Month: March 2017

လူတန်းစား (၅) ရပ်

Posted on Updated on

မြန်မာနိုင်ငံရဲ့  ကုမ်ပဏီနှင့် အဖွဲ့  အစည်းများမှာ တွေ့ ရတတ် သောလူတန်းစား (၅) ရပ် ကို KLM Global Company မှ Mr Aung Pyae Tun သူ့ရဲ့ ကိုယ်ပိုင် အတွေ့  အကြုံနဲ့ ယှဉ်ရေးထားတာကို သဘောကျလို့  ဟာသသဘောအရ ဘာသာပြန် ဝေမျ ပေးခြင်းဖြစ်ပါတယ်။ မည်သူတဦးတယောက်ကိုမျ ထိခိုက်စေလိုခြင်း မရှိပါ။

*ဘာသာပြန် ပညာမှာ အားနည်းမှု ရှိပါသဖြင့် နားလည်ရန် ခက်ခဲခြင်း လိုအပ်ခြင်းများ ရှိနိုင်ပါသဖြင့် အင်္ဂလိပ် ဘာသာနှင့် တွဲဖတ်ကြပါရန်.

(၁) စီနီယာ ဘဘကြီး..

အုပ်ချုပ်ရေးလူကြီး (သို့ ) အကြီးအကဲ အဖွဲ့ ဝင်အဖြစ် ဘဘကြီး (သို့ ) အဘ နေရာကို ရယူထားသူ က တော့ များသောအားဖြင့် အသက် (၆၀) ၀န်းကျင်လောက် ဖြစ်တတ်ပါတယ်။ သူ ဒီနေရာကို ရထားတာကလဲ သူနဲ့  ပညာအရည်အချင်းဆိုတာထက် လုပ်သက် (သို့  ) ဒီအဖွဲ့  အစည်းနဲ့ ထူးခြားတဲ့ ပတ်သတ်မှု တခုခု ကြောင့် ရထားတာ များပါတယ်။ အဲ့အတွက် ဘဘကြီး ဆိုသူများက သူတို့  ရဲ့  ထိုင်ခုံ ပျောက်မှာကို ကြောက်ရွံ့ ပြီး မည်သူ့  ကိုမှ မယုံတတ်တဲ့ စိတ်နေစိတ်ထား ရှိတာ တွေ့  ရပါတယ်။ အလုပ်ခွဲ ဝေပေးခြင်း၊ တနည်းအားဖြင့် အုပ်ချုပ်မှု ပညာမှာ ကျွမ်းကျင်ခြင်း မရှိပါဘူး။ နံမည် ရရှိဖို့ နဲ့ သူ့ ရဲ ထိုင်ခုံ နေရာ မပျောက်သွားဖို့ ကသာ သူ့ အတွက် အရေး ကြီးဆုံး ဖြစ်နေတတ်ပါတယ်။ အဲ့အတွက် သူက များသော အားဖြင့် အရာရာကို တတ် သယောင် သိသယောင် ဆောင်ပြီး အစည်းအဝေးတွေမှာတော့ တိတ်တိတ်လေး နေလေ့ ရှိပါတယ်။ သူမသိ မတတ်တာတွေ အတွက် အခြားသူ တွေကို မေးရမှာ တခြားလူဆီက သင်ယူရမှာ ကိုလဲ ကြောက် ရွံ့  လေ့ ရှိပါတယ်။

စီနီယာ ဘဘကြီးများ ဘာတွေ ပြောင်းလဲ သင့်ပါသလဲ

စီနီယာ ဘဘကြီးများအနေဖြင့် တခု နားလည်ရမှာတော့ တချိန်က ရွှေထီးဆောင်း အောင်မြင်ခဲ့တယ်ဆိုတာ အဖွဲ့ အစည်း ကုမ်ပဏီအနေနဲ့ ကောင်းမွန်လို့  မဟုတ်ပဲ ပြိုင်ဖက်မရှိလို့ သာ အောင်မြင်ခဲ့တယ်ဆိုတာကိုပါပဲ။ အတိတ်က လုပ်ပုံလုပ်နည်းတွေက အံ့မ၀င်တော့ဘူးဆိုတာ နားလည်သဘောပေါက်ပြီး မိမိထက် ကျွမ်းကျင်သူများကို တာဝန်ခွဲဝေပေးဖို့  ဖြစ်ပါတယ်။

