားေတြကို အသံုးခ်ခြင့္ ရျပီး သူ႕ရဲ႕ စက္မႈလုပ္ငန္း ဖြံ႕ျဖိဳးမႈကို ထိန္းသိမ္းထားႏိုင္ခဲ့ပါ တယ္။
၁၉၉၆-၉၇ မွာ ျဖစ္ေပၚခဲ့တဲ့ အာဆီယမ္ စီးပြားေရး ပ်က္ကပ္ဟာ စကၤာပူႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္ မႈကို ယာယီသာ အဟန္႕အတား ျဖစ္ေစခဲ့ပါတယ္။ စကၤာပူႏိုင္ငံ၏ စက္မႈလုပ္ငန္း ဖြံ႕ျဖိဳးမႈကို အဓိကအတား အဆီး ျဖစ္ေစတဲ့ အခ်က္ကေတာ့ လုပ္ခ လစာေတြ ျမင့္တက္လာျခင္းပဲ ျဖစ္ပါတယ္။ ဒီျပသာနာကို ေျဖရွင္း ႏိုင္ဖုိ႕ အတြက္ စကၤာပူ အစိုးရဟာ အေထြေထြ ကုန္က်စရိတ္ေတြကို ေလ်ာ့ခ်ဖို႕ ၾကိဳးစားျခင္း၊ ကုန္ထုတ္မႈ စြမ္းရည္ ျမွင့္တင္ႏိုင္ဖုိ႕ ၾကိဳးစားျခင္းမ်ားျဖင့္ လုပ္ခ လစာေတြ ျမင့္တက္လာျခင္းကို ထိန္းဖို႕ ၾကိဳးစားခဲ့ပါ တယ္။ စကၤာပူ ေငြေၾကးမာလာျခင္းဟာလဲ ႏိုင္ငံျခား ကုမၸဏီေတြအေနနဲ႕ စကၤာပူ ႏိုင္ငံက ထြက္ခြာလာဖို႕ ျဖစ္လာပါတယ္။ ဒါကိုေတာ့ အစိုးရဟာ ရင္းႏွီးျမွဳပ္ႏွံမႈ မ်ားတဲ့ ကုမၸဏီေတြကို ဦးစားေပးျခင္းျဖင့္ ေျဖရွင္းေပးခဲ့ပါတယ္။၂၀၀၁ ခုႏွစ္မွာျဖစ္ေပၚခဲ့တဲ့ dot.com ရဲ႕ ျပိဳလဲျခင္း၊ အေမရိကန္ႏိုင္ငံ စက္တင္ဘာ ၁၁ အေရးအခင္းတို႕က စကၤာပူႏိုင္ငံရဲ႕ စီးပြားေရးကို ပိုမိုဂယက္ ရိုက္ေစခဲ့ပါတယ္။
၂၀၀၃ ခုႏွစ္မွာေတာ့ စကၤာပူ အစိုးရက ကမၻာ့စီးပြားေရးမွာ အခ်က္အခ်ာက်ေသာ ႏိုင္ငံ (Global City) အျဖစ္ကို ကူးေျပာင္းမယ္လို႕ ေၾကြးေၾကာ္ခဲ့ပါတယ္။

