Learning English

ဘာသာစကား.. ယဥ္ေက်းမ ႈနဲ႔ စကားလံုး အသံုး အ ႏွ ုန္းမ်ား

Image Posted on Updated on

အဂၤလိပ္လို စာေရးတဲ့အခါ အီးေမးလ္ ပို႔တဲ့အခါ မလိုအပ္ပဲ စာလံုးႀကီးေတြ(I HATE YOU) သံုးရင္ ေအာ္ ေျပာရာေရာက္ပါတယ္။

အဲလိုပဲ ? ေတြကို မလိုအပ္ ပဲ ၂ ခါ ထပ္ ေျပာရင္ စိတ္မရွည္တဲ့ အသံ ေပါက္ပါတယ္။ ဒါက စာလံုးထဲမွာ မျမင္ရတဲ့ ေလယူ ေလသိမ္းေတြပါ။ အကူအညီတခု လိုခ်င္တာ တခုခု ရွိလို႔ ေတာင္းတဲ့အခါ Pleaseနဲ႔ thanks ကို သံုးေပးဖို႔ လိုပါတယ္။
အ ျပန္ အလွန္ ေလးစား မွ ုကို ျပဖို႔ please ဆိုတဲ့ စကားက ယဥ္ေက်း မွ ု တခုရယ္ပါ။
ေနာက္တခုကေတာ့ noted (Got it, I understand) ဆိုတဲ့ သေဘာနဲ႔ သံုး ေနၾကေပမဲ့….ဒီ စကားရဲ႕ ေနာက္ကြယ္မွာ.လ်ာမရွည္နဲ႔ ပါးစပ္ပိတ္ေတာ့ဆိုတဲ့ သေဘာ သက္ေရာက္သြားေစတတ္ပါတယ္။အျမဲတမ္းအတြက္ မဟုတ္ေပမဲ့ တခါတရံတခ်ိဳ႕ေနရာေတြမွာ လြဲတတ္တာပါ။ (အေျပာမတတ္ေတာ့ ဆဲသလိုေပါ့။ )

သူငယ္ခ်င္း အခ်င္း ရင္းႏွီးတဲ့အခါ ဘယ္လို ေျပာေျပာ ဘာမွ မျဖစ္ေပမဲ့ လုပ္ငန္းခြင္မွာ formal ေရးရမဲ့ အ ေျခအေန မွာ ေတြ႕ရေတာ့ မသိတဲ့လူအခ်င္းခ်င္း ဘာမွ မျဖစ္ေပမဲ့ သိတဲ့သူက ဖတ္ရေတာ့ နဲနဲေတာ့ စိတ္ကသိ က ေအာက္ ျဖစ္ၾကရတာေပါ့။

ေနာက္တခုက social media မွာ ေရးတဲ့အခါ ပို သတိထားရမွာပါ။ တ ေယာက္ မ်က္ႏွာ တ ေယာက္ မျမင္ရ တေယာက္ အသံ ၾကားရတဲ့အခါ ေလယူ ေလသိမ္းက အထင္လြဲတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အဂၤလိပ္စာ ညံ့တဲ့ ကိုယ္က မျဖစ္မေန အဂၤလိပ္လို ေရးရေတာ့မယ္ ဆိုရင္ အခ်ိန္ယူပါတယ္။ အထူးသျဖင့္ အကူအညီ ေတာင္း ဖို႔ ေရးတဲ့အခါ..social media မွာ မွတ္ခ်က္ေရးတဲ့အခါ ပိုသတိထားပါတယ္။ တခါတရံ ခံစားခ်က္ ျပတဲ့ ပံုေလးေတြနဲ႔ တြဲ သံုးပါတယ္။

ကိုယ္တိုင္က ဘာသာစကားညံ့ေပမဲ့ NtU undergraduate မွာလုပ္ငန္းခြင္ဆက္ဆံေရးကို အစပ်ိဳးသင္ေပးလိုက္တဲ့အျပင္ ႏိုင္ငံတကာယဥ္ေက်းမွ ုကို အစျပဳေပးလိုက္ေတာ့ ကိုယ္တိုင္ စိတ္ပါဝင္စားစြာ ဆက္ေလ့လာျဖစ္ပါတယ္။ သို႔ေသာ္ ကိုယ္ မပိုင္ႏိုင္တဲ့ ဘာသာရပ္မွာ ဆရာႀကီးလုပ္သလို ျဖစ္မွာစိုးလို႔ ေတာ္ရံု မ ေျပာျဖစ္ပါဘူး။

