What is PhD?

Image Posted on Updated on

ဒေါက်တာဘွဲ့ဟု ကျွန်မတို့ အလွယ်တကူခေါ်ဆိုနေသော Ph.D (Doctor of Philosophy) ကို တိုက်ရိုက် ဘာသာပြန်ရမည် ဆိုပါက အတွေးအခေါ် ပညာရှင်ဟု ပြန်ဆိုရပေလိမ့်မည်။ တခု သတိပြုရမည်မှာ Ph.D ဆိုသော စကားလုံးတွင် သုံးထားသည့် Philosophy ဆိုသည််မှာ မူလ ဂရိ အဓိပ္ပာယ်ဖြစ်သော အသိဉာဏ် ပညာရှင်ကိုပါ ရည်ညွှန်းသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ မည်သို့ ဘာသာပြန်သည်ဖြစ်စေ PhD ဆိုသည်မှာ လူတယောက်အား ဆရာများ၏ သင်ကြားမှုထက် ကျော်လွန်ပြီး မိမိ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် တွေးခေါ် လုပ်ဆောင်နိုင်စေရန် လေ့ကျင့်ပေးသော ကာလ တခုပင် ဖြစ်သည်။ PhD ကျောင်းသား တယောက်သည် သူရွေးချယ်ရာ စာတမ်းခေါင်းစဉ်အောက်တွင် ရှိသည့် နည်းပညာပိုင်းဆိုင်ရာများကို ကျွမ်းကျင် တတ်မြောက်ရမည်ဆိုသည်မှာ မည်သူမှ မငြင်းဆိုသည့် အချက်ပင် ဖြစ်သည်။ သို့သော် လူအများ သတိမပြုမိသည့် အချက်ကား PhD သည် အခြား အရည်အချင်းများစွာကိုလဲ သင်ကြားပေးသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
ယေဘူယျအားဖြင့် PhD ကျောင်းသား တယောက်၏ သီးစစ်တခုတွင် မပါမဖြစ် အခန်း ၃ ခု ပါဝင်ရပါသည်။ ပထမ အခန်းမှာ Introduction ဟု ခေါ်ဆိုသောနိဒါန်းပင် ဖြစ်သည်။နိဒါန်းတွင် မိမိ ရွေးချယ်သော ခေါင်းစဉ် ရာဇဝင်နှင့် ပတ်သတ်ပြီး သမိုင်းကြောင်းကို ပထမဆုံး ရှင်းပြရသည်။ထို့နောက် စာတမ်းခေါင်းစဉ်၏ အဓိပ္ပာယ်နှင့် ရွေးချယ်ရသည့် အကြောင်းအရင်းကို စာဖတ်သူ နားလည်အောင် ရှင်းပြရပါသည်။ဤအရည် အချင်းသည် PhDဘွဲ့တခုအတွက်သာမက ကျွန်မတို့၏ လက်တွေ့ဘဝ နေရာ တော်တော်များများတွင် ကျင့်သုံးရသည့် အချက်ပင် ဖြစ်သည်။ သမိုင်းကို သိမှသာ ကျွန်မတို့ ဘာဆက်လုပ်မည်ကို ဆုံးဖြတ်နိုင်မည််။ မိမိ ဖြေရှင်းလိုသော ပြသာနာတခုနှင့် မိမိရွေးချယ်သော နည်းစနစ်ကို အများ နားလည် လက်ခံ လာအောင် စည်းရုံးနိုင်မှသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။
ဒုတိယ မပါမဖြစ် အခန်းမှာ Literature Review ဟု ခေါ်ဆိုသော မိမိ ရွေးချယ်ရာ စာတမ်း ခေါင်းစဉ်နှင့် ဆက်နွယ် နေသော လူများ၏ လုပ်ပြီးခဲ့သော အလုပ်များ၊ လက်ရှိအလုပ်များကို လေ့လာကာ အကျဉ်းချုပ် သဘော တင်ပြရသောအခန်းဖြစ်သည်။တခြားလူများ ဘာလုပ်နေသည်ကို လေ့လာပြီးှ မိမိ ဘာလုပ်သ့င် သည်၊ ဘာလုပ်နိုင်မည်ဆိုသည်ကို ဆုံးဖြတ်နိုင်စေရန် ပြင်ဆင်ပေးခြင်းပင် ဖြစ်ပေသည်။လက်ဝှေ့သမားမှ အစ နိုင်ငံရေးသမားအလယ်၊ အနုပညာသမား အဆုံး မိမိ ပြိုင်ဘက်နှင့် မိမိ၏ မိတ်ဆွေကို သိထားမှသာ ကြိုးဝိုင်းအတွင်း တက်ညီလက်ညီ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါလား။
နောက်ဆုံး မပါမဖြစ် အခန်းမှာမူ Conclusion ဆိုသည့် နိဂုံးပင် ဖြစ်ပါသည်။ နိဂုံးဟုဆို၍ အဆုံးသတ်ခြင်းဟု ယူဆပါက မှားပါလိမ့်မည်။ ဤအခန်းတွင် မိမိလုပ်ဆောင်ခဲ့သော လုပ်ငန်းတခုချင်း၏ အကောင်း၊ အဆိုး အကျိုးအပြစ်ကို သုံးသပ်ခြင်း ပါဝင်ရမည်။ နောင်လာနောင်သားများအနေဖြင့် လက်ရှိစာတမ်းကို ဆက်လက် လုပ်ကိုင်မည်ဆိုပါက မည်သည့်အရာများတွင် တိုးတက်အောင် ဆောင်ရွက်နိုင်မည်၊ မည်သည့်အရာများကို ပြုပြင်နိုင်မည် စသည်ဖြင့် နောက်လာ မည့် လူငယ်များကို လမ်းကြောင်းသည့် အနာဂတ် အစီအစဉ်များ ပါဝင် ရမည် ဖြစ်သည်။ မိမိ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအပေါ် အခြေအနေမှန်ကို အမှန် အတိုင်း သုံးသပ် နိုင်ခြင်း၊ မျိုးဆက်သစ်များအတွက် အနာဂတ် အစီအစဉ်များကို ပြင်ဆင်ပေးခြင်း စသည်ဖြင့် တန်ဖိုးရှိသော အရည်အချင်းများစွာကို လေ့ကျင့်ပေးခြင်းပင် ဖြစ်သည်။
ထိုအချက်များ အပြင် PhD ကျောင်းသားများ သင်ယူရသော အခြား အရည်အချင်းများစွာလဲ ရှိသေးသည်။ PhD ကျောင်းသားတယောက်သည် မိမိ လုပ်နေသော စာတမ်းနှင့် ပတ်သတ်၍ စာတမ်းငယ်များစွာကို နည်းပညာဆိုင်ရာ ဂျာနယ်များတွင် တင်ပြနိုင်ရန် ကြိုးစားရပါသည်။ထိုသို့ တင်ပြကြရာတွင်တကြိမ်တခါဖြင့် ဂျာနယ်တွင် ဖော်ပြခွင့်ရသည့်အဖြစ်မှာ ရှိခဲ့သည်ဟုဆိုလျှင် အင်မတန် နည်းပါးသော ရာခိုင်နှုန်းအနည်းငယ် သာ ဖြစ်ပါလိမ့်မည်။ကျောင်းသားအများစုမှာ အငြင်းပယ်ခံရခြင်း၊ ပြင်ဆင်၍ ပြန်လည်တင်ပြစေခြင်း