(၂) MBA ကိုကိုသိ ကိုကိုတတ်များ

MBA ကိုကိုသိ ကိုကိုတတ်များကတော့ သိပ်မကြာခင်အချိန်ကာလက မြန်မာနိုင်ငံတွင်း ရှိ နိုင်ငံခြား ကျောင်းတခုခု က နေ MBA ကို ငွေကြေးပမာဏ တခု အကုန်ခံရယူထားသူများ ဖြစ်ကြပါတယ်။ များသောအားဖြင့် အသက် ၃၅ နှင့် ၄၀ အတွင်း ရှိပြီး MBA သင်တန်းအတွင်း မိမိတခါမှ မမြင်ဖူး မကြုံဖူး မကြားဖူးတာကို သင်ယူခဲ့ရတဲ့အတွက် မိမိကိုယ်ကို အများကြီး သိပြီးဟု အထင်ရောက်နေကြသူများ ဖြစ်တတ်ပါတယ်။ MBA ဘွဲ့  ကြောင့်ပဲ အုပ်ချုပ်မှုနေရာကို အရယူနိုင်လိုက်သူများလဲ ဖြစ်ပြန်ပါတယ်။ သို့ သော် အလုပ်ခွင်ရောက်ပြီး မကြာခင်မှာပဲ သူ MBA မှာ သင်ယူရသမျရဲ့  ၈၀ ရာနှုန်းက လက်တွေ့  မှာ အသုံးမပြုနေတာကို တွေ့  ရတော့တာပါပဲ။ SWOT, Blue Ocean စသည့် စသည့် နည်းစနစ်ပညာများမှာ လက်တွေ့  တွင် အသုံးမပြုနေတာ ကြုံလာရတဲ့အခါ တကယ့် မြေပြင်မှာ ဘာဖြစ်နေမှန်း မသိတဲ့အခါ ဘာလုပ်ရမှန်းမသိတော့ပါဘူး။ သို့ သော် MBA ဘွဲ့  ရပီပီ တတ်ချင်ယောင် ဆက်ဟန်ဆောင်ပါတော့တယ်။

MBA ကိုကိုသိများ ဘာတွေ ပြောင်းလဲ သင့်ပါသလဲ။

MBA ကိုကိုသိများ ပထမဆုံးပြုပြင်ရမှာကတော့ စာသင်ခန်းနဲ့ လက်တွေ့  ထပ်တူမကျတာကို သဘောပေါက် ရမှာ ဖြစ်ပါတယ်။ MBA ဘွဲ့ ကို ခနတာ မေ့ထားပြီး လက်တွေ့  လုပ်ငန်းခွင်ကို ပထမဆုံး သင်ယူရပါမယ်။ သင်ယူရင်းမှ စာသင်ခန်းက ဗဟုသုတကို လက်တွေ့ မှာ စနစ်တကျ သုံးစွဲ သင့်ပါတယ်။