အခုကေတာ့ မနက္က တင္ေပးလိုက္တဲ့ MaTLaB file ေတြ အတြက္ password ေတာင္းၾကတဲ့ တခ်ိဳ႕ေတြက (ကိုယ္နဲ႔ တခါမွ မျမင္ဖူး မသိဖူး) အဂၤလိပ္လို ေရး ၿပီးေတာင္းၾကေပမဲ့ Please တို႔ Thanks ေလးတို႔ေတာင္ မပါလာေတာ့ ကိုယ့္ အတြက္ ဘာအက်ိဳးအျမတ္မွ မပါပဲ အလကားေပးထားတာကို password ခံထားတာ စိတ္မရွည္ လို႔ password ေပးစမ္းလို႔ လွမ္းေတာင္းသလို ျဖစ္ေနပါတယ္။
ဒီလို ေတာင္းသူေတြက ေက်ာင္းသူ ေက်ာင္းသားလား ဆရာဆရာမ လား ကိုယ္ ေသခ်ာ မသိပါဘူး။ ဘာသာစကားမွာ ယဥ္ေက်းမွ ုထည့္မသံုးျဖစ္တာအက်င့္မရွိတာကိုလဲနားလည္ပါတယ္။

သို႔ေသာ္ ကိုယ့္ထက္ ငယ္တဲ့ ကိုယ့္တပည့္ေလးတြ အျပင္မွာယဥ္ေက်း ပါလ်က္ မသိလို႔ မသံုးျဖစ္တာဆိုရင္ ကိုယ္သိထားေတြေလ သတိထားမိေစဖို႔ ေဝမ်ရျခင္းသာ ျဖစ္ပါတယ္။

*ေစတနာမပ်က္ေအာင္ ေျဖခ်င္ေအာင္ ေမးခြန္းေမးတတ္ၾက ပါေစလို႔ ဆန္ဒ ျပဳရင္း…
**ရင္းႏွီးျပီးသား အကိုအမသူငယ္ခ်င္းမ်ား၊လုပ္ေဖာ္ကိုင္ဖက္ မ်ားလံုးဝ မပါပါဘူး။ ဘယ္လိုေမးေမး ျပသနာ မရွိပါဘူးလို႔ စကားခံထားပါရေစ။

English လို ပြောကြရာတွင်..

Posted on Updated on

ကျွန်မတို့တွေ စင်္ကာပူကို လာတော့မယ်ဆိုရင် အင်္ဂလိပ်စာအတွက်၊ စကားပြောအတွက် အများကြီး ပြင်ဆင် လာကြပါတယ်။ဒီမှာ အနေကြာသွားတဲ့အခါ အင်္ဂလိပ်လို ပြောနိုင်လာ လိမ့်မယ်လို့လဲ ကိုယ့်ကိုယ်ကို မျှော်လင့်ထားတတ်ကြပါတယ်။ တကယ်လဲ ရောက်ခါစမှာ မဖြစ်မနေ သွားရတဲ့ အလုပ် အင်တာဗျူးတွေမှာ မလွှဲမရှောင်သာ အင်္ဂလိပ်စကား ပြောရပါတယ်။ သူတို့ ပြောသမျှကို အပြည့်အဝ နားမလည်သလို ကိုယ်ပြောတာကိုလဲ သူတို့က အပြည့် နားမလည်ပါဘူး။ဒါပေမဲ့ အကောင်းဆုံး ပြင်ဆင်လာခဲ့တဲ့အတွက် အလုပ်နဲ့ ပတ်သတ်လို့ ပြောသင့်သလောက် ပြောပြ နိုင်ပါတယ်။ အဲလိုနဲ့ အလုပ်ရသွား ကြပါတယ်။အလုပ်ဝင်ခါစမှာ သူတို့တွေနဲ့ ပြောရင်းဆိုရင်း ကိုယ့်ရဲ့ အင်္ဂလိပ်စာ တိုးတက်လာမယ်လို့ မျှော်လင့်မိပြန်ပါတယ်။ သူတို့တွေကိုလဲ ဝင်ပေါင်းဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ သွားကြ လာကြတဲ့အခါ သူတို့က အင်္ဂလိပ်စကားနဲ့ မလေး (သို့) တရုတ်ပေါင်းထားတဲ့ စကားလုံးတွေကို သုံးစွဲလာတဲ့အခါ ကျွန်မတို့ အပြည့်အဝ နားမလည်နိုင်တော့ပါဘူး သူတို့ပြောတာတွေ နားမလည်တဲ့အခါ၊ ကိုယ်ပြောလိုက်တိုင်း သူတို့က နားမလည်လို့ အကြိမ်ကြိမ်ပြော ရတဲ့အခါ စိတ်ထဲမှာ မိမိကိုယ်ကို အားငယ်တဲ့ စိတ်တွေ ဝင်လာပါတယ်။ နောက် စရိုက်၊ အလေ့အကျင့်တွေက မတူညီတဲ့ အခါ အင်္ဂလိပ်စကား ပြောဖို့ ကြောက်လာမိတယ်။ သူတို့နဲ့ သွားရတာကိုလဲ မပျော်တော့ဘူး။ အဲဒီအခါ သူတို့နဲ့ မပေါင်းလဲ ငါ့ဟာငါ ထမင်းသွားစားလို့ရတာပဲလို့ တွေးပြီး (တချို့သော မြန်မာတွေကတော့ ပိုက်ဆံ ချွေတာတဲ့အနေနဲ့ ထမင်းချိုင့် ယူတဲ့အတွက်) ၊ အလုပ်မှာ အလုပ်နဲ့ ပတ်သတ်တာပဲ ပြောပြီး ကင်းကင်းပဲ နေလိုက်တတ်ကြပါတယ်။ အလုပ်ပြင်ပမှာရောဆိုတော့ စင်္ကာပူနိုင်ငံမှာ တနေ့လုံး အင်္ဂလိပ်စကား မပြောပဲ နေလို့ရပါတယ်။ အမူအရာကို အသုံးပြုလို့ပေါ့။ ကန်တင်းလို နေရာမှာ ထမင်းစားတဲ့အခါ လက်ညှိုးထိုး ဝယ်လို့ရနေတယ်။ ကုန်တိုက်ကြီးတွေ စျေးဝယ်တဲ့အခါ စကားတခွန်းမှ ပြောစရာမလိုပါ ဘူး။ ကိုယ် လိုချင်တဲ့ ပစ္စည်းကို ခြင်းထဲကောက်ထည့်၊ ကောင်တာ ရောက်တော့ စာရေးမက ကွန်ပျူတာထဲ စာရင်းရိုက်ထည့်၊ ကုန်ကျတဲ့ ငွေပမာဏ (စကရင်မှာ ပေါ်နေတဲ့ အတိုင်း)ကို ပေးလိုက်ရင် စျေးဝယ်ခြင်း အမှု ပြီးသွားတာမျိုးပါ။ အိမ်မှာရော.. ကျွန်မတို့တွေက မြန်မာ အချင်းချင်း စုငှားပြီးနေကြတာများပါတယ်။ ကိုယ့်အချင်းချင်း အင်္ဂလိပ်လို ပြောဖို့ဆိုတာကလဲ တော်တော်လေးကို အူကြောင်ကြောင် နိုင်တဲ့ အဖြစ်ပါ။အဲဒီတော့ ကျွန်မတို့ ဘာဖြစ်လာသလဲ။
စင်္ကာပူနိုင်ငံမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးပေမဲ့လဲ အင်္ဂလိပ်စာက တိုးတက်လာခြင်း မရှိပါဘူး။ကျွန်မတို့ ဘာလုပ်ကြမလဲ။အခုလို နေရင်လဲ အဆင်ပြေနေတာပဲဆိုတော့ အင်္ဂလိပ်စာ ဆက် လေ့လာဖို့ မလိုတော့ဘူးလား။
တကယ်တော့ အခုလို နေလို့ရနေတယ်၊ အဆင်ပြေ နေတယ်ဆိုတာ ကိုယ့်ရဲ့ ရာထူးက ငယ်နေတုန်းသာပါ။ ကိုယ်က ရာထူး မြင့်လာတဲ့အခါ ယူရတဲ့ တာဝန်တွေလဲ များလာပါတယ်။ အစည်းအဝေးတွေမှာ စကားပြောတဲ့အခါ အကျိုးအပဲ့ အင်္ဂလိပ်စာနဲ့ ပြောလို့ အဆင်မပြေနိုင်တော့ပါဘူး။ သူများပြောတာ နားလည်ရုံ၊ ခိုင်းတာ လုပ်တတ်ရုံနဲ့ မဖြစ်တော့ပါဘူး။ ဒီအတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကို တိုးတတ်အောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။