စသည့် အယ်ဒီတာများ၏ ဆုံးဖြတ်ချက်ကို နာခံကြရပါသည်။အချို့ကျောင်းသားများမှာ အကြိမ်ကြိမ် အငြင်းပယ်ခံရ သည်၊ အချို့မှာ တကြိမ်တခါ ပြန်လည်ပြင်ဆင်၍ တင်ပြပြီးနောက် ဂျာနယ်တွင် ဖော်ပြခွင့်ရသည်။ ငြင်းပယ် ခံရသည် ဆိုရာတွင် တရားသဖြင့် ငြင်းပယ်ခြင်း ခံရသည်ရှိသလို အကြောင်းကြောင်းကြောင့် မတရားသဖြင့် ငြင်းပယ်ခံရ သည်လဲ ရှိတတ်ပေသည်။မည်သို့ဖြစ်စေ PhD ကျောင်းသား အများစုမှာ အရှုံး (သို့) ငြင်းပယ်မှုကို ခံယူဖူးသူများ ဖြစ်သည်။ထို အရှုံးကို လက်သင့်ခံကာ ကြံကြံခံ ရင်ဆိုင်နိုင်သူများ ဖြစ်သည်။
ဤအရည်အချင်းမှာ လောကကြီးအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရည်အချင်း တခုပင် မဟုတ်ပါလား။ ဤ အရည်အချင်းကို PhD ဘွဲ့ က ကျောင်းသားကိုယ်တိုင် သင်ယူနေမှန်း မသိလိုက်ရပဲ သင်ကြားပေးပါသည်။နိဂုံးချုပ်ရသော် PhD ဆိုသည်မှာ တက္ကသိုလ်တွင် ပညာ ပြန်လည်သင်ကြားပေးရန်သာ အသုံးဝင်သည့် နည်းပညာများကိုသာ သင်ကြားပေးလိုက်သည့် ဘွဲ့တခု မဟုတ်ပါ။ ဘဝတွင် မရှိမဖြစ် လိုအပ်သည့် ဘဝ နေနည်း အနုပညာများကိုပါ သင်ကြားပေးလိုက်သော ဘွဲ့တခုသာ ဖြစ်ပါသည်။
(zawgyi version)
ေဒါက္တာဘြဲ႕ဟု ကၽြန္မတို႕ အလြယ္တကူေခၚဆိုေနေသာ Ph.D (Doctor of Philosophy) ကို တိုက္ရိုက္ ဘာသာျပန္ရမည္ ဆိုပါက အေတြးအေခၚ ပညာရွင္ဟု ျပန္ဆိုရေပလိမ့္မည္။ တခု သတိျပဳရမည္မွာ Ph.D  ဆိုေသာ စကားလံုးတြင္ သံုးထားသည့္ Philosophy ဆိုသည္္မွာ မူလ ဂရိ အဓိပၸာယ္ျဖစ္ေသာ အသိဥာဏ္ ပညာရွင္ကိုပါ ရည္ညႊန္းသည္ဆိုသည့္ အခ်က္ပင္ ျဖစ္သည္။ မည္သို႕ ဘာသာျပန္သည္ျဖစ္ေစ PhD ဆိုသည္မွာ လူတေယာက္အား ဆရာမ်ား၏ သင္ၾကားမႈထက္ ေက်ာ္လြန္ျပီး မိမိ၏ ကိုယ္ပိုင္ အစြမ္းအစျဖင့္ ေတြးေခၚ လုပ္ေဆာင္ႏိုင္ေစရန္ ေလ့က်င့္ေပးေသာ ကာလ တခုပင္ ျဖစ္သည္။ PhD ေက်ာင္းသား တေယာက္သည္ သူေရြးခ်ယ္ရာ စာတမ္းေခါင္းစဥ္ေအာက္တြင္ ရွိသည့္ နည္းပညာပိုင္းဆိုင္ရာမ်ားကို ကၽြမ္းက်င္ တတ္ေျမာက္ရမည္ဆိုသည္မွာ မည္သူမွ မျငင္းဆိုသည့္ အခ်က္ပင္ ျဖစ္သည္။ သုိ႕ေသာ္ လူအမ်ား သတိမျပဳမိသည့္ အခ်က္ကား PhD သည္ အျခား အရည္အခ်င္းမ်ားစြာကိုလဲ သင္ၾကားေပးသည္ ဆိုသည့္ အခ်က္ပင္ ျဖစ္သည္။