၅) ဖြံ႕ျဖိဳးတုိးတက္မႈမ်ားႏွင့္ စကၤာပူ ႏိုင္ငံေရး

စကၤာပူ ႏိုင္ငံ၏ ဖြံ႕ျဖိဳးတိုးတက္မႈရဲ႕ အဓိက အေၾကာင္းဟာ ႏိုင္ငံေရး တည္ျငိမ္မႈေၾကာင့္လို႕ ဆိုႏိုင္ပါတယ္။ မေလးရွား ႏိုင္ငံက ခြဲထြက္လာခ်ိန္ကစလို႕ စကၤာပူ ႏိုင္ငံေရးကို PAP (People’s Action Party)က ဦးေဆာင္ ႏိုင္ခဲ့ပါတယ္။ PAP အစိုးရရဲ႕ ႏိုင္ငံေရး အုပ္ခ်ဳပ္မႈဟာ ဒီမိုကေရစီ စံႏႈန္းေတြထက္ ႏိုင္ငံေရး တည္ျငိမ္မႈကို ဦးစားေပးခဲ့တဲ့ အစိုးရအျဖစ္ လူသိမ်ားပါတယ္။ စကၤာပူႏိုင္ငံ လြတ္လပ္ေရး ရခ်ိန္ကစလို႕ ၄ ႏွစ္ တၾကိမ္ (သို႕) ၅ ႏွစ္တၾကိမ္ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲ တိုင္းမွာ PAP (People’s Action Party) ပါတီဟာ အမတ္ေနရာ အမ်ားစုနဲ႕ အျမဲ အႏိုင္ရခဲ့ ပါတယ္။ အဲဒီလို အႏိုင္ရမႈေတြေၾကာင့္လဲ PAP ပါတီဟာ ႏိုင္ငံေရး ေပၚလစီေတြကို စဥ္ဆက္မျပတ္ က်င့္သံုးႏိုင္ခဲ့ပါတယ္။ ဒါမို႕လဲ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္မႈေတြကို PAP ပါတီဟာ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ရာစုႏွစ္ ၂ ခု အတြင္းမွာ စကၤာပူႏိုင္ငံဟာ ႏိုင္ငံ တကာက အသိအမွတ္ျပဳရေလာက္ေအာင္ စီးပြားေရး ဖြံ႕ျဖိဳးတိုးတက္လာခဲပါ့တယ္။ အေျခခံ လိုအပ္ခ်က္ ေတြ ျဖစ္တဲ့ အိမ္ယာ၊ ပညာေရးႏွင့္ က်န္းမာေရး ကိစၥေတြမွာ ျပည္သူအမ်ားစု ေက်နပ္္ေအာင္ PAP အစိုးရ ဟာ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ႏိုင္ငံတကာ ရင္းႏွီးျမဳပ္ႏွံမႈေတြနဲ႕ ေရတို ေရရွည္ စီမံကိန္းေတြကို ခ်မွတ္ ရာမွာ PAP အစိုးရဟာ မွန္မွန္ကန္ကန္ ဆံုးျဖတ္ႏိုင္ခဲ့မႈေတြဟာ PAP ပါတီဟာ ျပည္သူေတြရဲ႕ ေထာက္ခံမႈ ေတြကို ရရွိေစျခင္း အေၾကာင္းရင္းျဖစ္ပါတယ္။ ဒါ့အျပင္ အင္အားေကာင္းတဲ့ အတိုက္အခံ ပါတီ မရွိျခင္း ဟာလဲ PAP ပါတီ ေအာင္ျမင္ရတဲ့ တေၾကာင္းျဖစ္ပါလိမ့္မယ္္။

၆) ႏိုင္ငံေရး လွည့္ကြက္မ်ားနဲ႕ PAP

PAP ပါတီဟာ ႏိုင္ငံေရးကို လႊမ္းမိုးထိန္းသိမ္းႏိုင္ဖို႕ အစီအစဥ္မ်ားကို ေသခ်ာခ်မွတ္ ေဆာင္ရြက္ ခဲ့ပါတယ္။

၁၉၆၀ ဇူလိုင္လ ၁ ရက္ေန႕မွာ လူထုပါတီလို႕ အမည္ရတဲ့ The People’s Association (PA) အသင္းကို ဖြဲ႕စည္းခဲ့ပါတယ္။ ဒီအသင္းဟာ ျပည္သူေတြရဲ႕ ၾကားထဲမွာ လူမ်ိဳးေရး ညီညႊတ္မႈနဲ႕ ရပ္ကြက္ေဒသေတြ ဖြ႔ံျဖိဳး တိုးတက္မႈကို ေဆာင္ရြက္ႏိုင္ဖို႕လို႕ အမည္ခံခဲ့ေပမဲ့ ဒီအသင္းဟာ PAP အစိုးရရဲ႕ ေက်ာေထာက္ ေနာက္ခံ အသင္းတခုဆိုတာ သိသာထင္ရွားေနပါတယ္။

၁၉၈၁ ေရြးေကာက္ပြဲ မွာေတာ့ PAP ပါတီဟာ ပထမဆံုး အမတ္ေနရာ ၁ ေနရာကို အလုပ္သမားပါတီက J.B. Jeyaretnam ဆီမွာ လက္လႊတ္ဆံုးရွံံဳးခဲ့ရပါတယ္။ ၁၉၈၄ မွာ ေရြးေကာက္ပြဲမွာေတာ့ အလုပ္သမားပါတီ က အမတ္ တေနရာနဲ႕ စကၤာပူ ဒီမိုကေရစီပါတီက အမတ္ တေနရာကို အႏိုင္ရခဲ့ပါတယ္။အဲ့ဒီေနာက္ ၁၉၉၆ မွာေတာ့ အမတ္ ၄ ေနရာ အထိ လက္လႊတ္ခဲ့ရျပီး ၂၀၁၁ ေရြးေကာက္ပြဲဟာေတာ့ PAP ပါတီရဲ႕ သမိုင္း ေၾကာင္းအတြက္ အမည္းစက္တြင္ ေစတဲ့ ႏွစ္လို႕ ဆိုရေလာက္ေအာင္ မဲအနဲငယ္နဲ႕သာ အႏိုင္ရခဲ့ပါတယ္။

