Vocational Education

TVET Sector နှင့် သူ၏ ရည်ရွယ်ချက်

Posted on Updated on

TVET sector ၏ အဓိက ရည် ရွယ် ချက် သည် လုပ်ငန်းခွင် အတွက် လိုအပ် သော အမှန် တတ် ကျွမ်းသည့် ပညာရှင် များ မွေး ထုတ် ရေး ဖြစ်ပါတယ်။
ရည်ရွယ်ချက်အရ ကျောင်း နဲ့ စက်ရုံ စီးပွား ရေး ပညာ ရှင် တွေ နဲ့ ပူး ပေါင်းဖို့ လိုပါတယ်။ သို့ မှသာ နိုင်ငံမှာ လိုအပ်တာက ဘယ်နေရာ၊ ဘယ်လို ပညာရပ်တွေ သင်ပေးရမယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
သို့ သော် မြန်မာပြည်မှာ ပြသနာ တချို့ ရှိလာပါတယ်။
၁) စီးပွား ရေး ပညာ ရှင် တွေက လုပ်ငန်း လိုအပ် ချက်ကို  ကျောင်း တွေ (အစိုးရ) နားလည် အောင် မ ပြော ပြ နိုင်ဘူး ။
၂) အစိုးရ ကျောင်း တွေက မွေး ထုတ် ပေး သော ကျောင်းသားတွေရဲ့ အရည်အချင်းကို မယုံဘူး။
၃) အစိုးရ ခေါင်း ဆောင် တွေကြား မှာ တိုင်းပြည် စီးပွား ရေး လမ်းကို မူချ မှတ် တာ ရှိ ကောင်း ရှိ နိုင် ပေ မဲ့ အောက် ခြေက မသိဘူး (ဥပမာ -လျှပ် စစ် ပြသာနာကို ဖြေရှင်းဖို့ ရှေ့ နှစ်ထဲ power plant တွေ ဆောက် မယ်လို့ လျာထားရင် သို့ ၅ နှစ် အတွင်း manufacturing industry တွေ ဖြစ်လာဖို့ ရည်ရွယ်ရင် ဒီ ဘာသာရပ်ကို တိုးတက် အောင် လုပ် ရ မှာ၊ ပညာရှင် တွေ မွေးထုတ် ရေး သည် ကျောင်း၏ တာဝန် ဖြစ်ပါတယ်)
၄)ဆရာ ဆရာမ တွေက စီးပွား ရေး သမား တွေ နဲ့ ပေါင်းသင်း ဆက် ဆံရာ မှာ အသား မကျဘူး။
၅) ကျောင်း အ နေ နဲ့ နည်းပညာကို အမှီ မလိုက် နိုင်ဘူး။

စင်ကာပူသံရုံးက ကူညီပြီး SMVTI ကျောင်း နဲ့ စက်ရုံ မိတ်ဆက် လုပ်တဲ့ ပွဲ မှာ လူဦးရေ ၁၀၀ နီးပါး တတ်တယ်။ လာသမျှက ကုမ်ပဏီရဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်သော ရာထူးကြီးများ ကို ကိုင်ထားကြတယ်။ ဘာလို့ သူတို့လာကြ သလဲ ။ သံအမတ်ကို ယုံလို့။ စလုံး ပညာ ရေးကို ယုံလို့၊ ယုံကြည်မှုကအ ရေးပါတယ်။ (နံပါတ် ၂ အချက်)
ကျောင်းကို ရောက် တဲ့ အခါ ေ ကျာင်း အုပ် အပါ အဝင် အုပ်ချုပ် ရေး ၊ သင်ကြား ရေး တာ ဝန် ရှိသူ အား လုံး မဖြစ် မနေ မိတ် ဖွဲ့ စကား ပြော စေ ပါ တယ်။ (နံပါတ် ၄ အချက် ပါ) ။
ကျောင်းကို လှည့် လည်ကြည့်တဲ့ အခါ ရှင်းလင်း ပြောကြား တာ တွေ လုပ် ပေး တယ်။ (နံပါတ် ၅)

နောက် ဆုံး အ မေး အဖြေ လုပ်တဲ့ အခါ မှာ လဲ တာဝန် ရှိသူ ၄ ဦးလုံး ရှေ့ ထွက် တဲ့ အပြင် သံအမတ် ကိုယ်တိုင် ပါဝင် ပါ တယ်။ မေး ခွန်း ဖြေ ရမှာ အလျင်း သင့်သလို သက်ဆိုင် သူက ဖြေ ပေး တယ်။ လိုအပ်လာ ရင် မြန်မာ ဘက်က အမြင်ကို ပါ တာဝန်ခံပြီး ဖြည့် ဆွေး နွေး ပေးပါတယ်။ (နံပါတ် ၄)