ေယဘူယ်အားျဖင့္ PhD ေက်ာင္းသား တေယာက္၏ သီးစစ္တခုတြင္ မပါမျဖစ္ အခန္း ၃ ခု ပါ၀င္ရပါသည္။ ပထမ အခန္းမွာ Introduction ဟု ေခၚဆိုေသာနိဒါန္းပင္ ျဖစ္သည္။နိဒါန္းတြင္ မိမိ ေရြးခ်ယ္ေသာ ေခါင္းစဥ္ ရာဇ၀င္ႏွင့္ ပတ္သတ္ျပီး သမိုင္းေၾကာင္းကို ပထမဆံုး ရွင္းျပရသည္။ထို႕ေနာက္ စာတမ္းေခါင္းစဥ္၏ အဓိပၸာယ္ႏွင့္ ေရြးခ်ယ္ရသည့္ အေၾကာင္းအရင္းကို စာဖတ္သူ နားလည္ေအာင္ ရွင္းျပရပါသည္။ဤအရည္ အခ်င္းသည္ PhDဘြဲ႕တခုအတြက္သာမက ကၽြန္မတို႕၏ လက္ေတြ႕ဘ၀ ေနရာ ေတာ္ေတာ္မ်ားမ်ားတြင္ က်င့္သံုးရသည့္ အခ်က္ပင္ ျဖစ္သည္။ သမိုင္းကို သိမွသာ ကၽြန္မတို႕ ဘာဆက္လုပ္မည္ကို ဆံုးျဖတ္ႏိုင္မည္္။ မိမိ ေျဖရွင္းလိုေသာ ျပသာနာတခုႏွင့္ မိမိေရြးခ်ယ္ေသာ နည္းစနစ္ကို အမ်ား နားလည္ လက္ခံ လာေအာင္ စည္းရံုးႏိုင္မွသာလွ်င္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္မည္။
ဒုတိယ မပါမျဖစ္ အခန္းမွာ Literature Review ဟု ေခၚဆိုေသာ မိမိ ေရြးခ်ယ္ရာ စာတမ္း ေခါင္းစဥ္ႏွင့္ ဆက္ႏြယ္ ေနေသာ လူမ်ား၏ လုပ္ျပီးခဲ့ေသာ အလုပ္မ်ား၊ လက္ရွိအလုပ္မ်ားကို ေလ့လာကာ အက်ဥ္းခ်ဳပ္ သေဘာ တင္ျပရေသာအခန္းျဖစ္သည္။တျခားလူမ်ား ဘာလုပ္ေနသည္ကို ေလ့လာျပီးွ မိမိ ဘာလုပ္သ့င္ သည္၊ ဘာလုပ္ႏိုင္မည္ဆိုသည္ကို ဆံုးျဖတ္ႏိုင္ေစရန္ ျပင္ဆင္ေပးျခင္းပင္ ျဖစ္ေပသည္။လက္ေ၀ွ႕သမားမွ အစ ႏိုင္ငံေရးသမားအလယ္၊ အႏုပညာသမား အဆံုး မိမိ ျပိဳင္ဘက္ႏွင့္ မိမိ၏ မိတ္ေဆြကို သိထားမွသာ ၾကိဳး၀ိုင္းအတြင္း တက္ညီလက္ညီ ယွဥ္ျပိဳင္ႏိုင္မည္ မဟုတ္ပါလား။
ေနာက္ဆံုး မပါမျဖစ္ အခန္းမွာမူ Conclusion ဆိုသည့္ နိဂံုးပင္ ျဖစ္ပါသည္။ နိဂံုးဟုဆို၍ အဆံုးသတ္ျခင္းဟု ယူဆပါက မွားပါလိမ့္မည္။ ဤအခန္းတြင္ မိမိလုပ္ေဆာင္ခဲ့ေသာ လုပ္ငန္းတခုခ်င္း၏ အေကာင္း၊ အဆိုး အက်ိဳးအျပစ္ကို သံုးသပ္ျခင္း ပါ၀င္ရမည္။ ေနာင္လာေနာင္သားမ်ားအေနျဖင့္ လက္ရွိစာတမ္းကို ဆက္လက္ လုပ္ကိုင္မည္ဆိုပါက မည္သည့္အရာမ်ားတြင္ တိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္မည္၊ မည္သည့္အရာမ်ားကို