Computer Vision & Image Processing Intro

Posted on Updated on

ကျမ စာသင်တဲ့အခါတိုင်း ကျောင်းသူကျောင်းသားတွေ သို့ seminar လာတက်သူတွေက power point တောင်းလေ့ရှိကြပါတယ်..များသောအားဖြင့် ပေးလေ့မရှိပါဘူး။

၁) ကျမရဲ့ ပြင်ဆင်ထားတဲ့ power point က မပြည့်စုံလို့ပါ။.. ကျမက စာသင်တဲ့ နေရာမှာ power point မှာ ပြင်ထားသမျထက် အများကြီး ပိုပြောလေ့ရှိပါတယ်။ အဲလို သင်ခြင်းအားဖြင့် နားထောင်သူတွေအ နေနဲ့ ပိုပြီး စိတ်၀င်စားမှတ်မိစေတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။

၂) တခုကတော့ ကျမကိုယ်တိုင် အချိန် ပေးပြင်ဆင်ထားတဲ့ အရာတခုကို တန်ဖိုးထားစေချင်လို့ပါ။အင်တာနက်မှာ အလွယ်တကူ ရတဲ့ power point တွေကို လွယ်လွယ်ယူသုံးပြီး ကိုယ် ပြင်ဆင်ထားတဲ့ အရာတခုလို လူတွေကို လိမ်ကြတာလဲ မကြိုက်လို့ပါ။

သို့ ေသာ် သွားလာရခက်ခဲတဲ့.. ေလာလောဆယ် ကျမ မသွားနိုင်သေးတဲ့ မြို့ကလူတွေ အနေနဲ့ ေလ့လာချင်ရင် လေ့လာနိုင်ဖို ့  19ရက် ၁၂ လ နဲ့ ၃၁ ရက် ၁၂ လ ၂၀၁၆ က MTU နဲ့ YTU မှာ  ပြောဖြစ်ခဲ့တဲ့ power point ကို တင်ပေးလိုက်ပါတယ်…

MTU မှာတော့ audience က မာစတာ ကျောင်းသူကျောင်းသားတွေဖြစ်လို့ သူတို့ကို research နဲ့ ပတ်သတ်လို့ မိတ်ဆက် ပြောကြားပြီးမှ Image Processing ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

research_seminar_mtu_19_12_2016

YTU မှာတော့ ၃ နာရီ ကြာ ပြောကြားခဲ့တာ ဖြစ်ပြီး အပိုင်း (၃) ပိုင်း ခွဲပြီး ပြောကြားခဲ့ပါတယ်။Image Processing MATLAB နဲ့ Active CCTV မိတ်ဆက်သာ ဖြစ်တဲ့အတွက် တပိုင်းချင်းမှာ အကြောင်းအရာ အနည်းငယ်စီကိုသာ ထိတွေ့နိုင်ခဲ့ပါတယ်။ စိတ်ပါ၀င်စားသူများ အောက်ပါလင့်မှာ download ရယူနိုင်ပါတယ်။

research_seminar_ytu_31_12_2016

(zawgyi version)




သို့ သော် သွားလာရခက်ခဲတဲ့.. လောလောဆယ် ကျမ မသွားနိုင်သေးတဲ့ မြို့ကလူတွေ အနေနဲ့ လေ့လာချင်ရင် လေ့လာနိုင်ဖို့  19ရက် ၁၂ လ နဲ့ ၃၁ ရက် ၁၂ လ ၂၀၁၆ က MTU နဲ့ YTU မှာ ပြောဖြစ်ခဲ့တဲ့ power point ကို တင်ပေးလိုက်ပါတယ်…



