MATLAB – MATH CONCEPT

Posted on Updated on

ကိုယ့် သင်တန်းကို တက်ဖူးခဲ့တဲ့ လူတွေ ရော.. တက်နေဆဲ လူတွေ ရော.. ဒီ မှာပေးထားတဲ့ problem ကို ဖြေရှင်း ကြည့်စေချင်ပါတယ်။ ရန်ကုန် Traffic နဲ့  ပတ်သတ်တဲ့ Project ကို အခြေခံထားတဲ့ Problem လေးပါ။ သင်္ချာ ဘယ်သဘောတရားကိုလဲ အခြေခံသလဲ ဆိုတာပါ တွေး ကြည့် စေချင်ပါတယ်။

b1 b2 b3 b4
b1 0 1 0 1
b2 0 0 1 0
b3 1 0 0 1
b4 1 1 1 0

Problem: The table gives the routes of 4 bus-stops where 1 indicates the travel can directly go from bi to bj. For instance, the passenger can go from b1 to b2 directly, but not from b1 to b3.

1.Identify how the travel can go from b3 to b2. What are the routes?

2.How many transits are required for the traveler if he/she wants to go from Bus-stop 1 to Bus-stop 4?

___________________________________________________________________________________________

MATLAB ကို ဝေမျ သင်ပေးတဲ့အခါ Programming concept ရော သင်္ချာနဲ့  တကယ့် လက်တွေ့  ဆက်စပ်ပုံရောကိုပါ သင်ပေးဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ သင်တန်းကို ကျူရှင်လို တက်ချင်တဲ့ သင်တန်းသားတွေ အတွက်တော့ စိတ်မရှည်စရာပေါ့။ ကိုယ့် စေတနာက သူတို့ ကို သင်္ချာနဲ့  Concept ကို ရပြီး  တွေး ပြီး Project ရေးနိုင်စေချင်တာပါ။ အဲ့ အတွက် အချိန်တခုတော့ ရင်းရတာ ပေါ့လေ။ ကွန်ပြူတာကိုတောင် မရင်းနှီးသေးတဲ့ သူတဦးအတွက် MATLAB နဲ့  ရင်းနှီးလာဖို့  ပေါင်း ၊ နှုတ်၊ မြှောက်၊စား လေးတွေကို စပြီး ယုံကြည်ချက်ရှိရှိ လုပ်နိုင်ဖို့ ကို တပတ် ၂ ပတ်လောက်တော့ အချိန် ပေးရပါတယ်။

ဖြေးဖြေးချင်းမှ တော်ပီးသားလူလဲ မပျင်းရအောင် ၊ မရသေးတဲ့လူလဲ လိုက်နိုင်အောင် သင်ပေးရတယ်။ သင်ရင်းနဲ့ လဲ တဦး အကြောင်း တဦးသိရင်း ပိုနားလည်လာတဲ့ အခါ ကိုယ့် ရဲ့  သင်ရိုးကို သူတို့  လိုတာလေး တွေ အခြေခံပြီး လိုသလို ပြင်ပေးနေရတုန်းပါပဲ။ အခြေခံ သင်ရိုးကို ပုံသေထားပြီး Civil လား EC လား Mecha လား မူတည်လို့ သူတို့ စိတ်ဝင်စားနိုင်တာလေးတွေနဲ့  ချော့ သင်ရတယ်။ သင်တန်းသားတွေ အနေနဲ့  ကိုယ်ပေးချင်တဲ့ စာလဲ ရသွားရမယ်။ သင်တန်းတက်ရင်းလဲ ပျော်နေရမယ်ဆိုတဲ့ စိတ်နဲ့ သင်ပေးတာမို့  ပိတ်ရက် ၂ ရက်က ကိုယ့်အတွက် တော့ မနက် (၇) နာရီကနေ ညနေ (၇) နာရီ အထိ တခါတလေ တချက်မှ မထိုင်လိုက်ရပါဘူး။ (ပိုက်ဆံရတယ်ဆိုပေမဲ့ ငွေကြေးဆိုတာထက်  သူတို့  concept ရစေချင်တဲ့ စေတနာဆိုတာ ကိုယ့် သင်တန်းသား သင်တန်းသူတွေ သိပါတယ်).

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s