အင်္ဂလိပ်စာနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ တက်ပါလို့ ပြောလိုက်ရင် မြန်မာ အများစုက တွန့်သွားတတ် ကြပါတယ်။ ဒါကလဲ အကြောင်း (၂) ချက် ရှိပါတယ်။ ပထမ အချက်က မြန်မာအများစုက အိမ်ကို ငွေပို့ကြတာ များပါတယ်။အဲဒီအတွက် ငွေ အပို မဖြုန်းချင်တာပါ။ ဒုတိယအချက်က အင်္ဂလိပ်စာ စကားပြော ကို သင်တန်းတက်ရုံနဲ့ မရဘူးဆိုတဲ့ မြန်မာပြည်က ပါလာတဲ့ အစွဲပါ။
ပထမအချက်အတွက်ကတော့ ကျွန်မတို့ ရေရှည်ဆက်သွားနိုင်ဖို့ ကြည့်ကြရမှာ ဖြစ်ပါတယ်။ အများကြီး မလိုပါဘူး။ ကိုယ့်ရဲ့ လခငွေထဲက တလကို တစ်ရာ၊ နှစ်ရာလောက်ကို ဖဲ့ထုတ်မယ်ဆိုရင် အသင့်အတင့် သင်တန်းတွေ တတ်လို့ရနိုင်ပါတယ်။
ဒုတိယ အချက်ကတော့ မှားနေတဲ့ အစွဲကို စွန့်လိုက်ပါလို့ပဲ ပြောရမှာပါ။ သင်တန်းတက်တဲ့ အတွက် နေ့ချင်းညချင်း ဝုန်းခနဲ အင်္ဂလိပ်စာ မတိုးတက်ပါဘူး။ ဒါပေမဲ့ အဲလို သင်တန်းတွေ တတ်နေတဲ့အတွက် ကျွန်မတို့က အင်္ဂလိပ်စာကို ထိတွေ့နေပါတယ်။ သင်တန်းမှာ ပေါင်းရင်းသင်းရင်းက အဆင်ပြေရင် အင်္ဂလိပ်လိုပဲ ပြောဆိုရမဲ့ သူငယ်ချင်း (ဒီနေရာမှာ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းကွာပါတယ်) တွေ ရနိုင်ပါတယ်။ အဲဒီလို ပေါင်းရင်း သင်းရင်းကနေ သူတို့ရဲ့ စရိုက်၊ နိုင်ငံခြားသားတွေနဲ့ ပေါင်းသင်းရတဲ့ အနေအထားကို နားလည်လာနိုင်ပါတယ်။ အဲဒီကတဆင့် အဆင်ပြေမဲ့ သူမျိုးကို အလုပ်မှာ ရွေးချယ် ပေါင်းသင်းလာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်း ကွာပါတယ်။ အလုပ် အကြောင်းအပြင် ပြင်ပ အကြောင်းအရာတွေကို ပြောလို့ရတဲ့ သူငယ်ချင်းတွေ ရှိလာပြီဆိုရင် အင်္ဂလိပ်စာ ပြောဖို့ မကြောက်တော့ ပါဘူး။ ဒါဟာ ကျွန်မတို့အတွက် ပထမဆုံး အဆင့်ပါ။နောက်တချက်က အင်္ဂလိပ် ဂရမ်မာနဲ့ ပတ်သတ်လို့ ပုံမှန် လေ့လာဖြစ်တာပါ။ အရေးမှန်မှ၊ ဝေါဟာရ ကြွယ်ဝမှသာ စကားပြောလို့လဲ တိုးတက်တာပါ။ မေး၊ ခေါ်၊ ထူး ၊ ပြော အဆင့်အတွက် ဂရမ်မာ မှန်ဖို့ မလို ဘူး ဆိုပေမဲ့ အဆင့်တခုနဲ့ စကား ပြောတတ်ချင်တယ်ဆိုရင်တော့ ဂရမ်မာ မှန်ဖို့၊ စကားလုံး ကြွယ်ဝဖို့ လိုအပ်တယ်လို့ ရိုးသားစွာ မြင်မိပါတယ်။