မေး ခွန်း တွေက စိတ်ဝင်စားဖို့ ကောင်းသလို လန့် ဖို့ ကောင်းတာ လဲပါပါတယ်။ တချို့ မေး ခွန်းက အခန့် မသင့်ရင် ထောင် ချောက် မိသွား ပါ မယ်။ သို့ သော် အားလုံးက အ ပေး အယူ နဲ့ ဖြေ ရပါတယ်။ ဒီ အချိန် မှာ ခံစား ချက် တွေကို မေ့ထား ပြီး ကျောင်း ရဲ့ ရည် မှန်း ချက်ကိုပဲ လက်ကိုင် ထား ရပါတယ်။

မြန်မာ TVET sector ပြောင်း ဖို့ အား လုံး မှာ တာဝန် ရှိပါတယ်။ ခေါင်း ဆောင် တွေက policy ပိုင်း ပြောင်းဖို့ကြိုးစားနေချိန် မှာ အောက် ခြေက ဟန် ချက် ညီညီ ရွေ့ ရ ပါမယ်။
တကယ် တော့ TVET မှ မဟုတ်ဘူး။ မြန်မာ ပြည် တခုလုံး ပြောင်းလဲဖို့ အားလုံးက နိုင်ရာက နေ ကူ ရွေကြရမှာ ဖြစ်ပါတယ်။

Responsibilities of a Student

Image Posted on Updated on

ကျောင်းသားတယောက်ရဲ ့ တာ၀န်က ဘာတွေလဲ..

၀ါသနာမပါဘူး။ ကျောင်းက သင်ထောက်ကူ မပြည့်စုံဘူး..ဆရာတွေက လက်တွေ့ နဲ့ ဆက်စပ်မသင် ပေးလို့ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်တွေဖြစ်ပြီလား..

အဆင်မပြေတာတွေကြားထဲမှာ အပြောင်းအလဲ တခု ဖြစ်လာဖို့က အစိုးရနဲ့ ကျောင်းအုပ်.. ဆရာ ဆရာမ တွေမှာပဲ တာ၀န်ရှိတာလား..

မှားယွင်းခဲ့တဲ့ စနစ်တခုကို အပြစ်တင် ပြောဆိုနေကြမဲ့အစား ဘာတွေဆက်လုပ်ကြမလဲ…

မိဘတွေ.. စီးပွားရေး လုပ်ငန်းရှင်တွေက ဘယ်အပိုင်းက ၀ိုင်း၀န်း ကူညီနိုင်ကြမလဲ..

ကျောင်းသူ ကျောင်းသားတွေက ရော ဘာတွေကူညီနိုင်မလဲ ဆိုတာတွေကို မြင်းခြံ ဘားကမ့် မှာ တင်ပြ ဆွေးနွေးရင်း အဖြေရှာသွားမှာ ဖြစ်ပါတယ်..

seminar_barcamp_short

ဝါသနာနဲ့​ရွေးချယ်ခွင့်

Posted on Updated on

ဝါသနာ တကယ်ပါရဲ့လား..

ကျမဆီကို ဆယ်တန်း အောင် ကလေးတွေ ၊ တက်ကသိုလ် ကျောင်းသားလေးတွေ ၊ တချို့ အ လုပ်ခွင်က အထူးသဖြင့် ကျမမွေးရပ်မြေ၊ ကျမကြီးပြင်းခဲ့ရာ နယ်က ကလေး တွေ ကျမကို လာတွေ့တဲ့ အခါ သူတို့ တက်ရမဲ့ သို့ တက်နေတဲ့ ကျောင်းနဲ့ သူတို့ရဲ့ဝါသနာမကိုက်ဘူးလို့ ရင်ဖွင့် ငြီးငြူတတ် ကြပါတယ်။
သမီး/သားက ဘာ ဝါသနာပါလဲ မေးတော့လဲ သေချာ သိတဲ့ ကလေး ဖြေနိုင်တဲ့ ကလေး နဲပါတယ်။ တချို့ကျတော့လဲ အ ဖြေရှိပေမဲ့ အဲ့ဒီ အ ဖြေက ရင်ထဲကဆိုတာထက် ခေတ်စားနေတာ ကို သံယောင်လိုက် ဖြေကြတယ်။ ထပ်မေးလိုက်တဲ့အခါ ဝေဝါးသွားပြန်ရော။
တချို့ကျတော့ မိဘက ဆရာဝန် ဖြစ်စေချင်ခဲ့တယ်.. ကိုယ်တိုင်လဲ ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆေးလိုင်း မမှီတော့ မတတ်ရတာကိုပဲ နောင်တရရင်း လက်ရှိ တက်ကသိုလ် ကျောင်းသူ ကျောင်းသား ဘဝကို မ ပျော်မွေ့နိုင်ကြပါဘူး။

