Digital Image Processing – Assignment

Posted on

တကယ် တော့ ဘယ်ဘာသာရပ်ကို လေ့လာသည် ဖြစ်စေ.. လက်တွေ့  လေ့ ကျင့်ခန်းလေးတွေနဲ့  တွဲ လုပ်မယ်ဆိုရင် ပို ပြီး နားလည်လွယ်မှာ ဖြစ်ပါတယ်။ Image လို့  ပြောလိုက်တာနဲ့  မျက်လုံးထဲမှာ 3D မြင်နိုင်ဖို့  မလွယ်ပေမဲ့ MATLAB ကိုပဲ ဖြစ်ဖြစ် Octave ကိုပဲ ဖြစ်ဖြစ် တခုခု သုံးပြီး ကြည့်လိုက်မယ်ဆိုရင် 3D ကို ပုံဖော်လို့  ရလာပါလိမ့်မယ်။ Image ရဲ့ သဘောတရားကို နားလည်တဲ့လူက တကယ့် လက်တွေ့  မှာ Project လုပ်တဲ့အခါ ဘယ်အရာကို အားစိုက်ပြီး လုပ်ရမလဲဆိုတာ အလိုလို သိမြင်လာမှာ ဖြစ်ပါတယ်။

ROI (Region of Interest) ဆိုတာ

ဆိုပါစို့ …….လူတယောက်က မတ်တပ်ရပ်နေသလား၊ ထိုင်နေသလားဆိုတာကို သိဖို့  ပထမဆုံး အဲဒီလူ ပါတဲ့ ဓါတ်ပုံထဲက နေ လူလေးကို ပဲ အရင်ဆုံး ဆွဲထုတ်ဖို့  လိုပါတယ်။ လူက အကျီ အနက်ရောင် ၀တ်ထားပြီး သူ ရှိနေတဲ့ အခန်းက အစိမ်းဖျော့လေး သုတ်ထားတယ်ဆိုရင် အဲဒီလူကို ဆွဲထုတ်ဖို့  သိပ်ကို လွယ်ကူ သွားပါလိမ့်မယ်။

Feature Extraction

အဲဒီကနေမှ ဒီလူရဲ့  Shape ကို ဆွဲထုတ်နိုင်မယ်ဆိုရင် ထိုင်တာနဲ့  မတ်တပ်ရပ်တာကို အလွယ်တကူ ခွဲခြား သိမြင်နိုင်ပါတယ်။ ဒီနေရာမှာ Shape က အရေးပါတဲ့ Feature ပါပဲ။

ဒါပေမဲ့ Feature ကို ဆွဲမထုတ်ခင် Image တွေ ရဲ့ Contour မှာ ရှိတဲ့ Pixel တွေရဲ့  Color တန်ဖိုးကို နားလည်ဖို့  လိုပါသေးတယ်။ ဒါမှ ကိုယ်ဘာကိုလိုချင်တယ်ဆိုတာ သိပြီး ဘယ်လို တွက်ချက်ရမယ်ဆိုတာကို မှန်းဆနိုင်မှာပါ။

Image Enhancement

ကိုယ်လိုချင်တဲ့ Feature တွေ ပို ပြီး သိသာထင်ရှားလာစေဖို့  မလိုတဲ့အရာတွေကို မှေးမှိန်သွားစေဖို့ ပြုလုပ်တာကိုတော့ DIP Jagon အနေနဲ့ ပြောရရင် Image Enhanement လို့ ခေါ်ပါတယ်။ Image ပေးပြီး Image ပြန်ရတဲ့ အဆင့်လို့ ဆိုရမှာပါ။

ဆိုပါစို့  … မျက်နှာမှာ ၀က်ခြံတွေ ရှိနေလို့  ဒီဝက်ခြံတွေကို ပျောက်အောင် ဘယ်လို လုပ်ကြမလဲ။ ၀က်ခြံတွေက များသောအားဖြင့် အမဲ ရောင် ဖြစ်ပါတယ်။ ဒါကို ဘယ်လို နည်းသုံးရင် ပျောက်သွားအောင် လုပ်လို့  ရမလဲ။ Averge Filter တခုကို ပေးမယ်ဆိုရင် ဘယ်လိုမျိုး Filter က အကျိုးသက်ရောက်စေမလဲ ဆန်းစစ် ကြည့်ရမှာ ဖြစ်ပါတယ်။

** DIP မှာ Project မှာသာမက ဘယ်နေရာမဆို ကိုယ်ဘာလိုချင်သလဲဆိုတာကို သိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

**************************************

အောက်ပါ လင့်မှာ Image Processing သီအိုရီကို ပိုနားလည်နိုင်ဖို့  Assignment တွေလဲ တင်ထားပါတယ်။ စိတ်ပါဝင်စားသူများ ကိုယ်တိုင် လေ့လာနိုင်သလို.. ဆရာ၊ ဆရာမ များ လဲ ကိုယ့် ရဲ့  ကျောင်းသူ ကျောင်းသားတွေကို မေးဖို့  အသုံးပြု နိုင်ပါတယ်။

Projects

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s