နိုင်ငံခြားသားကို မြန်မာ အချင်းချင်း ပေါင်းသလို ပေါင်းပါ။ ရိုးရိုးသားသား ပေါင်းပါ။ ဒါကို ဘာလို့ ပြောရသလဲဆိုတော့ ကျွန်မတို့ မြန်မာ အချို့က နိုင်ငံခြားသားနဲ့ ပေါင်းရင် ပင်ကိုယ် ပျောက်သွားတတ် ကြလို့ပါ။ တချို့မြန်မာတွေက သူတို့ကို ဖားပေါင်းတယ်။ ကိုယ့်ကိုယ်ကို ဟန်ဆောင်ပြီး ပေါင်းတတ်ကြ တယ်။တချို့က သူတို့ကို အထင်သေးပြီး ပေါင်းကြတယ်။ဒါကို နိုင်ငံခြားသားတွေကလဲ ခံစားသိနဲ့ သိပါ တယ်။ အဲလို ပေါင်းတဲ့အတွက် ရင်ဖတ်ခြင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်မလာနိုင်ပါဘူး။ အရှိကို အရှိအတိုင်းပဲ ပေါင်းပါ။ မြန်မာအချင်းချင်း ပေါင်းသလိုပဲ ပေါင်းပါ။ အဲဒါဆိုရင် သူငယ်ချင်းတွေ ရလာနိုင် ပါတယ်။ နိုင်ငံခြားသူတွေထဲမှာလဲ ကိုယ်နဲ့ စရိုက် ကိုက်ညီပြီး ပေါင်းလို့ ရသူ ရှိသလို စရိုက် မညီတဲ့ လူတွေလဲ ရှိပါတယ်။
အင်္ဂလိပ် သတင်းစာ ဖတ်ပါ။အင်္ဂလိပ်လို သတင်းစာ ဖတ်ခြင်းအားဖြင့် အင်္ဂလိပ်စာ စကားလုံး ကြွယ်ဝရုံ မက သူငယ်ချင်းတွေကြားမှာလဲ ပြောစရာ စကားရှိပါတယ်။ ၀ါသနာပါမယ်ဆိုရင်တော့ ရုပ်ရှင်ကား ကြည့်တာ၊ သီချင်းနားထောင်တာ၊ ဝတ္ထုဖတ်တာ မျိုးကို အင်္ဂလိပ်လို ကြည့်၊ ဖတ်၊ နားထောင်ဖို့ ကြိုးစားကြည့်ပါ။ နောက်တခုက စိတ်ဝင်စားတယ် ဆိုရင် အင်္ဂလိပ် ဘလော့ဂ်တွေကို ဖတ်ပါ။ ဒါပေမဲ့ ဘာသာစကားကို လေ့လာတဲ့နေရာမှာ ၀ါသနာပါတာနဲ့ လေ့လာတာက ပိုအကျိုးရှိတယ်လို့ ထင်ပါတယ်။ ရုပ်ရှင်ကြည့်တာ အင်္ဂလိပ်စာ တိုးတက်တာ မှန်ပေမဲ့ ရုပ်ရှင်ကြည့်တာမှ ၀ါသနာ မပါရင်တော့ အလကားပါပဲ။
ကျွန်မတို့ မြန်မာလူငယ်တွေ စင်္ကာပူလုပ်ငန်းခွင်မှာ အပေါင်းအသင်း ဝင်ဆံ့သော၊ ပြောရဲ ဆိုရဲ၊ ပြောနိုင် ဆိုနိုင်သော မြန်မာလူငယ်များ အဖြစ် ရပ်တည်နိုင်ပါစေ။
(zawgyi version)
ကၽြန္မတို႕ေတြ စကၤာပူကို လာေတာ့မယ္ဆိုရင္ အဂၤလိပ္စာအတြက္၊ စကားေျပာအတြက္ အမ်ားၾကီး ျပင္ဆင္ လာၾကပါတယ္။ဒီမွာ အေနၾကာသြားတဲ့အခါ အဂၤလိပ္လို ေျပာႏိုင္လာ လိမ့္မယ္လို႕လဲ ကိုယ့္ကိုယ္ကို ေမွ်ာ္လင့္ထားတတ္ၾကပါတယ္။ တကယ္လဲ ေရာက္ခါစမွာ မျဖစ္မေန သြားရတဲ့ အလုပ္ အင္တာဗ်ဴးေတြမွာ မလႊဲမေရွာင္သာ အဂၤလိပ္စကား ေျပာရပါတယ္။ သူတို႕ ေျပာသမွ်ကို အျပည့္အ၀ နားမလည္သလို