(၃) နိုင်ငံခြားပြန် မကြီးကျယ်များ

နိုင်ငံခြားပြန် မကြီးကျယ်များကတော့ အမေရိကန်က ပြန်လာသူများဖြစ်ပါတယ်။ အမေရိကန်မှာ စာသင် ဘွဲ့  ရပြီးနောက် မြန်မာနိုင်ငံကို ပြန်လာသူများ ဖြစ်ကြပါတယ်။ နိုင်ငံခြားမှာ လုပ်ငန်းခွင် အတွေ့  အကြုံ အနဲငယ် ရှိနိုင်သော်လည်း ကိုယ့်ရဲ့ လုပ်ငန်းကို အမှန်ကျွမ်းကျင်သူ လုံလောက်တဲ့ အတွေ့  အကြုံ ရှိသူ မဟုတ်ပြန်ပါဘူး။ သို့ သော် နိုင်ငံခြားပြန်ဖြစ်တာကြောင့် အလုပ်ဝင်ဝင်ချင်းမှာပဲ အုပ်ချုပ်ရေးရာထူးကို အရယူနိုင်ခဲ့ပါတယ်။ ရထားတဲ့ ရာထူးရယ်. သူမရဲ့  နိုင်ငံခြားအတွေ့ အကြုံတွေရယ်ကို အခြေခံလို့  ဘ၀င်မြင့် နေသူလဲ ဖြစ်တတ်ပြန်ပါတယ်။ လူအထင်ကြီးရတဲ့ အသံထွက်မှန်ကန်တဲ့ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်သူ ပီပီ ကိုယ်မှ မကယ်တင်ရင် ဒီအဖွဲ့ အစည်းက ပျက်တော့မယ်လို့ အထင်ရောက်နေသူလဲ ဖြစ်ပြန်ပါတယ်။ သူမရဲ  နိုင်ငံတကာ အတွေ့  အကြုံကို အခြေခံလို့   နိုင်ငံကိုပါ ကယ်တင်နိုင်မယ်လို့ ယုံကြည်နေသူလဲ ဖြစ်တတ်ပါတယ်။ အစည်းအဝေးတော်တော်များများမှာ အသံကျယ်ကျယ်နဲ့  စကားပြောလေ့ ရှိပြီး သူမက သာလျင် အရာရာသိပြီး ကျန်သူများက ဘာမှ မတတ်ဘူးလို့  ထင်နေတတ်သူလဲ ဖြစ်ပါတယ်။ ပြည်တွင်း ပညာရှင်တွေကို အထင်သေးပြီး သူတို့ ဆီက သင်ယူရန် မရှိဘူးလို့  တွေးနေတတ်သူလဲ ဖြစ်တတ်ပြန်ပါတယ်။

အမှန်တော့ သိပ်မကြာခင်အချိန်အတွင်းမှာ သူမ နိုင်ငံခြားမှာ အဆင်ပြေပြေ အသုံးချနိုင်တဲ့ နည်းစနစ်တွေက မြန်မာပြည်မှာတော့ အသုံးမ၀င်ဘူးဆိုတာကို နားလည်လာပါတော့တယ်။ အဲအခါမှာ တော့ သူမကို အားလုံးက ၀ိုင်းညစ်နေတယ်လို့ ခံစားပြီး စိတ်ဓါတ်ကျလာပါတော့တယ်။

မခင်ကြီးကျယ် ဘာလုပ်သင့်သလဲ။

သူမအနေနဲ့ နားလည်ရမှာကတော့ သူမ ပထမဆုံး ကယ်တင်ရမှာတော့ သူမကိုယ်တိုင်ပဲ ဖြစ်တယ် ဆိုတာကိုပါ။ ပြည်တွင်းမှာ သူမ အများကြီးလေ့လာစရာတွေ ရှိသေးတယ်ဆိုတာကို သဘောပေါက်ပြီး မိမိကိုယ်ကို နှိမ့်ချ သင်ယူဖို့  ဖြစ်ပါတယ်။

(၄) နိုင်ငံခြားသား ပညာရှင် Mr Bond များ

နိုင်ငံခြားသား ပညာရှင် Mr Bond များ ကတော့ နိုင်ငံခြားကုမ်ပဏီတခုရဲ့  ကိုယ်စားလှယ် (သို့ ) ပညာရှင် အဖြစ် ရောက်ရှိလာကြသူများ ဖြစ်ပါတယ်။ ရထားတဲ့ လစာနဲ့  ခံစားခွင့်ကောင်းကို ပိုင်ဆိုင်ထားတဲ့ အပြင် တတိယ နိုင်ငံ ဖြစ်တဲ့ မြန်မာပြည်ကို လာရောက်အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အခြားခံစားခွင့် အချို့ ကိုလဲ ရထားပြန်ပါတယ်။ ဈေးကြီးပေးရသော ဟိုတယ်၊ အိမ်ယာ၊  ကွန်ဒို စတဲ့ ပတ်ဝန်းကျင်မှာ နေပြီး သူ့ သားသမီးတွေကို နိုင်ငံ ခြားကျောင်းကောင်းကို ပို့ ပါတယ်။ လှပတဲ့ ရှုခင်းကောင်းတဲ့ နေရာတနေရာမှာ ရိုက်ထားတဲ့ သူ့ မိသားစုဓါတ်ပုံကို သူ့ ရဲ့ အလုပ်စားပွဲပေါ်မှာ တင်ထားတတ်ပါတယ်။  သူအလုပ်သွားတဲ့အခါ စမတ်ကျကျ သပ်သပ်ရပ်ရပ် ၀တ်စားပြီး အင်မတန်လှပသော သာမာန်လူ နားမလည်သော အင်္ဂလိပ်စကား ကို ပြောပါတယ်။ နိုင်ငံခြားသားဖြစ်ပြီး လူတိုင်းနားမလည်တဲ့ အင်္ဂလိပ်စကားကို သုံးနှုန်း ပြောဆိုတာအတွက် မြန်မာအများစုက သူ့ ကို အထင်ကြီး အားကျတဲ့ မျက်လုံး နဲ့ ကြည့်ပြီး တရိုတသေ ဆက်ဆံကြပါတယ်။