အဲဒီကလေးလေးတွေနဲ့ကြုံတိုင်း ကျမရဲ့ ဘဝကို ဝေမျဖြစ်ပါတယ်။ကျမက စာ သင်ကြား ပေးရခြင်း ဝေမျပေးရခြင်းကို တကယ် ဝါသနာပါပါတယ်။ ဒါကို ကျမရဲ့ seminar တက်ဖူးသူတိုင်း သိကြမှာပါ။၃နာရီလောက်ကို ကျောင်းသား စိတ်ဝင်စားမှုရ နိုင်ဖို့ မထိုင်တမ်း သင်ပေးနိုင်ပါတယ်။ ဘယ်လောက် ပင်ပန်း နေပါစေ ဝေမျနေရရင် ပျော်ပြီးပင်ပန်းတာ ပျောက်သွားတတ် ပါတယ်။
သို့သော် ၁၆ နှစ် အရွယ်တုန်းက အဲဒါကို ကျမ မသိခဲ့ပါဘူး။ ကိုယ်ဝါသနာ ဘာပါလဲဆိုတာလဲ မတွေးခဲ့ဖူးပါဘူး။ ကျမ ဆရာ ဖြစ်သင်တန်း ကို တတ်ဖို့ တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဆယ်တန်း အမှတ်အရ.. ဆေးကျောင်းမီတော့ ဆေးကျောင်းနဲ့ အင်ယာ ဘာရွေးမလဲသာ တွေးခဲံ့တာပါ။ အင်ယာကိုလဲ ဝါသနာ ဆိုတာထက် မိဘကို ငွေရေးကြေးရေး ငဲ့ညာလိုစိတ်နဲ့ ရွေးခဲ့တာပါ။

ကျမရဲ့ ဆောင်ပုဒ်က ရောက်တဲ့နေရာမှာ အကောင်းဆုံးကြိုးစား ရမယ်။ဘာကိုပဲ လုပ်လုပ် ကိုယ့်ရဲ့ အစွမ်းအစ အားလုံးကုန်တဲ့အထိကြိုးစားရမယ်ဆိုတာပါပဲ။ ဆုံးဖြတ်ချက်အတိုင်း လဲ ဘာကိုပဲ လုပ်လုပ် ငါမ ကြိုးစားခဲ့ ရခြင်းဆိုတဲ့ နောင်တ မရဖို့ ဥာဏ်၊ဝီရိယ အကုန်သုံးတယ်။ကြိုးစားတဲ့ အတိုင်းလဲ လုပ်တယ်။ ပျော် အောင်နေတယ်။ နောင်တ မရမိအောင်နေတယ်။ အတိတ်ကို ပြန်တွေး ပြီး ငါ ဝါသနာ မပါဘူးဆိုတာနဲ့ တွေးပြီး စိတ်ညစ်မနေပါဘူး။ အဲ့ အတွက် ရလဒ်က အခု အချိန်မှာ အင်ယာ ကောင်းတဦး ဖြစ်လာပါတယ်။ ဝါသနာ အရ Management, leadership ကိုလဲ ဦးဆောင်နိုင်သူ ဖြစ်လာတယ်။ စာ သင်ကြား ခြင်း ဆိုတာကို ပျော်မွေ့ရင်း ငွေလဲ ရှာ နိုင်လာပါတယ်။

အဲ့မို့ ကိုယ့်ဝါသနာကို သေချာ မသိသေးတဲ့ ကလေးတွေကို မှာချင်တာ က ကိုယ်ရောက်တဲ့ နေရာမှာ အစွမ်းကုန် ကြိုးစားကြည့်ပါ။ ဟို ဟာ ဝါသနာ ပါနိုးနိုး ဒီဝါသနာ ပါနိုးနိုးနဲ့ ဘဝရဲ့ အချိန် တွေကို မ ဖြုန်းပါနဲ့။ တနေ့မှာ ကိုယ် ဘယ်နေရာမှာ ပိုထူးချွန်သလဲဆိုတာ အလိုလို သိလာပါလိမ့်မယ်။

ဒီဆောင်းပါးက လမ်းပျောက်နေ . တတ်ရတဲ့ ကျောင်း. လုပ်ရတဲ့ အလုပ်ကို ငြီး ငွေ့နေတဲ့ ကလေးတွေ အတွက်ပဲ ရည်ရွယ်ပါတယ်။ ဝါသနာ ကိုလဲ သေချာ သိတဲ့ကလေးတွေကတော့ ဝါသနာအတိုင်း ရှေ့ဆက်လမ်း လျောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။