ျပဳျပင္ႏိုင္မည္ စသည္ျဖင့္ ေနာက္လာ မည့္ လူငယ္မ်ားကို လမ္းေၾကာင္းသည့္ အနာဂတ္ အစီအစဥ္မ်ား ပါ၀င္ ရမည္ ျဖစ္သည္။ မိမိ လုပ္ေဆာင္ခဲ့ေသာ လုပ္ငန္းမ်ားအေပၚ အေျခအေနမွန္ကို အမွန္ အတိုင္း သံုးသပ္ ႏိုင္ျခင္း၊ မ်ိဳးဆက္သစ္မ်ားအတြက္ အနာဂတ္ အစီအစဥ္မ်ားကို ျပင္ဆင္ေပးျခင္း စသည္ျဖင့္ တန္ဖိုးရွိေသာ အရည္အခ်င္းမ်ားစြာကို ေလ့က်င့္ေပးျခင္းပင္ ျဖစ္သည္။
ထိုအခ်က္မ်ား အျပင္ PhD ေက်ာင္းသားမ်ား သင္ယူရေသာ အျခား အရည္အခ်င္းမ်ားစြာလဲ ရွိေသးသည္။ PhD ေက်ာင္းသားတေယာက္သည္ မိမိ လုပ္ေနေသာ စာတမ္းႏွင့္ ပတ္သတ္၍ စာတမ္းငယ္မ်ားစြာကို နည္းပညာဆိုင္ရာ ဂ်ာနယ္မ်ားတြင္ တင္ျပႏိုင္ရန္ ၾကိဳးစားရပါသည္။ထိုသို႕ တင္ျပၾကရာတြင္တၾကိမ္တခါျဖင့္ ဂ်ာနယ္တြင္ ေဖာ္ျပခြင့္ရသည့္အျဖစ္မွာ ရွိခဲ့သည္ဟုဆိုလွ်င္ အင္မတန္ နည္းပါးေသာ ရာခိုင္ႏႈန္းအနည္းငယ္ သာ ျဖစ္ပါလိမ့္မည္။ေက်ာင္းသားအမ်ားစုမွာ အျငင္းပယ္ခံရျခင္း၊ ျပင္ဆင္၍ ျပန္လည္တင္ျပေစျခင္း စသည့္ အယ္ဒီတာမ်ား၏ ဆံုးျဖတ္ခ်က္ကို နာခံၾကရပါသည္။အခ်ိဳ႕ေက်ာင္းသားမ်ားမွာ အၾကိမ္ၾကိမ္ အျငင္းပယ္ခံရ သည္၊ အခ်ိဳ႕မွာ တၾကိမ္တခါ ျပန္လည္ျပင္ဆင္၍ တင္ျပျပီးေနာက္ ဂ်ာနယ္တြင္ ေဖာ္ျပခြင့္ရသည္။  ျငင္းပယ္ ခံရသည္ ဆိုရာတြင္ တရားသျဖင့္ ျငင္းပယ္ျခင္း ခံရသည္ရွိသလို အေၾကာင္းေၾကာင္းေၾကာင့္ မတရားသျဖင့္  ျငင္းပယ္ခံရ သည္လဲ ရွိတတ္ေပသည္။မည္သို႕ျဖစ္ေစ PhD ေက်ာင္းသား အမ်ားစုမွာ အရွံဳး (သို႕) ျငင္းပယ္မႈကို ခံယူဖူးသူမ်ား ျဖစ္သည္။ထို အရွံဳးကို လက္သင့္ခံကာ ၾကံၾကံခံ ရင္ဆိုင္ႏိုင္သူမ်ား ျဖစ္သည္။

ဤအရည္အခ်င္းမွာ ေလာကၾကီးအတြက္ တန္ဖိုးမျဖတ္ႏိုင္သည့္ အရည္အခ်င္း တခုပင္ မဟုတ္ပါလား။ ဤ အရည္အခ်င္းကို PhD ဘြဲ႕ က ေက်ာင္းသားကိုယ္တိုင္ သင္ယူေနမွန္း မသိလိုက္ရပဲ သင္ၾကားေပးပါသည္။

နိဂံုးခ်ဳပ္ရေသာ္ PhD ဆိုသည္မွာ တကၠသိုလ္တြင္ ပညာ ျပန္လည္သင္ၾကားေပးရန္သာ အသံုး၀င္သည့္ နည္းပညာမ်ားကိုသာ သင္ၾကားေပးလိုက္သည့္ ဘြဲ႕တခု မဟုတ္ပါ။ ဘ၀တြင္ မရွိမျဖစ္ လိုအပ္သည့္ ဘ၀ ေနနည္း အႏုပညာမ်ားကိုပါ သင္ၾကားေပးလိုက္ေသာ ဘြဲ႕တခုသာ ျဖစ္ပါသည္။