အဲ့အတွက် ဘ၀င်မြင့်နေပေမဲ့ စိတ်ထဲမှာတော့ သူရဲ့ မွေးရပ် နိုင်ငံ ဇာတိမှာ သူအနေနဲ့  ဒီလို အခွင့်အလမ်းကို မရနိုင်ဘူးဆိုတာကိုလဲ သိနေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ လာနေရတဲ့အချိန်က သူ့ အတွက် နောက်ရာထူး တနေ ရာကို တက်လှမ်းဖို့ လှေကားထစ်တခု အဖြစ် အသုံးချလေ့ ရှိပါတယ်။ သူ့ ရဲ့  အဖွဲ့ အစည်းမှာ ရပ်တည်နေတဲ့ တခုတည်းသော လက်နက်ကတော့ နိုင်ငံခြားသားဖြစ်လို့  မြန်မာအများစုက အထင်ကြီးကြတဲ့ အတွက် အလွယ် တကူ မိတ်ဆွေ ဖွဲ့  နိုင်ခြင်း ၊ သူ ခိုင်းသမျကို ကျန်သူများ လိုက်လုပ်အောင် စကားအောင်ခြင်း ဖြစ်ပါတယ်။

နိုင်ငံခြားသား ပညာရှင် Mr Bond များ သိသင့်တာ

သူတို့  အနေနဲ့ ပတ်ဝန်းကျင်နဲ့  မြန်မာ လူထုကပေးတဲ့ လေးစားခြင်း၊ အထင်ကြီးခြင်းတို့  ကို တလေးတစား တန်ဖိုးထားတတ်ဖို့  ဖြစ်ပါတယ်။ မြန်မာ ပညာရှင်များကို လက်တွဲခေါ်ပြီး အပြန်အလှန် လေးစားခြင်းနဲ့ တိုင်းပြည် နှင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်သင့်ပါတယ်။

(၅) ပြည်တွင်း ဘွဲ့ ရ မောင်တုန်းများ

ပြည်တွင်းဘွဲ့  ရ မောင်တုန်းများကတော့ အောက်ခြေသိမ်းအလုပ်များကို လုပ်ပေးရသူများ ဖြစ်ပါတယ်။ တက်ကသိုလ်မှာ သင်ကြားခဲ့ရသည်များကို တခုမှ မမှတ်မိ အသုံးမချနိုင်သော်လည်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားရမည့်အစား ကျန်သူများကို အပြစ်တင်ရင်း Facebook သုံးနေကြသူများ ဖြစ်ပါတယ်။ သူတို့  အကျွမ်းကျင်ဆုံးအလုပ်ကတော့ အပြစ်တင်ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသားများ၊ နိုင်ငံခြားပြန်များ၊ MBA ဘွဲ့ ရများ၊ လုပ်ငန်းရှင်များကို မကျေမနပ်ဖြစ်ရင်း မိမိကိုယ်ကို တိုးတက်အောင် လုပ်ဖို့  စာဖတ်ရန် မေ့နေကြသူများ ဖြစ်ပါတယ်။

ပြည်တွင်း ဘွဲ့ ရ မောင်တုန်းများဘာလုပ်သင့်သလဲ။

မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Facebook သုံးခြင်း ကို လျော့ပြီး စာဖတ်ဖို့  ဘာသာစကား တိုးတက်ဖို့  မိမိကိုယ်ကို တိုးတက်ဖို့  ကြိုးစားရပါမယ်။

https://www.linkedin.com/pulse/5-typical-colleagues-you-find-most-big-organizations-myanmar-tun