ကိုယ္ေျပာတာကိုလဲ သူတို႕က အျပည့္ နားမလည္ပါဘူး။ဒါေပမဲ့ အေကာင္းဆံုး ျပင္ဆင္လာခဲ့တဲ့အတြက္ အလုပ္နဲ႕ ပတ္သတ္လို႕ ေျပာသင့္သေလာက္ ေျပာျပ ႏိုင္ပါတယ္။ အဲလိုနဲ႕ အလုပ္ရသြား ၾကပါတယ္။အလုပ္၀င္ခါစမွာ သူတို႕ေတြနဲ႕ ေျပာရင္းဆိုရင္း ကိုယ့္ရဲ႕ အဂၤလိပ္စာ တိုးတက္လာမယ္လို႕ ေမွ်ာ္လင့္မိျပန္ပါတယ္။ သူတို႕ေတြကိုလဲ ၀င္ေပါင္းဖို႕ ၾကိဳးစားပါတယ္။
ဒါေပမဲ့ သြားၾက လာၾကတဲ့အခါ သူတို႕က အဂၤလိပ္စကားနဲ႕ မေလး (သို႕) တရုတ္ေပါင္းထားတဲ့ စကားလံုးေတြကို သံုးစြဲလာတဲ့အခါ ကၽြန္မတို႕ အျပည့္အ၀ နားမလည္ႏိုင္ေတာ့ပါဘူး သူတို႕ေျပာတာေတြ နားမလည္တဲ့အခါ၊ ကိုယ္ေျပာလိုက္တိုင္း သူတို႕က နားမလည္လို႕ အၾကိမ္ၾကိမ္ေျပာ ရတဲ့အခါ စိတ္ထဲမွာ မိမိကုိယ္ကို အားငယ္တဲ့ စိတ္ေတြ ၀င္လာပါတယ္။ ေနာက္ စရိုက္၊ အေလ့အက်င့္ေတြက မတူညီတဲ့ အခါ အဂၤလိပ္စကား ေျပာဖုိ႕ ေၾကာက္လာမိတယ္။ သူတို႕နဲ႕ သြားရတာကိုလဲ မေပ်ာ္ေတာ့ဘူး။ အဲဒီအခါ သူတို႕နဲ႕ မေပါင္းလဲ ငါ့ဟာငါ ထမင္းသြားစားလို႕ရတာပဲလို႕ ေတြးျပီး (တခ်ိဳ႕ေသာ ျမန္မာေတြကေတာ့ ပိုက္ဆံ ေခၽြတာတဲ့အေနနဲ႕ ထမင္းခ်ိဳင့္ ယူတဲ့အတြက္) ၊ အလုပ္မွာ အလုပ္နဲ႕ ပတ္သတ္တာပဲ ေျပာျပီး ကင္းကင္းပဲ ေနလိုက္တတ္ၾကပါတယ္။ အလုပ္ျပင္ပမွာေရာဆိုေတာ့ စကၤာပူႏိုင္ငံမွာ တေန႕လံုး အဂၤလိပ္စကား မေျပာပဲ ေနလို႕ရပါတယ္။ အမူအရာကို အသံုးျပဳလို႕ေပါ့။ ကန္တင္းလို ေနရာမွာ ထမင္းစားတဲ့အခါ လက္ညႈိးထိုး ၀ယ္လို႕ရေနတယ္။ ကုန္တိုက္ၾကီးေတြ ေစ်း၀ယ္တဲ့အခါ စကားတခြန္းမွ ေျပာစရာမလိုပါ ဘူး။ ကိုယ္ လိုခ်င္တဲ့ ပစၥည္းကို ျခင္းထဲေကာက္ထည့္၊ ေကာင္တာ ေရာက္ေတာ့ စာေရးမက ကြန္ပ်ဴတာထဲ စာရင္းရုိက္ထည့္၊ ကုန္က်တဲ့ ေငြပမာဏ (စကရင္မွာ ေပၚေနတဲ့ အတုိင္း)ကို ေပးလိုက္ရင္ ေစ်း၀ယ္ျခင္း အမႈ ျပီးသြားတာမ်ိဳးပါ။ အိမ္မွာေရာ.. ကၽြန္မတို႕ေတြက ျမန္မာ အခ်င္းခ်င္း စုငွားျပီးေနၾကတာမ်ားပါတယ္။ ကိုယ့္အခ်င္းခ်င္း အဂၤလိပ္လို ေျပာဖုိ႕ဆိုတာကလဲ ေတာ္ေတာ္ေလးကို အူေၾကာင္ေၾကာင္ ႏိုင္တဲ့ အျဖစ္ပါ။အဲဒီေတာ့ ကၽြန္မတို႕ ဘာျဖစ္လာသလဲ။
စကၤာပူႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ျပီးေပမဲ့လဲ အဂၤလိပ္စာက တိုးတက္လာျခင္း မရွိပါဘူး။ကၽြန္မတို႕ ဘာလုပ္ၾကမလဲ။အခုလို ေနရင္လဲ အဆင္ေျပေနတာပဲဆိုေတာ့ အဂၤလိပ္စာ ဆက္ ေလ့လာဖုိ႕ မလိုေတာ့ဘူးလား။ 
