ဝါသနာနဲ့​ရွေးချယ်ခွင့်

Posted on Updated on

ဝါသနာ တကယ်ပါရဲ့လား..

ကျမဆီကို ဆယ်တန်း အောင် ကလေးတွေ ၊ တက်ကသိုလ် ကျောင်းသားလေးတွေ ၊ တချို့ အ လုပ်ခွင်က အထူးသဖြင့် ကျမမွေးရပ်မြေ၊ ကျမကြီးပြင်းခဲ့ရာ နယ်က ကလေး တွေ ကျမကို လာတွေ့တဲ့ အခါ သူတို့ တက်ရမဲ့ သို့ တက်နေတဲ့ ကျောင်းနဲ့ သူတို့ရဲ့ဝါသနာမကိုက်ဘူးလို့ ရင်ဖွင့် ငြီးငြူတတ် ကြပါတယ်။
သမီး/သားက ဘာ ဝါသနာပါလဲ မေးတော့လဲ သေချာ သိတဲ့ ကလေး ဖြေနိုင်တဲ့ ကလေး နဲပါတယ်။ တချို့ကျတော့လဲ အ ဖြေရှိပေမဲ့ အဲ့ဒီ အ ဖြေက ရင်ထဲကဆိုတာထက် ခေတ်စားနေတာ ကို သံယောင်လိုက် ဖြေကြတယ်။ ထပ်မေးလိုက်တဲ့အခါ ဝေဝါးသွားပြန်ရော။
တချို့ကျတော့ မိဘက ဆရာဝန် ဖြစ်စေချင်ခဲ့တယ်.. ကိုယ်တိုင်လဲ ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆေးလိုင်း မမှီတော့ မတတ်ရတာကိုပဲ နောင်တရရင်း လက်ရှိ တက်ကသိုလ် ကျောင်းသူ ကျောင်းသား ဘဝကို မ ပျော်မွေ့နိုင်ကြပါဘူး။

အဲဒီကလေးလေးတွေနဲ့ကြုံတိုင်း ကျမရဲ့ ဘဝကို ဝေမျဖြစ်ပါတယ်။ကျမက စာ သင်ကြား ပေးရခြင်း ဝေမျပေးရခြင်းကို တကယ် ဝါသနာပါပါတယ်။ ဒါကို ကျမရဲ့ seminar တက်ဖူးသူတိုင်း သိကြမှာပါ။၃နာရီလောက်ကို ကျောင်းသား စိတ်ဝင်စားမှုရ နိုင်ဖို့ မထိုင်တမ်း သင်ပေးနိုင်ပါတယ်။ ဘယ်လောက် ပင်ပန်း နေပါစေ ဝေမျနေရရင် ပျော်ပြီးပင်ပန်းတာ ပျောက်သွားတတ် ပါတယ်။
သို့သော် ၁၆ နှစ် အရွယ်တုန်းက အဲဒါကို ကျမ မသိခဲ့ပါဘူး။ ကိုယ်ဝါသနာ ဘာပါလဲဆိုတာလဲ မတွေးခဲ့ဖူးပါဘူး။ ကျမ ဆရာ ဖြစ်သင်တန်း ကို တတ်ဖို့ တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဆယ်တန်း အမှတ်အရ.. ဆေးကျောင်းမီတော့ ဆေးကျောင်းနဲ့ အင်ယာ ဘာရွေးမလဲသာ တွေးခဲံ့တာပါ။ အင်ယာကိုလဲ ဝါသနာ ဆိုတာထက် မိဘကို ငွေရေးကြေးရေး ငဲ့ညာလိုစိတ်နဲ့ ရွေးခဲ့တာပါ။

ကျမရဲ့ ဆောင်ပုဒ်က ရောက်တဲ့နေရာမှာ အကောင်းဆုံးကြိုးစား ရမယ်။ဘာကိုပဲ လုပ်လုပ် ကိုယ့်ရဲ့ အစွမ်းအစ အားလုံးကုန်တဲ့အထိကြိုးစားရမယ်ဆိုတာပါပဲ။ ဆုံးဖြတ်ချက်အတိုင်း လဲ ဘာကိုပဲ လုပ်လုပ် ငါမ ကြိုးစားခဲ့ ရခြင်းဆိုတဲ့ နောင်တ မရဖို့ ဥာဏ်၊ဝီရိယ အကုန်သုံးတယ်။ကြိုးစားတဲ့ အတိုင်းလဲ လုပ်တယ်။ ပျော် အောင်နေတယ်။ နောင်တ မရမိအောင်နေတယ်။ အတိတ်ကို ပြန်တွေး ပြီး ငါ ဝါသနာ မပါဘူးဆိုတာနဲ့ တွေးပြီး စိတ်ညစ်မနေပါဘူး။ အဲ့ အတွက် ရလဒ်က အခု အချိန်မှာ အင်ယာ ကောင်းတဦး ဖြစ်လာပါတယ်။ ဝါသနာ အရ Management, leadership ကိုလဲ ဦးဆောင်နိုင်သူ ဖြစ်လာတယ်။ စာ သင်ကြား ခြင်း ဆိုတာကို ပျော်မွေ့ရင်း ငွေလဲ ရှာ နိုင်လာပါတယ်။

အဲ့မို့ ကိုယ့်ဝါသနာကို သေချာ မသိသေးတဲ့ ကလေးတွေကို မှာချင်တာ က ကိုယ်ရောက်တဲ့ နေရာမှာ အစွမ်းကုန် ကြိုးစားကြည့်ပါ။ ဟို ဟာ ဝါသနာ ပါနိုးနိုး ဒီဝါသနာ ပါနိုးနိုးနဲ့ ဘဝရဲ့ အချိန် တွေကို မ ဖြုန်းပါနဲ့။ တနေ့မှာ ကိုယ် ဘယ်နေရာမှာ ပိုထူးချွန်သလဲဆိုတာ အလိုလို သိလာပါလိမ့်မယ်။

ဒီဆောင်းပါးက လမ်းပျောက်နေ . တတ်ရတဲ့ ကျောင်း. လုပ်ရတဲ့ အလုပ်ကို ငြီး ငွေ့နေတဲ့ ကလေးတွေ အတွက်ပဲ ရည်ရွယ်ပါတယ်။ ဝါသနာ ကိုလဲ သေချာ သိတဲ့ကလေးတွေကတော့ ဝါသနာအတိုင်း ရှေ့ဆက်လမ်း လျောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s