Detection of Defects

@i.STAR Education မှာ သင်တဲ့ Computer Vision & Image Processing (Project) သင်တန်းက သင်ခန်းစာလေး တခု ဖြစ်ပါတယ်။(ကျောင်းသားများ အင်တာနက်မှ ဒေတာ ရယူနိုင်ရန် ဖြစ်ပါတယ်)။ ရှင်းလင်းချက် ပူးတွဲပါ ပုံကတော့ စက်ရုံတွေမှာ Computer Vision or Machine Vision အသုံးပြုပြီး ကိုယ့် စက်ရုံက ထုတ်တဲ့ ပစ္စည်းကို အပြစ် အနာ အဆာပါ မပါ  စစ်ဆေးနေတာ ဖြစ်ပါတယ်။ Conveyor ပေါ်မှာ ကိုယ် စစ်ဆေးမဲ့ ပစ္စည်းလေးက ရွေ့ လျားနေတာ ဖြစ်ပါတယ်။ အဲဒါကို ကင်မရာကနေ တဆင့် ဓါတ်ပုံရိုက်ပြီး ဒီပစ္စည်း လေးမှာ အပြစ်အနာ အဆာ ပါမပါကိုContinue reading “Detection of Defects”

Digital Image Processing – Assignment

တကယ် တော့ ဘယ်ဘာသာရပ်ကို လေ့လာသည် ဖြစ်စေ.. လက်တွေ့  လေ့ ကျင့်ခန်းလေးတွေနဲ့  တွဲ လုပ်မယ်ဆိုရင် ပို ပြီး နားလည်လွယ်မှာ ဖြစ်ပါတယ်။ Image လို့  ပြောလိုက်တာနဲ့  မျက်လုံးထဲမှာ 3D မြင်နိုင်ဖို့  မလွယ်ပေမဲ့ MATLAB ကိုပဲ ဖြစ်ဖြစ် Octave ကိုပဲ ဖြစ်ဖြစ် တခုခု သုံးပြီး ကြည့်လိုက်မယ်ဆိုရင် 3D ကို ပုံဖော်လို့  ရလာပါလိမ့်မယ်။ Image ရဲ့ သဘောတရားကို နားလည်တဲ့လူက တကယ့် လက်တွေ့  မှာ Project လုပ်တဲ့အခါ ဘယ်အရာကို အားစိုက်ပြီး လုပ်ရမလဲဆိုတာ အလိုလို သိမြင်လာမှာContinue reading “Digital Image Processing – Assignment”

Digital Image Processing Using Matlab

Image processing ကို တကယ်ဝါသနာပါပြီး လေ့လာခဲ့တာမို့  ဒီပညာကို တန်ဖိုးထားသလို အခမဲ့ ဝေမျ ဖို့  လဲ နောက်တွန့်  မိတာ အမှန်ပါပဲ။ သို့သော် ပညာကို အမှန်တန်ဖိုးထားလေ့လာလို သော်လည်း အချိန် နေရာ အခက်အခဲ ကြောင့် သင်တန်း မတက်ရောက်နိုင်သူတွေ လေ့လာလိုသူတွေ လေ့လာလို့  ရဖို့အတွက် ဒီတပတ်တော့ DIP Lec 2 ကို ဝေမျ ပေးလိုက်ပါတယ်။ တပတ်ကို ၁ ခု တင်နိုင်အောင် ကြိုးစားသွားပါမယ်။ Lecture ကို ကိုယ်တိုင် ဖတ်ပြီး လေ့လာနိုင်ပါတယ်။

MATLAB – Intro

ပထမပိုင်းမှာ အခြေခံ ဖြစ်တဲ့ scalar, vector, matrix လေးတွေ တည်ဆောက်ပုံက စတင် မှာ ဖြစ်ပြီး MATLAB အခြေခံ လုံးဝမရှိဖူးသူများအတွက် အသုံးဝင်ပါလိမ့်မယ်။