တကယ္ေတာ့ အခုလို ေနလို႕ရေနတယ္၊ အဆင္ေျပ ေနတယ္ဆိုတာ ကိုယ့္ရဲ႕ ရာထူးက ငယ္ေနတုန္းသာပါ။ ကိုယ္က ရာထူး ျမင့္လာတဲ့အခါ ယူရတဲ့ တာ၀န္ေတြလဲ မ်ားလာပါတယ္။ အစည္းအေ၀းေတြမွာ စကားေျပာတဲ့အခါ အက်ိဳးအပဲ့ အဂၤလိပ္စာနဲ႕ ေျပာလို႕ အဆင္မေျပႏိုင္ေတာ့ပါဘူး။ သူမ်ားေျပာတာ နားလည္ရံု၊ ခုိင္းတာ လုပ္တတ္ရံုနဲ႕ မျဖစ္ေတာ့ပါဘူး။ ဒီအတြက္ ကၽြန္မတို႕ ကိုယ့္ကိုယ္ကို တိုးတတ္ေအာင္ ၾကိဳးစားေနဖို႕ လိုအပ္ပါတယ္။
အဂၤလိပ္စာနဲ႕ ပတ္သတ္တဲ့ သင္တန္းေတြ တက္ပါလို႕ ေျပာလိုက္ရင္ ျမန္မာ အမ်ားစုက တြန္႕သြားတတ္ ၾကပါတယ္။ ဒါကလဲ အေၾကာင္း (၂) ခ်က္ ရွိပါတယ္။ ပထမ အခ်က္က ျမန္မာအမ်ားစုက အိမ္ကို ေငြပို႕ၾကတာ မ်ားပါတယ္။အဲဒီအတြက္ ေငြ အပို မျဖဳန္းခ်င္တာပါ။ ဒုတိယအခ်က္က အဂၤလိပ္စာ စကားေျပာ ကို သင္တန္းတက္ရံုနဲ႕ မရဘူးဆိုတဲ့ ျမန္မာျပည္က ပါလာတဲ့ အစြဲပါ။
ပထမအခ်က္အတြက္ကေတာ့ ကၽြန္မတို႕ ေရရွည္ဆက္သြားႏိုင္ဖို႕ ၾကည့္ၾကရမွာ ျဖစ္ပါတယ္။ အမ်ားၾကီး မလိုပါဘူး။ ကိုယ့္ရဲ႕ လခေငြထဲက တလကို တစ္ရာ၊ ႏွစ္ရာေလာက္ကို ဖဲ့ထုတ္မယ္ဆိုရင္ အသင့္အတင့္ သင္တန္းေတြ တတ္လို႕ရႏိုင္ပါတယ္။
ဒုတိယ အခ်က္ကေတာ့ မွားေနတဲ့ အစြဲကို စြန္႕လိုက္ပါလို႕ပဲ ေျပာရမွာပါ။ သင္တန္းတက္တဲ့ အတြက္ ေန႕ခ်င္းညခ်င္း ၀ုန္းခနဲ အဂၤလိပ္စာ မတုိးတက္ပါဘူး။ ဒါေပမဲ့ အဲလို သင္တန္းေတြ တတ္ေနတဲ့အတြက္ ကၽြန္မတုိ႕က အဂၤလိပ္စာကို ထိေတြ႕ေနပါတယ္။ သင္တန္းမွာ ေပါင္းရင္းသင္းရင္းက အဆင္ေျပရင္ အဂၤလိပ္လိုပဲ ေျပာဆိုရမဲ့ သူငယ္ခ်င္း (ဒီေနရာမွာ လုပ္ေဖာ္ကိုင္ဖက္နဲ႕ သူငယ္ခ်င္းကြာပါတယ္) ေတြ ရႏိုင္ပါတယ္။ အဲဒီလို ေပါင္းရင္း သင္းရင္းကေန သူတို႕ရဲ႕ စရိုက္၊ ႏိုင္ငံျခားသားေတြနဲ႕ ေပါင္းသင္းရတဲ့ အေနအထားကို နားလည္လာႏိုင္ပါတယ္။ အဲဒီကတဆင့္ အဆင္ေျပမဲ့ သူမ်ိဳးကို အလုပ္မွာ ေရြးခ်ယ္ ေပါင္းသင္းလာႏိုင္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္နဲ႕ သူငယ္ခ်င္း ကြာပါတယ္။ အလုပ္ အေၾကာင္းအျပင္ ျပင္ပ အေၾကာင္းအရာေတြကို ေျပာလို႕ရတဲ့ သူငယ္ခ်င္းေတြ ရွိလာျပီဆိုရင္ အဂၤလိပ္စာ ေျပာဖို႕ မေၾကာက္ေတာ့ ပါဘူး။ ဒါဟာ ကၽြန္မတို႕အတြက္ ပထမဆံုး အဆင့္ပါ။ေနာက္တခ်က္က အဂၤလိပ္ ဂရမ္မာနဲ႕ ပတ္သတ္လို႕ ပံုမွန္ ေလ့လာျဖစ္တာပါ။ အေရးမွန္မွ၊ ေ၀ါဟာရ ၾကြယ္၀မွသာ စကားေျပာလို႕လဲ တိုးတက္တာပါ။ ေမး၊ ေခၚ၊ ထူး ၊ ေျပာ အဆင့္အတြက္ ဂရမ္မာ မွန္ဖို႕ မလို ဘူး ဆိုေပမဲ့ အဆင့္တခုနဲ႕ စကား ေျပာတတ္ခ်င္တယ္ဆိုရင္ေတာ့ ဂရမ္မာ မွန္ဖို႕၊ စကားလံုး ၾကြယ္၀ဖို႕ လိုအပ္တယ္လို႕ ရိုးသားစြာ ျမင္မိပါတယ္။
ႏိုင္ငံျခားသားကို ျမန္မာ အခ်င္းခ်င္း ေပါင္းသလို ေပါင္းပါ။ ရိုးရိုးသားသား ေပါင္းပါ။ ဒါကို ဘာလို႕ ေျပာရသလဲဆိုေတာ့ ကၽြန္မတို႕ ျမန္မာ အခ်ိဳ႕က ႏိုင္ငံျခားသားနဲ႕ ေပါင္းရင္ ပင္ကိုယ္ ေပ်ာက္သြားတတ္ ၾကလို႕ပါ။ တခ်ိဳ႕ျမန္မာေတြက သူတို႕ကို ဖားေပါင္းတယ္။ ကိုယ့္ကိုယ္ကို ဟန္ေဆာင္ျပီး ေပါင္းတတ္ၾက တယ္။တခ်ိဳ႕က သူတို႕ကို အထင္ေသးျပီး ေပါင္းၾကတယ္။ဒါကို ႏိုင္ငံျခားသားေတြကလဲ ခံစားသိနဲ႕ သိပါ တယ္။ အဲလို ေပါင္းတဲ့အတြက္ ရင္ဖတ္ျခင္း ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္မလာႏိုင္ပါဘူး။ အရွိကို အရွိအတိုင္းပဲ ေပါင္းပါ။ ျမန္မာအခ်င္းခ်င္း ေပါင္းသလိုပဲ ေပါင္းပါ။ အဲဒါဆိုရင္ သူငယ္ခ်င္းေတြ ရလာႏိုင္ ပါတယ္။ ႏိုင္ငံျခားသူေတြထဲမွာလဲ ကိုယ္နဲ႕ စရိုက္ ကိုက္ညီျပီး ေပါင္းလို႕ ရသူ ရွိသလို စရိုက္ မညီတဲ့ လူေတြလဲ ရွိပါတယ္။
အဂၤလိပ္ သတင္းစာ ဖတ္ပါ။အဂၤလိပ္လို သတင္းစာ ဖတ္ျခင္းအားျဖင့္ အဂၤလိပ္စာ စကားလံုး ၾကြယ္၀ရံု မက သူငယ္ခ်င္းေတြၾကားမွာလဲ ေျပာစရာ စကားရွိပါတယ္။ ၀ါသနာပါမယ္ဆိုရင္ေတာ့ ရုပ္ရွင္ကား ၾကည့္တာ၊ သီခ်င္းနားေထာင္တာ၊ ၀တၳဳဖတ္တာ မ်ိဳးကို အဂၤလိပ္လို ၾကည့္၊ ဖတ္၊ နားေထာင္ဖို႕ ၾကိဳးစားၾကည့္ပါ။ ေနာက္တခုက စိတ္၀င္စားတယ္ ဆိုရင္ အဂၤလိပ္ ဘေလာ့ဂ္ေတြကို ဖတ္ပါ။ ဒါေပမဲ့ ဘာသာစကားကုိ ေလ့လာတဲ့ေနရာမွာ ၀ါသနာပါတာနဲ႕ ေလ့လာတာက ပိုအက်ိဳးရွိတယ္လို႕ ထင္ပါတယ္။ ရုပ္ရွင္ၾကည့္တာ အဂၤလိပ္စာ တိုးတက္တာ မွန္ေပမဲ့ ရုပ္ရွင္ၾကည့္တာမွ ၀ါသနာ မပါရင္ေတာ့ အလကားပါပဲ။
ကၽြန္မတို႕ ျမန္မာလူငယ္ေတြ စကၤာပူလုပ္ငန္းခြင္မွာ အေပါင္းအသင္း ၀င္ဆံ့ေသာ၊ ေျပာရဲ ဆိုရဲ၊ ေျပာႏိုင္ ဆိုႏိုင္ေသာ ျမန္မာလူငယ္မ်ား အျဖစ္ ရပ္တည္ႏိုင္ပါေစ။