အမတ္ေနရာ ၆ ေနရာကို အတိုက္အခံ ပါတီေတြဆီကို လက္လႊတ္ဆံုးရွံဳးခဲ့ရပါတယ္။

ဒီေရြးေကာက္ပြဲေတြရဲ႕ ရလဒ္ဟာ PAP ပါတီရဲ႕ အေျခအေနကို မီးေမာင္းထိုးျပသလို ျဖစ္ေနပါတယ္။ PAP ပါတီဟာ ဟိုးတခ်ိန္ကလို လူၾကိဳက္မမ်ားလာေတာ့ဘူးဆိုတာ သိသာထင္ရွားေစတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေတြ ဘာလို႕ ျဖစ္ရသလဲ။ ဒီအခ်က္ေတြကို ေလ့လာၾကည့္မယ္ဆိုရင္ အေၾကာင္းအခ်က္မ်ားစြာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ပထမဆံုး အခ်က္ကေတာ့ PAP ပါတီဟာသူရဲ႕ေအာင္ျမင္ တိုးတက္မႈကို သူကိုယ္တုိင္ မႏိုင္ေတာ့တာပဲ ျဖစ္ပါတယ္။ အခက္အခဲ အၾကပ္အတည္းမ်ားစြာကို ေျဖရွင္းႏိုင္ခဲ့တဲ့ PAP အစိုးရအေပၚမွာ ျပည္သူေတြက ပိုလို႕ ပိုလို႕ ေမွ်ာ္လင့္လာခဲ့ပါတယ္။ ဒီ ေမွ်ာ္လင့္ခ်က္ေတြကို PAP အစိုးရအေနနဲ႕ ျဖည့္ဆည္းေပးဖို႕ ခက္ခဲ လာပါတယ္။ ဒုတိယ အခ်က္ကေတာ့ ေခတ္ပညာတတ္ လူလတ္တန္းစားလူငယ္ေတြ ပိုမို မ်ားျပားလာျခင္း ျဖစ္ပါတယ္။ ဒီလူငယ္ေတြဟာ ေခတ္ပညာတတ္ေတြ ျဖစ္တာနဲ႕အညီ လူ႕အခြင့္အေရးနဲ႕ ဒီမိုကေရစီ သေဘာ တရားမ်ားကို ပိုလို႕ ေတာင္းဆို သိျမင္လာၾကပါတယ္။ တတိယအခ်က္ကေတာ့ PAP အစိုးရရဲ႕ အမွား မကင္းေသာ ေပၚလစီ အခ်ိဳ႕ေၾကာင့္ပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ႏိုင္ငံျခားသား အမ်ားအျပား ႏိုင္ငံ တြင္း ၀င္ေရာက္လာျခင္းကို ျပည္သူအမ်ားစုက မေက်မနပ္ျဖစ္လာခဲ့ပါတယ္။

PAP ပါတီဟာ စကၤာပူ ႏိုင္ငံေရးကို ဆက္လက္ လႊမ္းမိုးထားႏိုင္ဖို႕နဲ႕  ျပည္သူေတြ အစိုးရအေပၚ ေက်နပ္ လာေစဖို႕ နည္းအမ်ိဳးမ်ိဳး၊ ေပၚလစီ အမ်ိဳးမ်ိဳးကို ခ်မွတ္ က်င့္သံုးလာခဲ့ပါတယ္။ ၁၉၈၅ ခုႏွစ္မွာ ျပည္သူေတြ ရဲ႕ အသံကို နားေထာင္ႏိုင္ဖို႕  Public Feedback Unit ကို ဖြဲ႕စည္းခဲ့ပါတယ္။

 ကိုးကား၊ NTU Engineering & Society Lecture notes by Prof Tan Chye Guan and references therein.
ေလ့လာေတြ႕ရွိခ်က္။ ။ ႏိုင္ငံ တႏိုင္ငံ ဟာ စစ္ေရး အရ အခ်က္အခ်ာက်တဲ့ ေနရာတခု ျဖစ္ေနျခင္းဟာ ဖြံ႕ျဖိဳးတိုးတက္ဖို႕ လံုေလာက္တဲ့ အခ်က္ မျဖစ္ပါဘူး။ စစ္ေရးအရ အခ်က္အခ်ာက်ျခင္းဟာ ႏိုင္ငံအတြက္ အႏၱရာယ္ေတြကို ဖိတ္ေခၚေစတဲ့အတြက္ အေကာင္းထက္ အဆိုးကို ျဖစ္ေစပါတယ္။ တဖက္က ၾကည့္မယ္ဆိုရင္လဲ စီးပြားေရး အရ အခ်က္အခ်ာက်တဲ့ေနရာ တခုျဖစ္ဖို႕ လံုေလာက္တဲ့ ႏိုင္ငံေရး ကာကြယ္မႈ ရွိရပါတယ္။ ဒီေနရာမွာ စစ္ေရး နဲ႕ ႏိုင္ငံေရး မတူညီတာကို သတိျပဳဖို႕ လိုပါတယ္။