Detection of Defects

@i.STAR Education မှာ သင်တဲ့ Computer Vision & Image Processing (Project) သင်တန်းက သင်ခန်းစာလေး တခု ဖြစ်ပါတယ်။(ကျောင်းသားများ အင်တာနက်မှ ဒေတာ ရယူနိုင်ရန် ဖြစ်ပါတယ်)။

ရှင်းလင်းချက်

ပူးတွဲပါ ပုံကတော့ စက်ရုံတွေမှာ Computer Vision or Machine Vision အသုံးပြုပြီး ကိုယ့် စက်ရုံက ထုတ်တဲ့ ပစ္စည်းကို အပြစ် အနာ အဆာပါ မပါ  စစ်ဆေးနေတာ ဖြစ်ပါတယ်။

Conveyor ပေါ်မှာ ကိုယ် စစ်ဆေးမဲ့ ပစ္စည်းလေးက ရွေ့ လျားနေတာ ဖြစ်ပါတယ်။ အဲဒါကို ကင်မရာကနေ တဆင့် ဓါတ်ပုံရိုက်ပြီး ဒီပစ္စည်း လေးမှာ အပြစ်အနာ အဆာ ပါမပါကို စစ်ဆေး ပေးရပါမယ်။

Related image

 

ယူဆချက်

ကျောင်းက သင်ခန်းစာမှာတော့ ကင်မရာကို ပစ္စည်းရဲ့  အပေါ်တည့်တည့်ကနေ ရိုက်ယူတယ်လို့ ယူဆထားတဲ့ အပြင် စစ်ဆေးလိုတဲ့ ပစ္စည်းက အဖြူရောင် အပြားတခု အဖြစ် သတ်မှတ်ထားပါတယ်။ ဒီ plates မှာတော့ အဲလို ရိုက်ယူထားတဲ့ ဓါတ်ပုံ ၃၀၀ ကို ပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်

ရိုက်ယူထားတဲ့ ဓါတ်ပုံတပုံချင်းကို စစ်ဆေးပေးရမှာဖြစ်ပြီး

အက်ကွဲကြောင်း ငယ်လေးတွေ ပါလာတယ်ဆိုရင် ပယ်ရမဲ့ ပစ္စည်း အဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

လုပ်ဆောင်ပုံ အဆင့်ဆင့်

ပစ္စည်းက အဖြူရောင်လို့ ပြောတဲ့ အတွက် ယေဘူယျအားဖြင့် ဒီ ဓါတ်ပုံ (image) မှာပါဝင်တဲ့ pixel တွေရဲ့  တန်ဖိုးက ၂၀၀ နဲ့ အထက်မှာ ရှိတယ် လို့ ယူဆပါမယ်။

ဒုတိယ အချက်အနေနဲ့ အက်ကွဲကြောင်း ငယ်များ ဖြစ်တဲ့အတွက် Point Detector or Edge Detector ကို အသုံးပြုပါမယ်။

ဒုတိယ အဆင့်မှာ ရရှိတဲ့ ရလဒ်ကို မူတည်ပြီး ဒီ ပစ္စည်းက လက်ခံသင့်တယ်၊ ပယ်ရမယ်ဆိုတာကို ဆုံးဖြတ်ပါမယ်။

Programming Tool

အသုံးပြုရ လွယ်ကူတဲ့ MATLAB ကိုပဲ Programming Tool အဖြစ် အသုံးပြုထားပါတယ်။

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: